မန္တလေး၊ အောက်တိုဘာ ၁၀
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို (၁၀.၁၀.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၅း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးအသင်းတာဝန်ခံများတက်ရောက်ကြပြီး အရှင်နာဂိန္ဒနှင့် နဂါးနီစုဘူးအသင်း အတွင်းရေမှူး ဒေါ်ကြင်ကြင်မြိုင်တို့မှ စီးပွားရေး လူမှုရေးဆိုင်ရာ အသိပညာများကို မျှဝေဟောပြောခဲ့ကြပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များ (၆၅)ဦးရှိသည့်အနက် (၁၅)ဦးတို့အား တတိယအကြိမ် တစ်ဦးလျှင် (၅၀၀၀၀)ကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။