“လူကိုယူပါ ဘုရားကို ချမ်းသာပေးပါ”
1.9.2013 ရက်နေ့က ဖေ့ဘုတ်စ်မှာ တင်ခဲ့တဲ့ ပို့စ်တ်လေးထဲက မိန်းကလေး လှဧကရီထံ ဖုန်းဆက်မေး ထားတဲ့ အင်တာဗျူးလေးပါ။
နာမည်နှင့်လိုက်အောင် လှပြီးကျက်သရေရှိတဲ့ ခေတ်ပညာတတ် ဘွဲ့ရမိန်းကလေးတစ်ဦးပါ။
မူဆလင်အောင်ကျော်ထွန်း(ခ)ဗစ်တာနှင့် သူငယ်ချင်းဘဝမှသည် ချစ်သူကြင်သူ အကြင်လင်မယား အဆင့်သို့ ရောက်ရှိကာ နှစ်ဖက်မိဘများထံမနေဘဲ လွတ်လွတ်လပ်လပ် ကိုးကွယ်ချင်ကြသောကြောင့် အိမ်ငှားပြီး နေလာခဲ့ကြတာပါ။
ညားပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ဗစ်တာက ကတိချိုးဖောက်ကာ လှဧကရီလေးကို ဘာသာကူးပြောင်း ခိုင်းပါတော့တယ်။ ပထမတော့လေပြေပေါ့။ နောက်တော့ လေပွေဖြစ်ကာ လေမုန်တိုင်းအဆင့်သို့ ရောက်လာခဲ့ တဲ့အခါ လင်မယားကွာရှင်းခဲ့ရပါတော့တယ်။
3.7.2013 မှာ လက်ထပ်ပြီး 15.8.2013 မှာ ကွာရှင်းခဲ့တာပါ။ တစ်လကျော်ကျော်လေးပဲ ပေါင်းလိုက်ရတယ် လှဧကရီလေးက ကုလားအကြောင်း နောကြေသွားပါတော့တယ်။
ကုလားက လောဘကြီးသွားလို့ပါ။ တကယ်လို့များ ကလေးရမှပြောင်းခိုင်းရင် ကောင်မလေး ဘယ်လိုလုပ် တောင့်ခံနိုင်ပါတော့မလဲ? အဲဒီအတွက် ကျေးဇူးပဲ ဗစ်တာရေ။
ဒီနေ့(26.10.2014 ရက်နေ့)ပွဲမှာ လှဧကရီလေးကို ပွဲထုတ်ချင်ပေမယ့် သူကလေးရဲ့ အနာဂတ်ကို ငဲ့ညှာပြီး သူကလေးရဲ့ ရင်ဖွင့်သံကိုပဲ မျှဝေလိုက်ရတာပါ။ အသံဖိုင်လ်နှင့်အတူ အသံဖိုင်လ်မှတစ်ဆင့် ပြန်လည်ကူးယူ ထားတဲ့ ရင်ဖွင့်စာသားလေးတွေကို ခံစားကြည့်ကြပါဦးနော်။
ဝီရသူ(မစိုးရိမ်)
23.10.2014 PM 11:27
မေး= ဟဲလို ကလေးမလေးလာခင်ဗျ? ဦးပဉ္စင်း။ ဦးပဉ္စင်းဗျ။
ဖြေ= အော် တင်ပါးဘုရား။ တပည့်တော်သိပါတယ်ဘုရား။
မေး= ကလေးမလေး ကုလားနာမည်က ဘယ်လိုခေါ်လဲ?
ဖြေ=ကုလားနာမည်က သူ့သူငယ်ချင်းတစ်ယောက် တခါခေါ်တာ ကြားဖူးတာကတော့ ဗစ်ဒါလို့ခေါ် တယ်၊ သူ့ကိုကုလားနာမည်လို ခေါ်လေ့ခေါ်ထ မရှိဘူး။ ဗမာနာမည်ပဲ ခေါ်ကြတယ်။ အဲဒါ သူ့သူငယ်ချင်းတွေ နိုင်ငံခြားကပြန်လာတော့ လာပြီး ကိုယ့်ကို လာမေးတော့ ကိုယ်တောင်မှ မသိဘူးပေါ့နော်။ ဗမာနာမည် မပြောဘဲ ကုလားနာမည်ပြောတော့ ဘယ်သူ့ကိုပြောတာလဲလို့ မေးတော့ သူ့ကိုခေါ်တာမှန်း သိလိုက်ရတာ။
မေး= ကလေးမလေးတို့နေတဲ့ လိပ်စာကရော၊ နေရပ် လိပ်စာဆိုတာ အိမ်ငှားနေတဲ့ လိပ်စာကိုပြောတာ။
ဖြေ= တိုက် ၆၊ အခန်း၎၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက် သန်လျှင်မြို့နယ်။
မေး= ကလေးမလေးတို့ လက်ထပ်တာက၊ ဒါမှမဟုတ် ဘယ်နေ့က မင်္ဂလာဆောင်တာလဲ?
ဖြေ= စပြီးယူတာက 3.7.2013 အဲဒီအိမ်မှာ ငှားရမ်းနေထိုင်တာက 6.7.2014 မှာ စပြီး ငှားရမ်းနေထိုင်တာ။
မေး= အော်……ကလေးမလေးတို့ (၃)၇က်ပဲ ကြာတာပေါ့။ (၃)ရက်နေ့ကလက်ထပ်တယ် (၆)ရက်မှာ ငှားရမ်းနေထိုင်တယ်ဆိုတော့။
ဖြေ= တပည့်တော်တို့က ဘယ်လိုပြောမလဲ မန္တလေးမှာ ခိုးပြေးတဲ့သဘောပေါ့နော်။ ၆ ရက်နေ့ ပြန်ရောက်လာပြီးတော့မှ အိမ်ချက်ချင်း ငှားလိုက်တဲ့သဘောပေါ့။
မေး= ကလေးမလေးကို အစ္စလာမ်ဘာသာသို့ ဘယ်လိုကူးပြောင်းခိုင်းတာလဲ?
ဖြေ= ဘယ်လိုလဲဆိုတော့ မနက်က ဦးပဉ္စင်းတို့ကို ပြောပြတဲ့အတိုင်းပေါ့။ လူကြီးတွေရှေ့မှာ သူ့ဘာသာ သူ့ကိုးကွယ်၊ ကိုယ့်ဘာသာ ကိုယ်ကိုးကွယ်လို့ ကတိပြုပြီးတော့မှ၊ ကိုယ့်အိမ်နဲ့ကိုယ် နှစ်ယောက်ထဲ နေတဲ့အခါကျမှ သူ့ဘာသာထဲဝင်ဖို့ အကြိမ်ကြိမ် အခါခါ ပြောလာတဲ့အခါကျမှ ကိုယ်က မဝင်နိုင်ကြောင်းပြော တော့ အဲ့ကစပြီး ပြဿနာတက်တော့တာပဲ။
မေး= ကလေးမလေးတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီးတော့ ဘာသာမပြောင်းနိုင်တဲ့ ကိစ္စနဲ့ ဖြစ်သွားတာလား?။
ဖြေ= တင်ပါးဘုရား။
မေး= ကလေးမလေးရဲ့ ဆန္ဒက သူ့အပေါ်မှာ ဘယ်လိုလဲ?
ဖြေ= ဘယ်လိုလဲဆိုတော့ တပည့်တော်ဆန္ဒက ဥပဒေအတိုင်း သွားချင်တယ် တရားဥပဒေဆိုတာ ကလဲ အရှင်ဘုရားတို့သိတဲ့အတိုင်း ငွေများတရားနိုင်ဆိုတဲ့အခါကျတော့ ကိုယ်က ကြားသိတာက သူတို့က ရှေ့ (၇)အိမ်၊ နောက်(၇)အိမ် ဆွမ်းကျွေးတွေ ဘာတွေလုပ်တဲ့အခါကျတော့ ဘယ်လိုပြောမလဲ ကာမဣနြေ္ဒလိမ် လည်မှု မရောက်တော့ဘူး။ ဒီအတွက်ကြောင့်မို့ သဘောတူ လူသိရှင်ကြား ဖြစ်သွားတဲ့သဘောပေါ့။ ဘာသာရေး ငြိစွန်းတာမှန်တယ်၊ ဒါပေမဲ့ ဒီဟာသည် ခြိမ်းခြောက်မှုနဲ့ပဲ ပုဒ်မတပ်လို့ရမယ်။ တပည့်တော်တို့ကြား နေရတာက သူတို့ဘက်က ငွေတွေ ဘာတွေ လိုက်ထားတဲ့သဘောရှိတာပေါ့နော်၊ ငွေနဲ့ ဖိနေတာလဲ တပည့်တော်တို့က သိနေတယ်၊ သူတို့က ငွေတက်နိုင်တာပေါ့။ သူအကိုက အစိုးရဝန်ကြီးဌာနကဆိုတော့ အစိုးရ ပိုက်ဆံက သူတို့ပိုက်ဆံဖြစ်နေတယ်လေ၊ ငွေရတော့ ငွေနဲ့လိုက်ဖိနေတာပေါ့။
ဒီလိုပြဿနာတွေ ဖြစ်လာတယ်ဆိုတာကလဲ သူတို့ အကိုတွေရဲ့ ပယောဂကြောင့်ပဲ၊ သူ့အကိုတွေက ငွေတက်နိုင်လို့ ငွေနဲ့ဖိတယ် သူ့ညီကို ဒါလုပ် ဒါလုပ်ခိုင်းတယ်၊ သူတို့ ဆန္ဒကို မလိုက်နိုင်တဲ့ အခါကျတော့ အဲဒီလို ပြဿနာတွေတက်သွားတာ၊ ဘာသာတစ်ခုအတွက်ကြောင့်နဲ့တော့ လူတစ်ယောက်ရဲ့ ဘဝကို မလုပ်သင့်ဘူး။
မေး= ကလေးမလေး စိတ်ချမ်းသာအောင်နေပါ။ မနက်က ယူလာတဲ့ စာအုပ်တွေကို ဖတ်ပါ ဦးဇင်းတို့ အကောင်းဆုံး အစွန်းကုန် ကြိုးစားနေမယ်။
ဖြေ= တင်ပါးဘုရား။ တပည့်တော် မနက်က ဦးပဉ္စင်းတို့ အားပေးစကားကြားရတော့ အရမ်းလဲ အားရှိသွားတယ်ဘုရား။
မေး= ကလေးမလေး ဘာသာထဲမဝင်လို့ နှိပ်စက်တာက ဘယ်လိုလဲ? ရိုက်ကော ရိုက်သေးလား?
ဖြေ= ရိုက်တယ်၊ ရိုက်တဲ့အခါကျတော့ အိမ်တောင် မပြန်ရဲဘူး။ ရိုက်ထားတဲ့ ဒဏ်ရာတွေကို အကိုတွေ၊ မောင်တွေ မြင်သွားရင် ချတာတွေ ဘာတွေ ဖြစ်မှာဆိုးလို့။
မေး= ရိုက်ရခြင်းရဲ့အကြောင်းတရားက အဲဒီ ဘာသာထဲ မဝင်လို့ ရိုက်တာလား?
ဖြေ= ပထမတော့ အနုနည်းနဲ့ ပြောတယ်၊ မရတော့ အကြမ်းဖက်နည်းသုံးတယ်၊ မရတော့ ဓားကြိမ်း ကြိမ်းတဲ့အထိ ဖြစ်သွားတာပေါ့။ တဆင့်ပြီးတဆင့် နောက်ဆုံး ကိုယ့်အသက်အန္တရာယ် ရန်ရှာလာတော့မယ် ဆိုတော့ ကိုယ်လဲကြောက်တယ်လေ ကြောက်တော့ အဲဒီလက်မှတ်အတင်းအကြပ်ထိုးခိုင်းတော့ လုပ်ပေးလိုက် ရတာပေါ့။
မေး= အဓိကကတော့ ဘာသာရေးကြောင့်ပဲလား?
ဖြေ= အဲဒါကြောင့်ပဲ။ ကျန်တာ ဘာမှမပါဘူး။ သူ့နောက်က ပြောဆိုနေတာက သူ့အဖေနဲ့ သူ့အကိုပဲ၊ သူတို့က အစ္စလာမ်လူမျိုးတွေဆိုတော့ သူ့ညီက တပည့်တော်ကိုယူတော့ သူတို့ရဲ့ အသိုင်းအဝိုင်းထဲမှာ သူ့ညီက မျက်နှာမဖော်ရဲ ဖြစ်နေတာကို သူတို့က အဲဒီလို ပြန်လုပ်ပေးချင်တဲ့ သဘောပါ့။ တပည့်တော်ကို သူတို့ ဘာသာထဲ ဝင်စေခြင်းဖြင့် သူတို့ညီရဲ့ သိက္ခာကို အဖက်ပြန်ဆယ်ချင်တဲ့ သဘောပေါ့။ သူတို့ဘာသာမှာက ဗမာမကို ယူလိုက်ရင် သူတို့က သိက္ခာကျတယ်လေ။ တပည့်တော်က သူတို့ဘာသာထဲ ဝင်လိုက်တဲ့ အခါကျမှ လက်မထောင်နိုင်တယ် ပြောတယ်။ တပည့်တော်က လုံးဝ မဝင်နိုင်ဘူးလေ အဲဒီတော့ ပြဿနာက စတော့တာ ပဲ။
မေး= စကားလုံးတော့ ဘယ်လိုစကားလုံးမျိုးတွေ ပြောလဲ? ကြမ်းကြမ်းတမ်းတမ်းပြောလား?
ဖြေ= အတင်းအကျက် ကွာရှင်းခိုင်းတယ်လေ။ ဓားကြိမ်းကျိန်းပြီး မျက်နှာကို ဓားနဲ့ မွှန်းမယ်လို့ ဘာတွေ ညာတွေ ပြောတော့ ကိုယ်က ကြောက်တယ်လေ ကိုယ့်ရဲ့ သဘောဆန္ဒမပါဘဲ ကွားရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရတဲ့ သဘောပေါ့။
မေး= အဲ့တော့ ကွာရှင်းတဲ့နေရာမှာ ကလေးမလေးက သံယောဇဉ်ရှိလို့လား? ဒါမှမဟုတ် လက်ထပ်ပြီး တစ်လကျော်လေးကြာပြီးနောက် ပြန်ကွာရှင်းလို့ ရှိရင် ဂုဏ်သိက္ခာကျမှဆိုးလို့လား?
ဖြေ= တပည့်တော်တို့က အရှက်နဲ့ လူလုပ်နေရတယ်ဆိုတော့ ပတ်ဝန်းကျင်မှာ ဒီလူကို ယူလို့ ဒီလို ကဲ့ရဲ့တဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မျိုးထပ်ဖြစ်တော့ အရမ်းကို သိက္ခာကျတယ်ဘုရား၊ ပြီးတော့ ကိုယ့်အသက် အန္တရာယ်ရန်ရှာမှာဆိုးလို့ လက်မှတ်ထိုးပေးလိုက်ရတယ်၊ ပြီးတော့ ဘယ်လိုပြောမလဲ အဓိကကတော့ ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာကျသွားတာ တခုပဲ။ သူတို့နဲ့ ခွဲခွါလိုက်ရလို့ ဝမ်းနည်းတာကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ကို သိလိုက်ရတဲ့အတွက် ဝမ်းနည်းစရာတော့ မရှိတော့ဘူး။ တခုဘဲ တပည့်တော် အရှက်သိက္ခာ အတိုင်းအတာတခုအထိ ထိပါးသွားတဲ့အတွက်ကြောင့် အဲဒါကိုပဲ တပည့်တော် ခံစားနေရတာ။ ကျန်တာကတော့ သူတို့နဲ့ ခွဲခွါလိုက်ရလို့ ခံစားနေရတာမျိုး မရှိပါဘူး။
မေး= ဦးပဉ္စင်းလဲ ဝမ်းသာပါတယ်။ အဲ့ဒီအသံကြားရတော့ ဂုဏ်လဲယူပါတယ်။
ဖြေ= တင်ပါးဘုရား။
မေး= ကလေးမလေး ဘာမှ အားငယ်စရာတော့ မလိုပါဘူး။
ဖြေ= တပည့်တော်က သူတို့ရဲ့ ဘာသာကို ဃဂနဏ မသိခဲ့တဲ့အတွက်ကြောင့် အဲဒီလို ဖြစ်သွားတာ။ နောက်ပိုင်းတော့ သူတို့ပါးစပ်က ဖွင့်ပြောလာတော့မှ ဒီဘာသာ ဒီလောက်ကြီးတောင် အစွန်းရောက်နေကြပါ လားဆိုတာ သိလိုက်ရတော့ သူတို့ဘာသာကို တပည့်တော် အရမ်းလဲကြောက်သွားတယ်ဘုရား။ သူတို့တာဝန်က ဘာသာခြားမိန်းမတစ်ယောက်ကို ယူတာနဲ့ သူတို့ဘာသာထဲ သွတ်သွင်းရမှာ ဆက်ပြီး ပေါင်းသင်းနေရင် တစ်နေ့မဟုတ်တစ်နေ့တော့ တပည့်တော် ဝင်ရတော့မှာလေ။ ကလေးတွေ ဘာတွေ ယူရင် ပိုဆိုးသွားပြီ၊ ဒီအတိုင်းဖြစ်သွားတာ ပိုကောင်းပါတယ်လေ။ အဆိုးထဲက အကောင်းတခု ထွက်လာတာပေါ့။ သူတို့ဘာသာကို လုံးဝ မနှစ်မျိုတာ နောက်ပိုင်းကျတော့ ပိုသိတော့ ပိုဆိုးတာပေါ့။ ဒါပေမဲ့ သူတို့ဘာသာကို ကိုယ်က ပုတ်ခတ်နေတာမျိုး တစ်ခုမှ မရှိပါဘူး။
ကိုယ့်ဘာသာကို ပုတ်ခတ်လာတော့ စိတ်ထဲမှာ မရိုးမရွဖြစ်ပြီး ခံရခတ်တယ်။ ဘုရားစဉ်ရှိလို့ ထမင်းမစားတာ၊ ရေမသောက်တာကတော့ တပည့်တော်စိတ်ထဲမှာ ခံရခတ်တယ်။ ငါ့ဘုရားခန်းကြီးက သူ့ကို ဘာလုပ်နေလို့လဲ၊ ငါတို့ဘုရားက သူ့ဟာသူနေတာ၊ သူတို့ဘုရားက သူ့ဟာသူနေတာ၊ သူ့ဟာသူ ဗလီသွားတာ ငါနဲ့ဘာမှမဆိုင်ဘူး၊ ဘုရားစဉ်ရှိလို့ ထမင်းမစားတဲ့ ရေမသောက်တဲ့သူတို့ အယူဝါဒကြီးကိုလဲ တပည့်တော် လုံးဝမသိဘူး။
မေး== ဦးဇင်းမသိတာရှိရင် လှမ်းမေးမယ်။
ဖြေ= တင်ပါး။ တပည့်တော် ကျေးဇူးတင်ပါတယ်။
မေး= ကလေးမလေး စိတ်ဓာတ်ပေါ်မှာ မူတည်နေတယ်။ ဦးပဉ္စင်းတို့လဲ ကြိုးစားနေမယ်။ စိတ်ချမ်းသာ အောင်နေပါ။ ဒါပါပဲ ကလေးမလေး။ ကျေးဇူးတင်ပါတယ်။
ဖြေ= တင်ပါးဘုရား။