Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အောင်ပန်းမြို့ ညတရားပွဲ”

$
0
0
15.10.2014 ညနေပိုင်းမှာ အေးသာယာမြို့သစ်မှ တောင်ကြီးမြို့သို့ ရောက်ရှိပါတယ်။
ကဗ္ဗောဇသာမဏေကျော် စာမေးပွဲ ပုစ္ဆာထုတ်ရန် ရောက်ရှိနေကြသော ဆရာသမားများ၊ သူငယ်ချင်းများကို သွားရောက်ဖူးမြော်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။
မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တန္ဒကာလင်္ကာရာဘိဝံသ၊ သိမ်တောင်ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ၊ မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ၊ ဘဒ္ဒန္တစေတိယာလင်္ကာရာဘိဝံသ၊ ဘဒ္ဒန္တပညာသိရီဘိဝံသတို့နှင့် အမျိုးဘာသာ သာသနာအရေး ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
အောင်ပန်းအပြန်မှာ မိုးဖွဲဖွဲလေးကျနေပါပြီ။ လမ်းခုလတ်မှာ ကြိုဆိုရေးအဖွဲ့တွေ ရောက်ရှိနေပါပြီ။ အေးသာယာ ဗုံးသတင်းက အဖြေမထွက်သေးပေမယ့် အောင်ပန်းသူတွေက စိုးရိမ်မှုကြီးနေကြပါတယ်။ ရှေ့နောက် ယာဉ်တန်းကြီးအပြင် စာရေးသူတို့ကားဘေးမှာ ဆိုင်ကယ်များဖြင့် ဝန်းရံပေးလာကြပါတယ်။
အောင်ပန်းရောက်တော့ အတော်မိုးချုပ်နေပါပြီ။ စိတ်ပူသူကပူ စိတ်ထူသူကထူနှင့် အတော်လေးကို မကျေမနပ် ဖြစ်နေကြတာပါ။ CCTV ကင်မရာအပြင် ရှာဖွေရေးကိရိယာတွေနှင့်ပါ ကျောင်းဝင်းအတွင်း စစ်ဆေးနေကြတာ တွေ့ရပါတယ်။
အေးသာယာသတင်းကြောင့် ပရိသတ်နည်းသွားတာမျိုးတော့ မရှိပါဘူး။ ဂယက်ရိုက်ခတ်မှုတော့ ရှိပါတယ်။ ကြောင့်ကြစိုက်ကာ အထူးဂရုစိုက်လာကြတာ တွေ့ရပါတယ်။ “ကြို့ပင်လည်းတုံး ဝံလည်းဆုံး” ဒိုင်စား တရားဟောကြားခဲ့ပါတယ်။













Viewing all articles
Browse latest Browse all 2129

Trending Articles