13.10.2014 ည 7:30 နာရီ၊ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာလူငယ်ပရဟိတအဖွဲ့က ကျင်းပသော ဓမ္မကျောင်းတော်ယဉ်ကျေးမှု ဆုနှင်းသဘင်အကြို တရားပွဲမှာ ဟောကြားသည်။
13 ရက်နေ့ ညနေ လေဆိပ်မှ သံလျင်မြို့ နတ်စင်တစ်ရာဆရာတော်ထံ သွားရောက် အနားယူကာ တရားပွဲ နီးမှ ကျောက်တန်းသို့ သွားရောက်ဟောကြားခဲ့ခြင်းဖြစ်သည်။
ယဉ်ကျေးမှုသင်တန်း ထွန်းကားရေးအတွက် ဆရာ/ဆရာမများအား ရည်ရွယ်ဟောကြားခဲ့ခြင်း ဖြစ်သည်။
“ချစ်စရာလေးတွေဖြစ်အောင်ကွယ်၊ မေတ္တာတေးတွေဆိုကြမယ်” သံပေါက်ကဗျာလေးများ ပို့ချ ဟောပြ ရှင်းလင်းခဲ့သည်။
“ချစ်စရာလေးတွေမို့ မေတ္တာတေးတွေ ဆိုကြစို့”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။