Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဆွေမျိုးဆိုတာ များလေကောင်းလေ စာအုပ်ထွက်တော့မည်”

$
0
0
အရှင်ဝီရသူ ဟောကြားသော ဆွေမျိုးဆိုတာ များလေကောင်းလေ တရားတော်ကို တပည့် အရှင်ဃောသိတ (ဘိုကလေး)က အမှာစာရေးသားကာ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။
မျိုးဆက်သစ် ဖြန့်ချိရေးမှ တစ်အုပ် ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပါတော့မယ်။
ရုက္ခဓမ္မ ဇာတ်တော် တရားဖြစ်ပြီး 16.1.2014 ရက်မှာ ဟောကြားခဲ့တဲ့ တရားတော်ကို စာအုပ်အဖြစ် ထုတ်ဝေ လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ထိုတရားကို မန္တလေး မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းမှာ ဟောကြားစဉ် လက်လုပ်ဗုံးနှင့် အပစ်ခံရတာမျိုး ကြုံခဲ့ရပါသေးတယ်။ 21.7.2014 နေ့မှာပါ။ ဒါကြောင့်မို့ ဒီတရားကို ဗုံးကွဲတရားလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
တရားတော် ဆိုလိုရင်းကတော့ ဆွေမျိုးနည်းရင် ရခိုင်တွေလို အကြမ်းဖက်ခံရမယ်။ မြန်မာပြည် အကြမ်းဖက် မခံရရေးအတွက် ဆွေမျိုးအင်အားများဖို့ လိုတယ်ဆိုတာပါပဲ။
မစိုးရိမ်ကျောင်းသားဟောင်း တပည့် အရှင်ဃောသိတရဲ့ အမှာစာကို စမြည်းအနေနှင့် ပူးတွဲဖော်ပြလိုက် ပါတယ်။
စုံစမ်းရန်
အရှင်ဃောသိတ(ဘိုကလေး) 09.420130329


“ဆွေးမျိုးဆိုတာ များလေကောင်းလေ”
အမှာစကား
၂၀၁၂ နေ့မှာ မိမိတို့ရဲ့ အနန္တဂိုဏ်းဝင် ကျေးဇူးတော်ရှင် သဒ္ဓမ္မဝတီ ဆရာတော်ဘုရားကြီးဟာ ဘဝနတ်နန်း စံမြန်းပြောင်းရွှေ့တော်မူခဲ့ပါတယ်။
ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားတဲ့ တစ်နှစ်တာကာလအတွင်းမှာ ဆရာတော်ကြီး၏ သာသနာ့ အမွေတော်ကို ဆက်ခံခွင့်ရတဲ့ မိမိတို့ ညီနောင်သုံးပါးဟာ စတိန်းလက်စတီးရွှေရောင်ဖြင့် တည်ထားသော ဆရာတော်၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အောက်မေ့သတိရ ကျေးဇူးဆပ်သောအားဖြင့် တည်ထားကိုးကွယ်သော ရွှေတိဂုံစေတီပုံတူ၊ ဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဖြစ်ချင်ခဲ့သော ပိဋကတ်သုံးပုံပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအစုံတို့ တစ်စုတစ်ဝေးတည်း ထားရှိနိုင်ဖို့ရာ ပိဋကတ်တိုက် အဆောက်အဦးနှင့် ဆရာတော်ဘုရား၏ ပုံတူ ပန်းချီ ပန်းပုများကို ပြုလုပ်ခဲ့ပြီး တစ်နှစ်ပြည့် မဟာထေရ်မြတ် ကျေးဇူးဆပ်မင်္ဂလာ အောက်မေ့ခြင်းပွဲတော်ကို ကျင်းပဖို့ စီမံခဲ့ကြပါတယ်။
တစ်နှစ်ပြည့်ပွဲမှာ သံဃာတော်(၈၃)ပါးကို ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ မဟာပဋ္ဌာန်းပွဲ ရွတ်ဖတ်ပူဇော်ခြင်း၊ မြို့လုံးကျွတ် သံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူခြင်း၊ ရွှေတိဂုံပုံတူစေတီတော်အား ထီးတော်တင်ခြင်းနှင့် ပိဋကတ်တိုက်ဖွင့်ပွဲကိုပါ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲတွေအပြင် ထူးထူးခြားခြား အမြတ်ဆုံးပူဇော်ခြင်းဖြစ်အောင် ဓမ္မပူဇာတရားပွဲကိုပါ စီစဉ်ဖြစ်ပါတယ်။
တရားပွဲ စီစဉ်တဲ့အခါ တခြားသော ဓမ္မကထိကများထက် မိမိတို့သုံးပါးရဲ့ မိခင်တိုက်ကြီးသဖွယ်ဖြစ်တဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်နွယ်ဖွား ဓမ္မကထိကများဖြင့်သာ စီစဉ်ဖြစ်ပါတယ်။
ဒီအစီအစဉ်ထဲမှာ မိမိရဲ့ ဆရာသမားလည်းဖြစ်၊ ဝံသာနုဓမ္မကထိကလည်းဖြစ်တဲ့ အမျိုးသားရေးဝါဒီ ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)ကို ပင့်ဖိတ်ဖြစ်ပါတယ်။
ဆရာအရှင်ကလည်း ဘိုကလေးကို မရောက်ဖူးတာနဲ့ တရားပွဲကို ခွင့်ပြုပေးလိုက်ပါတယ်။
ဒါက……
ဒီစာအုပ်ဖြစ်ပေါ်ဖို့ အခြေခံအကြောင်းရင်းပါ။
ဆရာတော်ဟာ အမျိုးသားရေးနှင့် ပတ်သက်လာရင် အမြဲတမ်း အဆင်သင့်ဖြစ်နေသူတစ်ပါးပါ။
ဒီအတွက် ဆရာတော်ဟာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ဘယ်တော့မှ ဂရုစိုက်သူတစ်ဦးမဟုတ်ပါဘူး။ မိမိဆွေမျိုးတွေကို အမျိုးသားရေး အသိအမြင်သာ ဖွင့်ပေးရမယ်ဆိုပါက အန္တရာယ်လည်းမကြောက်သလို လာဘ်လာဘကိုလည်း မငဲ့ပါဘူး။
ရှင်းပြပါရစေ……။
မိမိထံမှာ တရားပွဲပေးထားတဲ့ရက် မတိုင်ခင်တစ်နေ့က မန္တလေးမြို့ အတုမရှိကျောင်းတော်ကြီးမှာ အထက်မြန်မာပြည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)စည်းဝေးပွဲကို အတုမရှိ ရွှေကျောင်းတော်ကြီးမှာ ဆရာတော်တို့ အဓိကဦးဆောင်ပြီးတော့ ကျင်းပခဲ့ပါတယ်။
သံဃာနှင့် လူပရိသတ် သုံးသောင်းကျော်တက်ရောက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီးပါ။
အခမ်းအနား အစီအစဉ်အရ ည(၈)နာရီ ကျော်ပါမှ ပြီးပါတယ်။
မိမိတို့မှာလည်း ည(၁၀)နာရီထိုးတဲ့အထိဆရာတော် ကျောင်းကို ပြန်မရောက်သေးတဲ့ သတင်းကို မစိုးရိမ်သတင်းထောက် ကိုသားစိုး(ယခုထိုင်းနိုင်ငံ)ဆီက ကြားရတော့ ဘိုကလေးကို မနက်ဖြန် ရောက်လာပါ့ မလားဆိုတာကို စိုးရိမ်နေပါတယ်။
အွန်လိုင်းပေါ်က မ.ဘ.သ နှင့် ပတ်သက်သော သတင်းတွေကိုကြည့်လိုက်၊ ဆရာတော်များ ကြွမလာရင် ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပါ။ ဘာကြောင့်လဲဆိုတော့ ဘိုကလေးမြို့မှာက ဆရာတော်ကြွလာမယ်ဆိုတဲ့ သတင်းတွေ ဖြန့်ပြီးသမို့ ကြိုဆိုဖို့လည်း ဘိုကလေး  မ.ဘ.သ က စီစဉ်ထားပါတယ်။
နောက်နေ့ နံနက်(၇)နာရီမှာတော့ ဆရာတော် လေယာဉ်နှင့် ရန်ကုန်ကို ကြွလာပြီဆိုတာကို သိရတယ်။ (၉)နာရီမထိုးခင် ရောက်တယ်။
ဆရာတော် ဒကာအိမ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား သတင်းထောက် တစ်ဦးနှင့် အင်တာဗျူးတယ်။ နေ့ဆွမ်းစားပြီး ဘိုကလေးကို ကြွလာခဲ့တယ်။
ညမှ တရားဟောဖို့ အစက စီစဉ်ထားပေမယ့် ဘိုကလေးမြို့ မ.ဘ.သ အဖွဲ့က နေ့လယ်(၂)နာရီမှာ တွေ့ဆုံ ဆွေးနွေးပွဲလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်း၊ ဒေးဒရဲမြို့ မ.ဘ.သ အဖွဲ့ဝင်များမှ ဆရာတော်ကို လမ်းမှ ကြားဖြတ်ကြိုဆို သြဝါဒခံယူခြင်း အစီအစဉ် တိုးလာတာကြောင့် ဆရာတော်အနေဖြင့် နားချိန် လုံးဝ မရှိပေ။
ဆရာတော် ဘိုကလေးရောက် မ.ဘ.သ အစီအစဉ်တွေပြီးတော့ တရားပွဲစဖို့ စီစဉ်ထားချိန်က မိနစ်(၃၀)ပင် မပြည့်တော့။ အဲဒီ ခဏတာ အချိန်လေးမှာ နှုတ်ဆက်တဲ့လူတွေ ရှိနေသလို မန္တလေးမြို့မှ မ.ဘ.သ အဖွဲ့နှင့် ပတ်သက်သော ဖုန်းတွေဖြေကြားရင်း(၁၅)မိနစ်ခန့် အနားယူပြီး ပလ္လင်ပေါ်ကို တက်ခဲ့တယ်။
ည(၁)နာရီခန့်ပြီးတယ်။
ဘိုကလေးမှာ ည မကျိန်းစက်။ ညတွင်းချင်း ရန်ကုန်ကိုပြန်ကြွပြီး နောက်တစ်နေ့အတွက် အစီအစဉ်တွေက တန်းစီနေပြီ။
ဒုတိယအချက်က လာဘ်လာဘကိစ္စ။
ဘိုကလေးမြို့ပေါ်ကိုရောက်တာနဲ့ ဆရာတော်ဟာ မြို့ပေါ်က ဆရာတော်များနဲ့ နှုတ်ခွန်းဆက်စကား ပြောကြားရင်း အမျိုး ဘာသာ သာသနာရေးကိစ္စများကို ဆွေးနွေးပါတယ်။
အဲဒီမှာ မင်္ဂလာကံသာဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းနှင့် အောင်လှိုင် ဘုန်းတော်ကြီး ပညာရေး ကျောင်းမှာ တက်နေတဲ့(ဘ.က)ကျောင်းသားတွေဟာ မိုးရာသီကာလ ရောက်ရင် ဆင်းရဲ နွမ်းပါးတဲ့အတွက် ကျောင်းလာတဲ့အခါ ကျောင်းပြန်တဲ့အခါတွေမှာ မိုးတွေ ရွှဲရွှဲစိုလို့။ ကလေးတွေရဲ့ ကျန်းမာရေး ထိခိုက်ရတယ်။
ဒါကို ဘ.က ဆရာတော်များကလည်း ကူညီချင်သောစိတ်သာရှိပြီး ငွေကြေး မတတ်နိုင်တဲ့အကြောင်း ဆရာတော်ကိုပြောပြတော့ ဆရာတော်က ကလေးအားလုံးအတွက် ကျောင်းစိမ်းဝတ်စုံနှင့် မိုးကာအင်္ကျီ၊ ကျောင်းဖွံ့ဖြိုးရေးအတွက် လှူဒါန်းပေးမယ်ဟု ကတိပေးခဲ့တယ်။
(၂၀၁၄-ခုနှစ်၊ ဇူလိုင်လ ၁၉၊ အာဇာနည်နေ့မှာ ဆရာတော်ပေးပို့သောငွေများကို ကံသာ ဘ.က ကျောင်းမှ ကျောင်းတာဝန်ခံ ဆရာ ဦးချစ်ဝေဖြိုးထံ ၁၆၉၅၆၀၀ကျပ်၊ အောင်လှိုင် ဘ.က ကျောင်းမှ တာဝန်ခံ ဆရာမ ဒေါ်မိုးသန္တာအောင်ထံ ၄၀၂၀၀၀ ကျပ်တို့ကို မိမိက ဆရာတော်၏ ကိုယ်စားပြု လှူဒါန်းပေးခဲ့ပါတယ်။)
အဲဒီညမှာ ဓမ္မပူဇာငွေရတာ(၅)သိန်း။
လေယာဉ်လက်မှတ်ချ၊ ကားစီးဖို့မပါ။ ဆရာတော် ပြန်လှူဒါန်းငွေက သိန်း(၂၀)ကျော်။
ဒီအချက်များကို ကြည့်ပြီး ဆရာတော်ဟာ အမျိုးသားရေးအတွက် လာဘ်လာဘနှင့် ပင်ပန်းမှု၊ အန္တရာယ် ဂရုမစိုက်ဘူးဆိုတာ ထင်ရှားပါတယ်။
(မိမိအမျိုးသားရေးအတွက် အသိဉာဏ်တွေဖွင့်ပေးလို့ ဆရာတော်တရားပွဲကို ဗုံးလှန့်တာ၊ အင်တာနက်စာမျက် နှာတွေက အပုပ်ချတာ၊ စစ်အာဏာရှင်များက ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့ပါတယ်။ စာရှည်မည်စိုး၍ အကျယ်မချဲ့တော့ပါ။)
အခု မိမိတင်ပြခဲ့တာ ဘိုကလေးနဲ့ ပတ်သက်တာလေးပါ။
ဒီအနေအထားလေးကို ကြည့်ပြီး ဆရာတော်ဟာ မိမိအမျိုးသားတွေ(ဆွေမျိုးတွေ)အပေါ်မှာ ဘယ်လောက်ချစ် ခင် မြတ်နိုးတယ်ဆိုတာ ပေါ်လွင်စေပါတယ်။
၁။ အမျိုးသားရေးဆရာတော်ရဲ့ တရားတော်များ ပိုမိုကျယ်ပြန့်ပါစေ။
၂။ မိမိတို့ လုပ်ဆောင်ချက်လည်း သမိုင်းကျန်ပါစေ။
ဟူသော ရည်ရွယ်ချက်နှစ်ခုကို ဦးထိပ်ထားပြီးတော့ ဘိုကလေးမြို့မှာ ဆရာတော် ဟောကြားခဲ့တဲ့ “ဆွေမျိုးဆိုတာ များလေကောင်းလေ” ဆိုတဲ့ တရားကို စာအုပ်အဖြစ် ထုတ်ဝေခွင့်ပြုဖို့ ဆရာတော်ကို လျှောက်တော့ ဆရာတော်က ကြည်ဖြူစွာခွင့်ပြုပါတယ်။
ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ ဒီစာအုပ်ကို စီစဉ်ခဲ့ပါတယ်။
စာဖတ်ခြင်း အမျိုးမျိုးရှိတဲ့အထဲမှာ ပါးစပ်ကပြောတဲ့ စကားကို နားဖြင့် ဖတ်ရပါတယ်။ အက္ခရာဖြင့်ရေးတဲ့စာကို မျက်စိဖြင့် ဖတ်ရပါတယ်။ ဒါက အစဉ်အလာဖြစ်လို့ အဆင်ပြေပါတယ်။
သို့သော်…….
ပါးစပ်က စာကို မျက်စိဖြင့် မှတ်တဲ့အခါ အခက်အခဲရှိလာပါတယ်။
မိမိက ဆရာတော်ထံက ခွင့်ပြုချက်ရတာနဲ့ ဟောစဉ်တစ်ခုလုံးကို စာစီရပါတယ်။ အဲဒီမှာ နားဖြင့် နားထောင်စဉ် အဆင်ပြေပေမယ့် စာနဲ့ အသွင်ပြောင်းတဲ့အခါ စကားလုံးအနေအထားတွေရဲ့ ရွေ့လျားမှု၊ ပြောင်းလဲမှု၊ ထပ်လျော့မှုတွေ ရှိနေပါတယ်။
ဒါတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင်(တတ်နိုင်သလောက်)လုပ်ခဲ့ပေမယ့် မန္တလေးနဲ့ ဘိုကလေး အကွာအဝေးနဲ့ ဆရာတော်ရဲ့ မအားလုပ်မှုတွေကြောင့် စာဖတ်သူအနေဖြင့် အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။
ဒီစာအုပ်ကို ဖတ်တဲ့အခါ……
(က) ဆရာတော်ရဲ့ ဟောစဉ်တရားဖြစ်တယ်။
(ခ)ဆရာတော်ရဲ့ တကယ့်စာပေလက်ရာမဟုတ်ဘူးဆိုတဲ့အချက်နှစကိုကို သတိပြုစေချင်ပါတယ်။
အားနည်းချက် လိုအပ်ချက်များရှိခဲ့ရင် စီစဉ်သူ မိမိရဲ့ မှားယွင်းမှုလို့ နှလုံးသွင်းပေးပါလို့ တောင်းဆိုရင်း ဒီအမှာစာကို နိဂုံးချုပ်ပါရစေ…….။
အရှင်ဃောသိတ
(သဒ္ဓမ္မဝတီဆရာတော်)
သာသနဓဇဓမ္မာစရိယ၊ ဓမ္မကထိက

M.A[Buddhism.Sailanka]










Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...