Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပြည်သူ့အစေခံ အဖြေမှန်ရေး(၁၁)”

$
0
0
(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
မတော်တဆထိခိုက်မိရာမှ လူသေတဲ့အထိ ဖြစ်ပွားခဲ့ရတဲ့ လူသတ်မှုကြီးပါ။
ကာယကံရှင်များက ပွန်းရုံပဲရုံပဲဖြစ်ခဲ့တာပါ။ ဒါကို မကျေနပ်သူတွေက ဆိုင်ကယ်ချင်းတိုက်မိပြီး အမောဆို့လို့ နားနေသူ ဦးမြင့်စန်းဆီလာပြီး ဝိုင်းရိုက်ကြရာမှ လက်လွန်ခြေလွန်ဖြစ်သွားရတဲ့ ပြဿနာဖြစ်ပါတယ်။
လူသေပါမှ ဆိုင်ကယ်ချင်းတိုက်သရောင်လုပ်ကာ ဆိုင်ကယ်ကို ရွှေ့ပြီး အကွက်ဆင်ခဲ့ကြတာပါ။ သူတို့နယ်မြေဆိုတော့ သူတို့စိတ်တိုင်းကျပေါ့။ ဒါပေမဲ့ ဆေးစာက သက်သေပြနေပါတယ်။ ဦးမြင့်စန်းကလည်း မသေခင်မှာသွားခဲ့ပါတယ်။ ရွာသားထဲက သက်သေ ဦးဝင်းညွန့်ကလည်း အကြောက်တရားကြောင့် မထွက်ဆိုဘဲ နေခဲ့ရာမှ မတရားမှုကို မခံရပ်နိုင်လို့ သက်သေထွက်ဆိုလာပါပြီ။
ရဲတွေကတော့ ပြည်သူအပေါ် စေတနာအမွဲဆုံး ဝန်ထမ်းတွေပါ။ ပြည်သူတွေက အမှုသွားအမှုလာ မသိနားမလည်။ ရဲတွေက စေတနာမွဲ။ အကျိုးအကြောင်းလေးတောင် ရှင်းမပြ။ လမ်းကြောင်းလေးတောင် ခင်းမပြ။ ရဲတွေက ပြည်သူတွေို့ စေတနာထားပါမှ ပြည်သူက ရဲတွေကို မေတ္တာထားလာကြမှာပါ။

ရဲတွေ ဆက်ဆံရေးညံ့လို့၊ တာဝန်မကျေလို့၊ အသုံးမကျလို့ အပ်အရာ ပုဆိန်ဝင်ရတာတွေ များနေကြတာပါ။
ဦးမြင့်စန်း အရိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိလဲ CID လား၊ ရဲချုပ်လား၊ ပြည်ထည်ရေး ဦးကိုကိုလား၊ ထွေအုပ်တွေလား၊ ဝန်ကြီးချုပ်ကြီးလား။
ဝန်ကြီးချုပ် ဦးသာအေး ခင်ဗျာ အမှုမှန်ပေါ်ပေါက်ရေးအတွက် မပျက်မကွက် ဖော်ထုတ်ဆောင်ရွက် စေချင်ပါတယ်ခင်ဗျာ။
ဝီရသူ(မစိုးရိမ်)
12.10.2014
PM 3:55
(ဦးမြင့်စန်း၏သား စိုးမိုးအောင်၏ တိုင်ကြားစာကို ပူးတွဲတင်ပြလိုက်ပါတယ်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


သို့
ဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်။
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
အကြောင်းအရာ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်ကြားခြင်း
၁။ အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့အနောက် ဘက်၊ ကံထူးမလမ်းအထွက် မြို့ဝင်ဂိတ်အနောက်ဘက်၊ ကိုက်(၁၀၀)ခန့် အကွာအဝေးတွင်(၂၉.၇.၂၀၁၄)ရက် နေ့ ညနေ(၇)နာရီခန့်အချိန်တွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ သေဆုံးသူ အမျိုးသား၏ အမည်မှာ ဦးမြင့်စန်းဖြစ်ပါသည်။
၂။ ယင်းဖြစ်စဉ်တွင် လမ်းဆုံမြို့ဘက်ခြမ်း အရှေ့အရပ်မှ ဆိုင်ကယ်အမျိုးအစား(125)ကမ်ဘို စီးနင်းလာသော တန့်ဆည်မြို့နယ်၊ ဝါးရငယ်ရွာသူ မသွယ်ဦးနှင့် အမည်မသိ အမျိုးသမီးတို့နှင့်ကံထူးမဘက်ခြမ်း၊ အနောက်ဘက် အရပ်မှ ဆိုင်ကယ်အမျိုးအစား(ဂျာလင်း)ဆိုင်ကယ် စီးနင်းလာသော ဦးမြင့်စန်းတို့ ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ ပါသည်။
၃။ ထိုသို့ဖြစ်ပွားရာတွင် နှစ်ဦးနှစ်ဖက်၌ ကြီးမားသည့် ဒဏ်ရာများမရရှိခဲ့ပါ။ ပွန်းပဲ့ရုံသာဖြစ်ခဲ့ပြီး ဦးမြင့်စန်းမှာ ခြေထောက်ဒဏ်ရာ(မစိုးရိမ်ရ)လောက်သာဖြစ်ခဲ့ပြီး မသွယ်ဦးနှင့် အမျိုးသမီးကို တောင်းပန်၍ အခင်းဖြစ်ပွားရာ နေရာတွင်ထိုင်ပြီး အနားယူကျန်ခဲ့ပါသည်။ ပတ်ဝန်းကျင် မျက်မြင်သူများလည်း ရှိပါသည်။
၎။ အခင်းဖြစ်ပွားပြီး၍ မသွယ်ဦးနှင့်ပါလာသူ အမည်မသိ အမျိုးသမီးသည် အခင်းဖြစ် ဆိုင်ကယ်ကို ကောက်ထူပြီး ၄င်းတို့ ဝါးရငယ်ရွာသို့ ပြန်ပြီး ၄င်းတို့ရွာမှ သူမအမျိုးများနှင့် မသွယ်ဦးတို့၏ မောင်ဝမ်းကွဲ တော်စပ်သော ကိုချစ်ကို၊ ကိုမျိုး၊ ကိုသိန်းတန်တို့ပါဝင်သော သူငယ်ချင်းတစ်စု ယောက်ျား(၁၀)ဦးခန့်တို့နှင့် အမျိုးသမီး(၂)ဦးတို့သည် သစ်သားတုတ်များ၊ သံတုတ်များကိုင်ဆောင်၍ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး စုံစမ်းမေးမြန်းခြင်းမရှိဘဲ ဦးမြင့်စန်းအား ဝိုင်းဝန်းပြီး ရိုက်နှက်ခဲ့ကြပါသည်။ ထိုသို့ ရိုက်နှက်နေစဉ်တွင် ဦးမြင့်စန်းမှ “ငါ မြင့်စန်းပါ မလုပ်ကြပါနဲ့ တောင်းပန်ပါတယ်” ဆိုသော စကားသံများကိုလည်း အနီးဆုံးဖြစ်သော ပတ်ဝန်းကျင်မှ လူများသည်လည်း ကြားသိရပါသည်ဟု ထွက်ဆိုသံများကြားရပါသည်။ အနီးသို့ သွားရောက် မကြည့်ဘဲ အဝေးမှမြင်ရသူများလည်း ရှိပါသည်။ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်လျှင် သိနိုင်ပါသည်။ သေဆုံးသူဘက်မှ သွားရောက်စုံစမ်းရာတွင် ဝိုင်းဝန်းရိုက်နှက်သည့် လူမိုက်အဖွဲ့ကိုကြောက်တယ်၊ နောက်ကြောင်းမအေးမှာ စိုးရိမ်ရလို့ မထွက်ဆိုကြပါ။
၅။ မသွယ်ဦး၏ အမျိုးများသည် သေဆုံးသူ ဦးမြင့်စန်းအား ဝိုင်းဝန်းရိုက်နှက်ပြီး လက်လွန်သွားသောအခါ သူတို့ချင်းတိုင်ပင်၍ ဦးမြင့်စန်းအိမ်သို့ အကြောင်းကြား အဆက်အသွယ်မပြုလုပ်ဘဲ တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ည(၇)နာရီ(၄၅)မိနစ်အချိန်ခန့်၌ ပြင်းထန်သောဒဏ်ရာများဖြင့် အရေးပေါ်လူနာအဖြစ် တင်ပြစ်ခဲ့ပါသည်။ မြို့နယ်လက်ထောက်ဆရာဝန်ကြီး ဒေါက်တာလှမျိုးဝင်းမှ ဒဏ်ရာပြင်းထန်လွန်း၍ စိုးရိမ်ရသော အခြေအနေရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသစေခဲ့သဖြင့် (၃၀.၇.၂၀၁၄) ရက်နေ့ (၃း၃၀)အချိတွင် မန္တလေးပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန ကုတင်အမှတ်(၅)တွင် တင်ပို့ကုသခဲ့ရာ ရိုက်နှက်ခံရသည့်ဒဏ်ရာများ ပြင်းထန်သဖြင့် လူနာသည် သတိရတစ်ချက် မရတစ်ချက်ဖြင့် ဦးခေါင်းတွင် အတွင်းကြေကြေပြီး ဘုလုံး(၃)လုံးထွက်ကာ ဦးနှောက်သို့ သွေးရောက်ရှိပြီး (၆.၈.၂၀၁၄)ရက်နေ့ ည(၁၁း၀၀)နာရီတွင် သေဆုံးသွားခဲ့ပါသည်။
၆။ သေဆုံးခါနီးအချိန်တွင် သေဆုံးသူ ဦးမြင့်စန်းမှ ဝိုင်းရိုက်ခံရတာပါ အမှုမှန်ပေါ်အောင်တိုင်ကြားပါဟု သားတော်စပ်သူ ကျွန်တော်စိုးမိုးအောင်နှင့် မောင်ထွန်းစိုးလတ်တို့အား ပြောကြားသွားခဲ့ပါသည်။ မှုခင်းဆရာဝန် ကြီးမှလည်း အမှုလိုက်ရဲအား အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးသင့်တယ်ဟုလည်း ပြောကြားခဲ့ပါသည်။ ဆိုင်ကယ်တိုက်မှုဒဏ်ရာ မဟုတ်သည်မှာ သေချာနေတာဘဲလို့လည်း ပြောလွှတ်လိုက်ပါသည်။ ကျွန်တော်တို့မှာ ဆရာဝန်ဆေးမှတ်ချက်အကြောင်းလည်း နားမလည်ပါ။
၇။ (၂၉.၈.၂၀၁၄)ရက်နေ့ အခင်းဖြစ်ပြီးချိန်တွင် ဝိုင်းဝန်းရိုက်နှက်သည့် လူတစ်စုသည် ဦးမြင့်စန်းအိမ်သို့ ချက်ချင်းအကြောင်းကြားခြင်း၊ ဆက်သွယ်ခြင်းမပြုလုပ်ဘဲ မိမိတို့သဘောဖြင့် ဆေးရုံပို့ပြီး ဒဏ်ရာများအား ပတ်တီးဖြင့် အကာအကွယ်ပြုလုပ်ပြီးမှ အကြောင်းကြားခြင်း၊ ဒုစခန်းမှူး ရဲအုပ်ချစ်ကိုနှင့် အဖွဲ့ကို အကြောင်းကြားရာ ရဲအုပ်ချစ်ကိုနှင့် အဖွဲ့ရောက်ရှိလာပြီး ဆိုင်ကယ်နှစ်စီးကို ရဲစခန်းသို့ သိမ်းဆည်းသွားခဲ့ပါ သည်။ ထိုသို့ သိမ်းဆည်းသွားသော ဆိုင်ကယ်မှာ မသွယ်ဦးတို့ စီးနင်းမောင်းနှင်သည့် အခင်းဖြစ်လိုင်စင်မဲ့ ဆိုင်ကယ်(125)(Kanbo)အမျိုးအစားမဟုတ်ဘဲ (Dream) ဆိုင်ကယ်ဖြင့် လဲလှယ်၍ သိမ်းဆည်းစေပြီး အမှုပေါ့ ပါးအောင် ဉာဏ်ဆင်ပြီး ပြုလုပ်စေခဲ့ပါသည်။ ယင်းသို့ ပြုမူခြင်းကို ကြည့်ခြင်းအားဖြင့် ရဲအုပ်ချစ်ကိုနှင့် ဝိုင်းဝန်း ရိုက်နှက်သော လူတစ်စုမှာ တစ်နည်းနည်းဖြင့် ပတ်သက်မှုပြုလုပ်ထားသည်မှာ ထင်ရှားပါသည်။
၈။ ရိုက်နှက်ခံရသော သေဆုံးသူ ဦးမြင့်စန်းအား(၈.၈.၂၀၁၄) ရက်နေ့၊ ညနေ(၃း၀၀) နာရီ အချိန်တွင် သင်္ဂြိုလ်ဖြစ်ကြောင်း ရဲစခန်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လက်ကိုင်ဖြင့်းဖြင့်(၁)ကြိမ်၊ လူကိုယ်တိုင်(၂)ကြိမ် သွားရောက်ခေါ်ရာတွင်လည်း လာမည်ဟုပြော၍ သင်္ဂြိုလ်ရန်ထွက်ခါနီးအချိန်မှ ရောက်ရှိလာပြီး သေဆုံးသူ အလောင်းအား ဓာတ်ရုံရိုက် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပါသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ဘာတစ်ခုမှ ဆက်လက် ကူညီဆောင်ရွက်ပေးခြင်း အကြံဉာဏ်ပေးခြင်းများ မရရှိခဲ့ပါ။
၉။ သေဆုံးသူ၏ သားဖြစ်သူ ကျွန်တော်မောင်စိုးမိုးအောင်နှင့် မောင်ထွန်းစိုးလတ်တို့မှ ရဲစခန်းသို့ သွားရောက်၍ ဆိုင်ကယ်တိုက်မှုကြောင့်မဟုတ်ဘဲ ဝိုင်းဝန်းရိုက်နှက်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း ပြောကြား တိုင်တမ်းချက် ဖွင့်ခိုင်းသော်လည်း အမှုစစ်ရဲအုပ်မှ သက်သေရှိသလား၊ ဆေးစာပါရဲ့လား၊ သက်သေထွက်ဆိုချက်မရှိလျှင် အမှုဖွင့်လို့မရပါဟုသာ ပြောလွှတ်လိုက်ပါသည်။ ကျွန်တော်တို့မှာ သက်သေရရှိရန် အခင်းဖြစ်ရာ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံခဲ့သော်လည်း ဥပဒေကိုနားမလည်မှု၊ နောက်ကြောင်းရန်များကိုလည်း ကြောက်ရွံ့မှုများကြောင့် မျက်မြင်သက်သေများလည်း မလိုက်ရဲဖြစ်နေရပါသည်။ ကျွန်တော်တို့မှာ ဥပဒေစိုးမိုးမှု မရှိသော နယ်မြေဒေသတွင် နေထိုင်ရသလို ခံစားနေရပါသည်။ မင်းမဲ့စရိုက်ဆန်စွာဖြင့် ဥပဒေ အကာအကွယ်မဲ့ မြို့နယ်တစ်ခုအဖြစ် နာမည်ပျက်စရာလည်း ရောက်နေပါသည်။
၁၀။ မှုခင်းတစ်ခုဖြစ်ပွားလျှင် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့ အချိန်မီသွားရောက်ပြီး စစ်ဆေးခြင်းများ၊ ပတ်ဝန်းကျင်ပြည်သူလူထုများနှင့် ပူးပေါင်းပြီး မေးမြန်းစုံစမ်းခြင်းများ မပြုလုပ်ဘဲ ရှိနေသည့် အတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် များစွာနစ်နာ ကြန့်ကြာနေရပါသည်။
၁၁။ ယင်းအမှုနှင့်ပတ်သက်၍ ယနေ့အထိလည်း အမှုမှန် မပေါ်ပေါက်ဘဲဖြစ်နေပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားစေရေးအတွက်နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် လူကြီးမင်းကိုယ်တိုင် လိုအပ်သလို စိစစ်ဆောင်ရွက် ဖော်ထုတ်ပေးနိုင်ပါရန်နှင့် ညွှန်ကြားပေးနိုင်ပါရန် လေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။
စိုးမိုးအောင်
သေဆုံးသူ၏သား
၅/တဆန(နိုင်)၁၂၁၁၅၁
ဖုန်း-၀၉.၂၅၉၄၂၅၈၈၀
အမှတ်(၄၅၅)၊ မဟာမြိုင်ရပ်ကွက်
လမ်းဆုံမြို့၊ တန့်ဆည်မြို့နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး။
မိတ္တူကို
၁။ သူရဦးရွှေမန်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
နေပြည်တော်။
၂။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
ရုံးအမှတ်(၁၀)၊ နေပြည်တော်။
၃။ ရဲချုပ်ဇော်ဝင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်။
၎။ တိုင်းရဲတပ်ဖွဲ့မှူး
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
မုံရွာမြို့။ စစ်ကိုင်းတိုင်းဒေသကြီး။



Viewing all articles
Browse latest Browse all 2129

Trending Articles