Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“တူမောရိုးရေ ရပ်တည်ချက် ခိုင်မြဲပါစေဗျာ”

$
0
0
(30.9.2014) ထုတ် Tomorrow ဂျာနယ်လ်ပါ ဆောင်းပါးလေးပါ။
စည်သူအောင်မြင့်ဆိုတဲ့ ခွေးရူးလေးက TM ကိုလည်း ကိုက်ပုံရပါတယ်။
ယဉ်ကျေးချိုသာတဲ့ ဦးမာဂျေနှင့် ရပ်တည်ချက်ခိုင်မြဲတဲ့ TM ကို ကျေးဇူးတင်မိနေတာပါ။ ဒီလို ဂျာနယ်လ်မျိုးက ရှားတယ်မဟုတ်လား?
နိုင်ငံရေးမီဒီယာတွေ ပစ်မှတ်ထားတဲ့ ခရိုနီတွေကိုကြည့်ရင် ဗမာ/ဗုဒ္ဓတွေချည်းဖြစ်နေကြတာပါ။ တရုတ်/ကုလား တွေကျ စရင်းတောင်မတို့ရဲကြပါဘူး။ TM ကတော့ ခရိုနီမှန်သမျှ မခွဲခြားတော့ ကုလားထစ်လေး စည်သူအောင်မြင့်က TM ကို ဝင်ကိုက်တော့တာပေါ့။
နောက်ပြီး ကုလားမုဒိမ်းတွေတင်လို့တဲ့။ ကုလားကို ကုလားလို့ မခေါ်ရင် ဘယ်လိုခေါ်ရမလဲ မေးလို့တဲ့ စည်သူအောင်မြင့် ဝင်ကိုက်လိုက်ပုံတွေ ပြောတာပါ။
ခွေးရူးက သူ့အဖေတွေကိုတော့ အတော်ချစ်သားပါလား?
TM ရေ…….
ရဲဘော်ဆက်လုပ်
မင်းနှင့်အတူ ငါရှိနေတယ်လို့ပဲ ပြောပါရစေဗျာ။
(30.9.2014) ရက်စွဲပါ ဆရာမာဂျေရဲ့ ဆောင်းပါးလေးကို ပူးတွဲဖော်ပြလိုက်ပါတယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“ညီလေးစည်သူအောင်မြင့်ဖတ်ဖို့ မေတ္တာစာ”
မာဂျေ
ညီလေးလို့ တစ်သက်လုံးခေါ်လာတဲ့အတွက်ရယ် သူများတွေလို စည်သူအောင်မြင့်လို့ မရေးတဲ့အတွက်ရယ် မင်းအနေနဲ့ အပြစ်မမြင်ဘူးဆိုတာ အစ်ကိုကြီးသိပြီးသားဖြစ်တယ်။ ညီလေးနဲ့အစ်ကိုကြီး ခေါ်ကြတာကလည်း ကိုယ်တို့ကြားမှာ အခုမှမဟုတ်ဘဲ စစ်တက္ကသိုလ်တက်ကတည်းက အပတ်စဉ် ရှေ့နောက်ဖြစ်နေလို့ အစဉ်အလာအရ ခေါ်တဲ့စကားပဲဖြစ်တယ်။ ပြီးတော့ ညဖက်မှာလည်း အတူတူသောက်ကြစားကြလုပ်နေသူ တွေဖြစ်လို့ ညီလေးနဲ့ကိုယ့်ကြားမှာ ခင်မင်ရင်းနှီးမှုက နှစ်၂၀ကျော်ခဲ့ပြီဖြစ်တယ်။ ဒါပေသိ ညီလေးက ပြီးခဲ့တဲ့အပတ်က ဖုန်းဆက်ပြီး အစ်ကိုကြီးဂျာနယ် နာမည်ကြီးအောင် ကျွန်တော်လုပ်ပေးထားတယ်ပြောတော့ တယ်ဟုတ်ပါလား၊ ညညအရက်တိုက်ရကျိုးနပ်ပါပေတယ်ဆိုပြီး ဘဝင်မြင့်သွားမိပေမယ့် ဂျာနယ်တစ်စောင်မှာ ညီလေးရေးတာ ဖတ်ရမှ “ကျောချမှ ဓားပြမှန်းသိ” ဆိုတဲ့စကားပုံကို အမှတ်ရမိတော့တယ်။
ညီလေးစွပ်စွဲထားတာတွေကို ပြန်ရှင်းရရင် အစ်ကိုတို့ဂျာနယ်က မတော်မတရား စီးပွားဖြစ်နေသူတွေကို အပတ်စဉ်ဖော်ထုတ်ရေးသားနေကြဖြစ်တယ်။ မြန်မာဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ကုလားဖြစ်စေ အာဏာရှိသူနဲ့ ပေါင်းပြီး မတရားနည်းနဲ့ စီးပွားရှာရင်တော့ ရေးမှာဖြစ်တယ်။ ဂျာနယ်အပတ်စဉ်အတော်များများမှာ မြန်မာခရိုနီ တွေကိုရေးတယ်။ ပြီးတော့ တရုတ်ခရိုနီတွေကိုရေးတယ်။ ကုလားခရိုနီရေးတဲ့အလှည့်ရောက်မှ အမုန်းစကား တွေပြောတယ်ဆိုပြီး အင်တာနက်ပေါ်ကရော၊ ညီလေးကပါရေးလာတော့ အစ်ကိုစိတ်မကောင်းပါဘူး၊ တစ်သက်လုံးခေါ်တဲ့သူခေါ်ပြီး လက်ခံသူကလည်း လက်ခံတဲ့ သူကလည်း ကျေကျေနပ်နပ် လက်ခံလာတဲ့ တစ်ဖက်ကမ်းက ကူးလာသူတွေကို ကူးလားလို့ခေါ်ရာက ကုလားလို့ ဘိုးဘေးဘီဘင် အစဉ်အဆက် ခေါ်တာတောင် အခုမခေါ်ရတော့သလို ဖြစ်နေတယ်။ ဒါဟာ ခွဲခြားနှိမ့်ချဆက်ဆံတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်တုန်းကလည်း နိုင်ငံအတွက်ပေးဆပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ကုလားတွေရှိခဲ့ပါတယ်။ အာဇာနည်တွေထဲမှာတောင် ဦးရာဇတ်လို ဂုဏ်သရေရှိတဲ့ ပညာတတ်တွေပါနေတာ သမိုင်းမှာ သက်သေပါပဲ။ ဒါဆိုရင် တရုတ်ကလည်း သူ့ကိုတရုတ်လို့ မခေါ်ရဘူးဆိုရင် ဘယ်လိုခေါ်ကြမလဲဆိုတာ ညီလေးတို့ ကြိုစဉ်းစား ထားစေချင်တယ်။
အစ်ကိုတို့ဂျာနယ်နဲ့ ပတ်သက်ပြီးပြောရရင် အမျိုးသမီးတွေအပေါ် အနိုင်ကျင့်စော်ကားရင် ဘယ်ဘာသာဝင်ကို မဆို ရေးမှာပဲဖြစ်တယ်။ “ဒကာမကိုစော်ကားပြီး တာဝန်မယူသော သာသနာ့အရေခြုံများသို့” သတင်းဆိုရင် မျက်နှာဖုံးမှာတောင် တင်ထားတာ ညီလေးမဖတ်မိဘူးထင်တယ်။ ဒီတော့ အစ်ကိုက ဘာစဉ်းစားမိသလဲဆိုရင် အမုန်းစကားတွေ ရေးနေပါတယ်လို့ တစ်ချိန်လုံး မျက်စိဒေါက်ထောက် အော်နေသူတွေကိုယ်တိုင်က အမုန်း တရားတွေ ဖြန့်ဖြူနေသလားလို့ တွေးမိတယ်။ ညီလေးက တစ်သက်လုံးနီးပါး စစ်တပ်ထဲဝင်လိုက်၊ တောခိုလိုက် လုပ်နေတော့ မဖတ်မိမှာစိုးလို့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်။
ရှေးတုန်းက ရသေ့နှစ်ပါးချောင်းတစ်ချောင်းဖြတ်ကူးဖို့လုပ်တော့ ရေစီးကကြမ်းနေတယ်။ ချောင်းကို ကူးဖို့လုပ်နေတဲ့ အမျိုးသမီးလေးတစ်ယောက်က ရသေ့တွေကို တပည့်တော်မ ဟိုဘက်ကမ်းကို မကူးရဲလို့ ကူညီပါပြောတယ်။ ရသေ့တစ်ပါးကတော့ အမျိုးသမီးငယ်ပြောတာကို အရေးမလုပ်ဘဲ သူ့ဟာသူချောင်းကို ကူးသွားတယ်။ နောက်ရသေ့တစ်ပါးကတော့ အမျိုးသမီးငယ်ကို ကောက်ချီပြီး ချောင်းတစ်ဖက်ကမ်းကို ကူးလိုက်တယ်။ ဟိုဘက်ရောက်တော့ ရသေ့တွေကလည်း ကိုယ့်လမ်းကိုယ်သွား၊ အမျိုးသမီးငယ်ကလည်း သူ့လမ်းသူသွားပေါ့။ ဒါပေသိ ခုနက တစ်ပါးတည်းချောင်းကိုကူးခဲ့တဲ့ရသေ့က အမျိုးသမီးငယ်ကို ကောက်ချီကူးခဲ့တဲ့ရသေ့ကို တစ်ချိန်လုံး ပြစ်တင်ပြောဆိုလာတယ်။ နောက်ဆုံး ပြစ်တင်ဝေဖန်တဲ့ ရသေ့လည်း မောသွားရော အမျိုးသမီးငယ်ကို ကောက်ချီကူးခဲ့တဲ့ ရသေ့ကို တ်စချိန်လုံး ပြစ်တင်ပြောဆိုလာသည်။ နောက်ဆုံးပြစ်တင်ဝေဖန်တဲ့ ရသေ့လည်း မောသွားရော အမျိုးသီးငယ်ကို ကောက်ချီပြီး ချောင်းကိုကူးလာတဲ့ ရသေ့က တစ်ခွန်းပဲပြန်ပြောလိုက်တယ်။ ချောင်းမကူးနိုင်တဲ့ အမျိုးသမီးကို ချောင်းတစ်ဖက်ကမ်းမှာ ချထားပြီးကတည်းက ငါ့စိတ်မှာ အဲဒီအမျိုးသမီးငယ် မရှိတော့ဘူး။ မင်းစိတ်ထဲမှာတော့ အခုအချိန်အထိ ဒီအမျိုးသမီးငယ်က ရှိနေသေးတုန်းပဲကိုတဲ့။ ငါ့ညီလည်း ချောင်းကို တစ်ပါးတည်းဖြတ်ကူးကတည်းက ရသေ့လိုများ ဖြစ်နေသလားလို့ပါ။
အဲဒီစကားလိုပဲ အစ်ကိုတို့က သတင်းကို သတင်းအနေနဲ့ရေးပြီးလို့ စိတ်ထဲမှာ ဘာမှမရှိတော့ပေမယ့် ညီလေးတို့ စိတ်ထဲမှာက တစ်ချိန်လုံး ရှိနေပါပေါ့လား။ အစ်ကိုတို့ကတော့ ဂျာနယ်တစ်စောင်ပြီးတာနဲ့ နောက်တစ်စောင်ထုတ်ဖို့ လုံးပန်းနေရလို့ မင်းလိုပေါက်ပေါက်ရှာရှာတောင် မစဉ်းစားမိပါဘူး။ ညီလေးသိအောင် ပြောပြရဦးမယ်။
အစ်ကို့ရုံးမှာ ဝန်ထမ်းခြောက်ဆယ်လောက်ရှိတယ်။ အဲဒီအထဲကမှ မန်နေဂျာအဆင့် အယ်ဒီတာအဆင့်ထဲမှာ ဗုဒ္ဓဘာသာလည်းရှိတယ်။ ခရစ်ယာန်လည်းရှိတယ်။ အစ္စလာမ်လည်းရှိတယ်။ ဘာသာမဲ့လည်းရှိတယ်။ ဒါဆိုရင် အစ်ကိုတို့ ဂျာနယ်ကတော့ ဘယ်ဘာသာကို အမုန်းပွားအောင်လုပ်နေတယ်ဆိုတဲ့ ညီလေးရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီထဲကမှ အစ်ကိုအားအကိုးရဆုံး မန်နေဂျာဟာ အစ္စလာမ်ဘာသာဝင်ဆိုပြီး တစ်ခါကရေးမိလို့ ၉၆၉ အဖွဲ့က ဖုန်းဆက်ဆဲတာလည်း ခံရဖူးပါတယ်။
ငါ့ညီကို အကြံပြုချင်တာက ဘယ်ဘာသာဝင်ထဲကဖြစ်စေ ၂၀၁၅ ရွေးကောက်ပွဲကာလ ရှုပ်ယှက်ခတ်နေချိန်မှာ ဘာသာတစ်ခုနဲ့တစ်ခုကြား ပြဿနာလုပ်မယ့်သူတွေကိုပဲ စောင့်ကြည့်ရေးသားဖို့ ပြောချင်တယ်။ အစ်ကိုကတော့ ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေနဲ့လည်း ခင်မင်လေတော့ မြန်မာနိုင်ငံမှာ သွေးချောင်းစီး လူသတ်ပွဲဖြစ်အောင် ကြံတဲ့သူတွေကြံနေကြတယ်ဆိုတာလောက်တော့ ညီလေးကို ပြောပြနိုင်တယ်။
အစ်ကိုတို့က တစ်ပတ်တစ်ပတ် သတင်းတွေရှာရ၊ ရေးရဆိုတော့ ညီလေးလို သူများတွေရေးတဲ့သတင်းကို ဖတ်ပြီးမှ ဝေဖန်တာမျိုးလုပ်ဖို့တော့ အချိန်မရှိပေဘူး။
ညီလေးအနေနဲ့ ပြဿနာတစ်ခုကို စာမျက်နှာပေါ်က ဝေဖန်နေမယ့်အစား ကိုယ်တိုင်ကိုယ်ကျ စုံစမ်းထောက်လှမ်း ရေးသားစေချင်တယ်။ Investigative Jounrnalism သင်တန်းလည်း အစ်ကိုတို့နဲ့ US Aid တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးအဖွဲ့ပေါင်းပြီး သင်တန်းတွေဖွင့်နေလေတော့ တက်ချင်သပဆိုရင်လည်း နောက်ဖွင့်မယ့်သင်တန်းအပတ်မှာ ထည့်ပေးပါ့မယ်။ ပြီးတော့ ညီလေးက ဝေဖန်ချင်စိတ် လောကြီးသွားတော့ တာယန်ရှိတဲ့ အယ်ဒီတာအဖွဲ့ကို တစ်ခွန်းမှမဟဘဲ အစ်ကိုကြီးနဲ့ ကိုဇော်သက်ထွေးတို့နှစ်ယောက်အပြင် ဘာမဆိုင် ညာမဆိုင် Contributor ဆိုတဲ့ ကိုဇာဂနာကိုပါ တွယ်ထည့်လိုက်သေးတယ်။
ဒီတော့ အစ်ကိုကြီးရေးတဲ့စာကို ပြန်ချုပ်ရရင် ဒီစာစောင်တွေ၊ ဒီစာစောင်တွေက အမုန်းပွားစေတဲ့စာတွေ ရေးနေပါတယ်လို့ တစာစာအော်နေသူတွေကိုယ်တိုင် အုမန်းတရားတွေ ပွားအောင်များ လုပ်နေမိကြသလား ဆိုတာလေး ပြန်စဉ်းစားပါဦး၊ အဲဒီလို တစာစာအော်နေသူတွေအကြောင်း စုံစမ်းထောက်လှမ်း ရေးသားပါဦးလို့ အကြံပေးလိုက်ရပါတယ်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...