Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရန်ကုန် ဆန္ဒထုတ်ဖော်ပွဲ မျှော်လင့်ထားတာထက် ပိုအောင်မြင်”

$
0
0


အမျိုးစောင့်ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ 25.10.2014 ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
မွန်းလွဲ 1:00 စတင်ချီတက်ချိန်မှာ သံဃာ ငါးထောင်ခန့်၊ သီလရှင်ဆရာလေး နှစ်ထောင်ခန့်၊ အမျိုးသား/သမီး တစ်သောင်းကျော်ခန့်ရှိခဲ့ပြီး ဦးဝိစာရအဝိုင်းအရောက်မှာ အင်အားတွေ တိုးပွားလာခဲ့လို့ လူဦးရေး ငါးသောင်းခန့်၊ သံဃာအပါးနှစ်သောင်းခန့်၊ သီလရှင်ဆရာလေး ငါးထောင်ခန့်ထိ ဖြစ်လာခဲ့တာပါ။
ကြေးသွန်းဘုရားသို့ ညနေ 3:00 မှာ ပြန်ရောက်ပြီး ဟောပြောမှုအစီစဉ်ကို နှစ်နာရီကြာ ကျင်းပခဲ့ရာ မြနန်း ဆရာတော်၊ မကွေးဆရာတော်၊ TV4 ဆရာတော်၊ ဆရာမောင်သွေးချွန်၊ ဓမ္မစက္ကဦးမောင်မောင်၊ ရှေ့နေကြီး ဦးအေးပိုင်၊ ဆရာဦးအောင်မြိုင်နှင့် ဆရာမကြီး ဒေါ်ပေါရွှေတို့ ဟောပြောခဲ့ကြောင်း သိရပါတယ်။ အမျိုးစောင့် ဥပဒေနှင့် ပတ်သက်သော ကြေညာချက်(၅)ရပ်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရပါသည်။
ရန်ကုန်တိုင်း မြို့နယ်အားလုံးမှ မဘသ အဖွဲ့ဝင်များ၊ အမျိုးစောင့်ဥပဒေ ထောက်ခံလိုလားသူများ၊ အမျိုး ဘာသာ သာသနာအရေး အလေးထားသူများ ပါဝင်အားပေးခဲ့ကြတာဖြစ်ပြီး ရန်ကုန်နှင့်နီးသော ဧရာဝတီတိုင်း မြို့နယ်များကလည်း လာရောက်အားပေးကြောင်း သိရပါတယ်။
မနက်ဖြန် 26.10.2014 မှာဆိုရင်လည်း အင်းစိန်ရွာမစာသင်တိုက်(ဗဟိုမဘသ)မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ချိုးဖောက်ခံရသူ မြန်မာအမျိုးသမီးများနှင့် ပြည်တွင်းပြည်ပ မီဒီယာများတွေ့ဆုံပေးပွဲကျင်းပမှာ ဖြစ်ပြီး အမျိုးစောင့်ဥပဒေအရေးတကြီး လိုအပ်ကြောင်း သက်သေအဖြစ် ပြယုဂ်ထုတ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
30.10.2014 ရက်နေ့မှာ ကျင်းပမည့် အထက်မြန်မာပြည်မန္တလေးရဲ့ ကမ်ပိန်းလေးကိုလည်း စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်။ ဘဝင်မညှိုးအောင် အသွင်တစ်မျိုးနှင့် ချီတက်ကြမှာဖြစ်ပါတယ်။
“အမျိုးစောင့်ဥပဒေ အောင်ရမည်(အောင်ရမည်)”


Viewing all articles
Browse latest Browse all 2129

Trending Articles