ဒီမိုကရက်တစ်မြန်မာမှ ဥက္ကဋ္ဌကြီး ဦးသုဝေ NDF အမတ်ကြီး ဒေါ်ခင်ဝိုင်းကြည်တို့အဖွဲ့ စာရေးသူထံသို့ ရောက်လာကြပါသည်။
11.10.2014 ညနေပိုင်းမှာ ရောက်လာခြင်းဖြစ်ပြီး၊ မနက်ပိုင်းမှာ စာရေးသူ ဆရာကျော်ဝင်းနှင့်အတူ PR စနစ်ကိစ္စ ဟောပြောပွဲမှအပြန် ဝင်ခဲ့ကြခြင်းဖြစ်ပါသည်။
ဥက္ကဋ္ဌကြီး ဦးသုဝေက အသက် ၈၄ နှစ်ရှိပြီဖြစ်သော်လည်း မျက်စိကောင်း၊ နားကောင်း ကျန်းမာရေးကောင်းစွာ နိုင်ငံရေးအတွက် စိတ်ရောကိုယ်ပါ လုပ်နိုင်သေးသည်ကို တွေ့ရပါသည်။
မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲတွေ လုံးဝမထားကြဘဲ ပြည်သူ့မျက်နှာတစ်ခုတည်းကိုပဲ ကြည့်ကြဖို့ လိုပါသည်။
၂၀၁၅ ကား နီးလာပေပြီ။ နိုင်ငံရေးသမားများက အမျိုးသားရေးသမားများကို စိုးရိမ်ပူပန်နေကြသလို ဘာသာရေးသမားများကလည်း နိုင်ငံရေးသမားတွေ ဗိုလ်လုကြမှာ ခွက်စောင်းခုတ်ကြမှာကို တွေး၍ ရင်လေးနေကြပါသည်။
ပြည်သူ့အတွက်ဆို
မည်သည့်နေရာမှာမဆို နေနိုင်သူ။
မည်သည့်အလုပ်မဆို လုပ်နိုင်သူ။
မည်သူနှင့်မဆို တွဲနိုင်သူ။
နေရာမရွေး၊ အလုပ်အကိုင်မရွေး၊ ပုဂ္ဂိုလ်မရွေးဘဲ ပြည်သူ့အကျိုးတစ်ခုကိုပဲ ရှေးရှုလုပ်ကိုင်သူကို နိုင်ငံရေး သမားကောင်းတစ်ယောက်ဟု သတ်မှတ်ပါသည်။
ဝီရသူ(မစိုးရိမ်)
12.10.2014
PM 2:14