ဒီကနေ့ ၂၀၁၄ရဲ့ ဘုံရန်သူဟာ ရခိုင်ပြည်မြောက်ဘက်က ဘင်္ဂါလီတွေဖြစ်တယ်ဗျ။ ဘင်္ဂါလီလူမျိုးခွဲပေါင်းများစွာ ထဲက ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောနယ်ထဲမှာ အများဆုံးကျူးကျော်ဝင်ရောက်နေထိုင်တဲ့ ဘင်္ဂါလီတွေ ဟာ ရခိုင်ပြည်ကြီးကျဆုံးသွားအောင် ရခိုင်ပြည်ကြီးကို သီဟိုဠ်ပြည်ကြီး ဟာနုမာန်မျောက်မီးဝင်ရှို့သလိုမျိုး ဖြစ်အောင် နိစ္စဓူဝကြံစည်ကြိုးပမ်းနေပါပြီ။
ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅၀၀ ကျော်ကတည်းက ရခိုင်တို့ရဲ့ နိုင်ငံတော်ဟာ ကစ္စပနဒီ၊ မေယု၊ လေးမြို့ မြစ်ဝှမ်းတွေ ပေါ်ထွန်းခဲ့တာဖြစ်ပြီး ယနေ့ ဘင်္ဂလားပိုင်နက်ထဲရောက်နေတဲ့ စစ်တကောင်းမြို့သည်ပင်လျှင် ကျုပ်တို့ရခိုင်နိုင်ငံတော်ရဲ့ ပိုက်နက်နယ်မြေဖြစ်ခဲ့တယ်ဗျ။
ဒါကို ကျုပ်တို့ရခိုင်ပြည်က စစ်တကောင်းဟာ ရခိုင်ပိုင်ပါလို့တစ်ခါမှ မကြွေးကြော်ဘဲ တရားနဲ့အညီ တိတ်တဆိတ် သည်းခံခဲ့ကြပါတယ်။ မနေ့တစ်နေ့က ဘင်္ဂလားပြည်ကသတင်းစာတစ်စောင်က ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနယ်မြေကို ဘင်္ဂလားပြည်ရဲ့ အစိတ်အပိုင်းထဲကို ထည့်သွင်းဖို့ စတင်လှုံ့ဆော်တဲ့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာတယ်ဗျ။ ဒါဟာ သူခိုးက လူဟစ်တဲ့ပွဲဗျ။
စစ်တကောင်းမြို့ဟာ ယခင်ကကျုပ်တို့ရခိုင်ပိုင်ဖြစ်တယ်ဗျ။ ကော့ဗဇားဆိုတာ ကျုပ်တို့ရခိုင်ပိုင်ဖြစ်တယ်ဗျ။ အခုခေတ်ကြီးရောက်မှ ဒါတွေကို ကျုပ်တို့ရခိုင်တွေ မြန်မာတွေက ပြောမနေကြတော့ဘဲ နှုတ်ဆိတ်နေခဲ့ပေမဲ့ တစ်ဖက်က မတ်တပ်ရပ်စရာတောင်မရှိတော့တဲ့ ဘင်္ဂလားပြည်ကတော့ မြေငတ်လို့ သူတို့ပိုင်လို့အော်နေပြီ လေ။ မြေဆာနေပြီလေ။ မြေဆိုလို့ တစ်လက်မရလည်း လူတစ်သန်း အသေခံဖို့ ဝန်မလေးတဲ့ ဘင်္ဂါလီတွေနဲ့ ကျုပ်တို့ရခိုင်ပြည်ရင်ဆိုင်နေရပြီဗျ။
ရခိုင်အရေးဟာ မြန်မာ့အရေးဗျ။ ရခိုင်ဒုက္ခဟာ မြန်မာ့ဒုက္ခဗျ။ ကျုပ်တို့ရခိုင်နဲ့ မြန်မာဆိုတာ ထမင်းစားရင်တောင် က်ြရိုး၊ ဝက်ရိုးစတဲ့ အရိုးကို ညာဘက်ပါးစောင်နဲ့ ကြိတ်ပြီး ဝါးလိုက်ရမှ အာသာပြေတဲ့ ကျေနပ်တဲ့လူမျိုးတွေဗျ။ အသားနဲ့အရိုးဆိုရင် အရိုးကိုဘယ်တော့မှ မလွှင့်ပစ်ဘူး။ အရိုးကိုကျေအောင် ဝါးပြီးမျ ရိုးတွင်းချဉ်ဆီကို စားလိုက်ရမှ ကျေနပ်တဲ့လူမျိုးဗျ။ အဲဒီလိုသံမဏိစိတ်ဓာတ်၊ သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ ရခိုင်တွေ၊ မြန်မာတွေရှိနေသေးသရွေ့……ရခိုင်ပြည်မြောက်ဘက်က လူဦးရေ သန်း၂၀၀ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်၊ သူရဲ့မြောက်ဘက်က လူဦးရေ သန်းတစ်ထောင်ရှိနေတဲ့ အိန္ဒိယပြည်၊ ကျုပ်တို့မြန်မာပြည်ရဲ့ အရှေ့မြောက်ဘက် လူဦးရေ သန်း ၁၅၀၀ ရှိနေတဲ့ တရုတ်ပြည်ဆိုတဲ့ ၃ နိုင်ငံပေါင်းလိုက်ရင် သန်း ၂၇၀၀ ရှိတဲ့နိုင်ငံ ၃ နိုင်ငံစလုံး ရခိုင်ပြည်နဲ့ မြန်မာပြည်ကို တစ်လက်မမှ ကျူးကျော်လို့မရစေရဘူးဗျ။
ကျုပ်တို့သွေးထဲသားထဲမှာ ဓညဝတီဘုရင်မာလာယုရှိနေတယ်။ ကျုပ်တို့သွေးသားထဲမှ ရခိုင်ဘုရင် မင်းဘာကြီးရှိနေတယ်။ ကျုပ်တို့သွေးသားထဲမှာ မြန်မာဘုရင် ဘုရင့်နောင်၊ ဆင်ဖြူရှင်၊ ဗိုလ်ချုပ်ဗလမင်းထင်၊ ဗိုလ်ချုပ်မင်းလှစည်သူ တို့ရဲ့ သွေးတွေရှိနေတယ်။
အဲဒီလိုသွေးတွေ စိတ်ဓာတ်တွေနဲ့ တည်ဆောက်ထားတဲ့ မြန်မာတစ်ယောက် ရခိုင်တစ်ယောက်နောက်ဆုံး ကျန်နေတဲ့အထိ မင်းတို့ ဘင်္ဂါလီတွေရဲ့ ခြေဖျားတို့ ရခိုင်မြေပေါ် တစ်လက်မ မနင်းစေရဘူးဗျ။ မင်းတို့ ကျူးကျော်သူတွေ ဆာလောင်တမ်းတနေတဲ့ ဘူးသီးတောင်၊ မောင်တောဒေသကို မင်းတို့ခြေချလို့မရစေရဘူး။ ကစ္စပနဒီမြစ်ရေပြင်ကို မင်းတို့ ကျူးကျော်သူဘင်္ဂါလီတွေ ခြေဆေးခွင့်မရစေရဘူး။ တို့ညီအစ်ကို ရခိုင်တွေ အားလုံးရဲ့နောက်မှာ ငါတို့မြန်မာတွေအားလုံးရပ်နေတယ်။ ရခိုင်ကို ကျူးကျော်စော်ကားလာရင် ငါတို့မြန်မာတွေ လမ်းလျှောက်ပြီး ဧရာဝတီမြစ်ကိုကျော်ဖြတ်လာခဲ့မယ်။ ရခိုင်ရိုးမကိုကျော်တက်လာခဲ့မယ်။ ငါတို့ မြန်မာတွေ ကုလားတန်မြစ်ဝှမ်းကို ဝါးရင်းတုတ်ကိုင်ပြီး လမ်းလျှောက်ချီတက်လာခဲ့မယ်ဆိုတာ ငါတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ပဲကွ။
ရခိုင်ကိုလုံးဝမထိနဲ့။ ရခိုင်ကျရင် မြန်မာကျပြီဆိုတာ သိထားဖို့လိုတယ်။ ကစ္စပနဒီဖြစ်ရေကို ဘင်္ဂါလီခြေဆေးရင် ဧရာဝတီပါလိုက်သေရလိမ့်မယ်ဆိုတာ ပြည်ထောင်စုတစ်ခုလုံး သတိထားရမယ့်ကိစ္စဗျ။
ရခိုင်အရေးဟာ မြန်မာ့အရေးသာမက ကရင်တွေ၊ ကချင်တွေ၊ ရှမ်းတွေ၊ မွန်တွေရဲ့ အရေးလည်းဖြစ်ပါတယ်ဗျ။ ရခိုင်ကိုထိလို့ မြန်မာတွေ မခံသလို ကချင်တွေ၊ ရှမ်းတွေကို တရုတ်တွေထိလာခဲ့ရင်လည်း မြန်မာတွေ လုံးဝမခံ ဘူးဆိုတာ သစ္စာဆိုထားပါ့မယ် တိုင်းရင်းသားညီအစ်ကိုတို့ရေ။
ဒို့ညီအစ်ကိုတွေ အခုနေ့ ယာယီစိတ်ဝမ်းကွဲလို့ ဘာမဟုတ်တဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအရေး အကြောင်းပြုပြီး စစ်တိုက်နေကြတာ ဒီကနေ့ပဲ ရပ်လိုက်ကြပါဗျာ။ မနက်ဖြန်ဆိုတာ သိပ်နောက်ကျလွန်းနေပါပြီ။ ကချင်ပြည်နယ် တစ်ခုထဲနဲ့ အရှေ့ဘက်က တရုတ်သန်း ၁၅၀၀ ကို ဘယ်လိုရင်ကော့ပြီး ကာကွယ်နိုင်ပါ့မလဲ။ ရခိုင်ကိုထိရင် မြန်မာနဲ့အတူ ကချင်ရော ရှမ်းရော ကရင်တွေပါ ပါလာမှ ရမှာဖြစ်တယ်ဗျ။ ဒီလိုပဲ ကရင်ကိုမထိနဲ့ ကျုပ်တို့ ရခိုင်၊ မြန်မာ၊ ကချင်၊ ရှမ်း၊ ကရင်နဲ့မွန်အားလုံးပေါင်းလိုက်မှ သန်း ၆၀ ထဲရယ်ပါ။ တစ်ဖက်က ဘင်္ဂါလီ၊ အိန္ဒိယ၊ တရုတ်နဲ့ယိုးဒယား ပေါင်းလိုက်ရင် သန်းပေါင်း ၂၇၆၀ ရှိပါတယ်။
ဘင်္ဂါလီအိန္ဒိယနဲ့ တရုတ်ကိုတော့ ကျုပ်တို့ တစ်ချက်ကလေးမှ တစ်စက္ကန့်ကလေးမှ သတိလစ်လို့မရဘူး ဆိုတာ သတိပေးချင်တယ်။ မြန်မာပြည်က ခရိုနီတွေမြေငတ်သလို ဘင်္ဂါလီတွေမြေငတ်နေတယ်။ ဘင်္ဂါလီတွေဟာ မတ်တပ်ရပ်စရာမြေမရှိတော့လို့ ဘင်္ဂလားပင်လယ်အော်ထဲကိုတောင် မြေဖို့ပြီးနေရမယ့်ကိန်းရောက်နေကြပြီဗျ။ ရခိုင်ရိုးမတောင်ကြီးက မြေတွေကို ဖဲ့ချပြီး ဘင်္ဂလားပင်လယ်အော်ထဲကို မြေဖို့ချင်နေတဲ့ အထိ။ ဘင်္ဂါလီတွေ မြေငတ်နေတယ်ဗျ။ ရခိုင်ပြည်ဟာ သူတို့အတွက် မစားရဝခမန်းဖြစ်နေရတဲ့ မြင်နေတွေ့နေနေပါလျက်မစားရ၊ မသောက်ရ၊ မကိုင်ရတဲ့ နတ်သုဒ္ဓါလိုဖြစ်နေတယ်။ ဒါကြောင့် အခု ဒင်းတို့ တောတွင်း လက်နက်သင်တန်းတွေ စစ်သင်တန်းတွေ လျှို့ဝှက်တစ်မျိုး ဗြောင်တစ်မျိုး ပေးနေပြီ။ သိပ်မကြာခင်တစ်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ခွဲထွက်ရေးသူပုန်တွေလုပ်သလိုမျိုး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသခွဲထွက်ရေးနဲ့ သူတို့မိခင်ဘင်္ဂလားပြည်ထဲ ပူးပေါင်းရေးတိုက်ပွတြွေ စတင်လာနိုင်တယ်။ ကရိုင်းမီးယားခွဲ ထွက်သွားပြီး ရုရှကိုသွားပူးပေါင်းခဲ့တာဟာလည်း ဒင်းတို့ဘူးသီးတောင်၊ မောင်တောက ဘင်္ဂါလီတွေ အားတက်စရာဖြစ်ခဲ့ရတယ်။
နိုင်ငံတိုင်းဟာ သူ့နောက်ခံနဲ့ သူ့သမိုင်းနဲ့ ရှိကြတာချည်းပဲဗျ။ အမေရိကန်ပြည်ဟာ ဒီမိုကရေစီ အကျဆုံး ဒီမိုကရေစီစနစ်ကို လက်တွေအကျင့်သုံးနိုင်ဆုံးလို့ ပြောရမယ့်နိုင်ငံဖြစ်တယ်ဗျ။ ဒါကြောင့် အမေရိကန်ရဲ့ ကမ္ဘာ့အရေးအရာတွေမှာပါဝင် ထမ်းရွက်ရမှုဟာ ကမ္ဘာအနှံ့ဖြစ်နေခဲ့တာကြာပြီ။ တချိန်က ကမ္ဘာ့ပုလိပ်ကြီးလို့ သရော်ခံခဲ့ရဖူးတယ်။ ကျုပ်ကတော့ အမေရိကန်တွေတန်ဖိုးထားတဲ့ လူ့အခွင့်အရေး စံချိန်တွေ ထုံးစံတွေကို အသိအမှတ်ပြုပါတယ်။
ဒါပေမယ့် ရခိုင်ပြဿနာက လူ့အခွင့်အရေးစံချိန်တစ်ခုထဲနဲ့ ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဗျ။ ရခိုင်တစ်သန်းကျော်နဲ့ ဘင်္ဂါလီသန်း ၂၀၀ ကျော်ရဲ့ နယ်မြေကျူးကျော်သူနဲ့ နယ်မြေအကျူးကျော်ခံရတဲ့ ပြည်သူတွေရဲ့ ပဋိပက္ခဖြစ်တယ်ဗျ။ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုထဲ ခိုးဝင်နေထိုင် ဝင်ရောက်မှုဗျ။ ခြံစည်းရိုး ဖျက်ပြီးဝင်လာတဲ့အနေအထားကို ကျုပ်တို့က လူ့အခွင့်အရေးစံချိန်စံညွှန်းတစ်ခု တည်းကိုကြည့်ပြီး လက်ခံနေရာပေးရမှာလားဗျ။
ကျုပ်တို့ဘိုးဘွားတွေဖြစ်တဲ့ ရခိုင်ဘုရင်အဆက်ဆက် ရခိုင်သူရဲကောင်းအဆက်ဆက် မြန်မာ့သူရဲကောင်း မဟာဗန္ဓုလတို့ အသက်ပေးပြီး မြန်မာ့ဒေါင်းအလံစိုက်ခဲ့ရတဲ့ ရှင်မဖြူကျွန်းကို ဘင်္ဂလားပြည်ကို အလကားပေး လိုက်ရမလားဗျ။ လူ့အခွင့်အရေးတစ်ခုတည်းနဲ့ ကျုပ်တို့ရခိုင်တွေက တောင်ဘက်ကို ထွက်ပြေးရှောင်ခွာပေးပြီး ဘင်္ဂါလီလက်ထဲ စစ်တွေမြို့ ထိုးအပ်လိုက်ရမှာလား။
ဒါကို ခင်ဗျားတို့က ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့အညီလုပ်ချင်တယ်။ လူ့အခွင့်အရေးတင်းပြည့်ကျပ်ပြည့် စီမံချင်တယ်ဆိုရင် စစ်တွေဆိပ်ကမ်းကို ဆော်ဒီအာရေဗျတို့၊ ပါကစ္စတန်တို့၊ မလေးရှားတို့၊ အင်ဒိုနီးရှားတို့က သင်္ဘောကြီးတွေ ကျုပ်တို့ကပ်ခွင့်ပြုပါ့မယ်။ ခင်ဗျားတို့ကြိုက်သလောက် ဘင်္ဂါလီတွေ အဝအြဲတင်ပြီး ခင်ဗျားတို့ တိုင်းပြည်တွေဆီ ခေါ်သွားနိုင်ပါတယ်။ ကျုပ်တို့ ခွင့်ပြုပေးပါမယ်။ သင်္ဘောပေါ်မတက်မီ ဘင်္ဂါလီအားလုံးကို ထမင်းလည်းကျွေးထားပေးပါဦးမယ်။ သင်္ဘောပေါ်မှာစားဖို့ ထမင်းထုပ်ပါ တင်ပေးလိုက်ပါဦးမယ်ဗျ။
ကျုပ်တို့မြန်မာ၊ ကရင်၊ မွန် ဒုက္ခသည်တွေကို ယိုးဒယားတွေကနယ်စပ်က သူ့လူမျိုးတွေ မနေတဲ့နှက်ဖျားတော ကြီးတွေ၊ ချောက်ကြီးထဲမှာ နေရာငှားစားထားတာဗျ။ မြန်မာ၊ ကရင်၊ မွန်၊ ကယား၊ ရှမ်းဒုက္ခသည်တွေကို ယိုးဒယားက တစ်ပြားမှစိုက်ပြီး ကျွေးနေတာမဟုတ်ဘူး။ အမေရိကန် EU၊ ဂျပန်၊ သြစတြေးလျနဲ့ စကင်ဒီနေ ဗီးယန်းနိုင်ငံတွေက အလှူရှင်တွေက ထမင်းကျွေးနေတာ။ အဲဒီလို ယိုးဒယားမြေထဲမှာ ထမင်းကျွေးခွင့်ရဖို့ အတွက် ယိုးဒယားလူမျိုးဝန်ထမ်းတွေ အလုပ်တွေ ဒေါ်လာနဲ့အများကြီးရကြတယ်ဗျ။ ယိုးဒယားအစိုးရ ကြည်ဖြူအောင် အမေရိကန်က ယိုးဒယားအစိုးရကို ထဲထဲဝင်ဝင်ပေးရကမ်းရသေးတယ်။ မြန်မာ၊ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီဒုက္ခသည် ၂ သိန်းလောက်စားရမယ့် ဆန်၊ ကြက်၊ ဝက်၊ ဟင်းရွက်၊ ကြက်ဥတွေကို ယိုးဒယား လယ်သမားတွေရောင်းကြ သွင်းကြရလို့ စီးပွားတောင်ဖြစ်နေကြတယ်ဗျ။ အဲဒီမြန်မာပြည် ဒုက္ခသည် နှစ်သိန်း ကျော်အတွက် ဆေးဝါး၊ ဆေးရုံဝန်ထမ်းတွေအတွက် အမေရိကန်နဲ့ ကုလသမဂ္ဂက ယိုးဒယားဆရာဝန် ယိုးဒယားဆေးဝန်ထမ်းတွေကိုပဲ သုံးပေးရတာဗျ။ ယိုးဒယားကတော့ မြန်မာဒုက္ခသည်များလေလေ စီးပွားဖြစ်လေလေပဲဗျို့။ ကမ္ဘာ့အလယ်မှာ လူသားချင်းစာနာမှုရှိတဲ့ အကြင်နာမိုးရွာဖြိုးပေးသော မေတ္တာရှင် နိုင်ငံဆိုတဲ့ နာမည်ကောင်းဘွဲ့လည်းရသေးတယ်လေ။ ဒါပေမဲ့ ညဘက်ညဘက် မှောင်လာရင် ယိုးဒယား ပုလိပ်တွေက မြန်မာဒုက္ခသည်စခန်းတွေထဲက မွန်၊ ကရင်၊ ရှမ်း၊ ကရင်နီအမျိုးသမီး လှပျိုဖြူလေးတွေကို သူ့အဆက်အသွယ်နဲ့သူလာခေါ်သွားတာတွေကလည်း ရင်နင့်စရာပြောစရာတွေကျုပ်ရင်ထ ပြည့်နှက်နေတယ်။ ယိုးဒယားမြေမှာ ကျုပ်တို့ တိုင်းရင်းသားပျိုဖြူတွေ ဈေးပေါပေါနဲ့ အပျိုရည်ပျက်နေရတဲ့အချိန်မှာ ကျုပ်တို့ ဘိုးဘွားပိုင် ရခိုင်မြေပေါ်မှာ မြောက်ဘက်က ဘင်္ဂါလီက တအိအိကျူးကျော်ခိုးဝင်နေတယ်။ ကျုပ်တို့ တိုင်းရင်းသားစစ်စစ်တွေက ယိုးဒယားမြေပေါ်မှာ ဒုက္ခသည်ဖြစ်နေတယ်။ ကျွန်ဖြစ်နေတယ်။ တစ်ချိန်တည်းမှာ ကျုပ်တို့မြေ စစ်စစ်ပေါ်မှာ ကျုပ်တို့တိုင်းရင်းသား ရခိုင်စစ်စစ်တွေက ဘင်္ဂါလီတွေရဲ့ ကျူးကျော်တာကိုလည်း ခံနေရပြန်တယ်။ မိအေးနှစ်ခါနာပေါ့ဗျာ။
ကျုပ်တို့ညီဖို့ပဲလိုတယ်။ လာချင်သလောက်လာထားစမ်းပါ။ ကျူးချင်သလောက် ကျူးကျော်ဝင်ရောက်ခဲ့ကြ စမ်းပါ။ ဦးအောင်ဇေယျလက်ဆောင်ပေးခဲ့တဲ့ ယါးရင်းတုတ်တွေ လိုချင်သလောက် ရခိုင်ရိုးမပေါ်က ဝါးတောကြီး ထဲမှာရှိတယ်။ မဟာဗန္ဓုလလက်ဆောင်ပေးခဲ့တဲ့ မြန်မာ့ဓားဟာ မြန်မာပြည်အနှံ့မှာလုပ်လို့ရတယ်။
ရခိုင်ပြည်ထာဝရတည်တံ့ဖို့အတွက် ကျုပ်တို့အသက်နဲ့ဘဝကို ရင်းမှ ရမယ်ဆိုရင် ကျုပ်တို့ကိုယ်တိုင်လည်းပဲ စစ်တွေမြို့ကို ပြောင်းပြီး အခြေချနေထိုင်ဖို့ စိတ်ကူးထားတယ်။ ဖြစ်နိုင်ရင် ဘူးသီးတောင်၊ မောင်တောမှာပါ ကျုပ်တို့သွားနေသင့်ရင်နေရမယ်။ ကမ္ဘာ့အနှံ့ပြန့်ကျဲနေတဲ့ ရခိုင်တွေအိမ်ပြန်လာရမယ်။ ရကုန်က ဝင်ဒါမီယာနဲ့ အင်းလျားးးလမ်း အင်းလားကန်စပ်မှာ ဇိမ်ကျနေတဲ့ ခရိုနီတွေကို ကျုပ်မေးချင်တယ်။ မင်းတို့ မျိုးချစ်စိတ်ရှိရင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်မောင်တောမှာ မင်းတို့ခရိုနီမြို့တော်တွေ သွားတည်ကြပါသလား။ အမျိုးချစ်ကြစမ်းပါ။
ကျုပ်စဉ်းစားမိတာတစ်ခု ရခိုင်ပြည်သူတွေကို တင်ပြပါရစေ။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို နာမည်ပြောင်းကြစေချင်တယ်။ ဘူးသီးတောင်ကို မဟာဗန္ဓုလမြို့နယ်၊ မောင်တောကို မြဝတီဦးစမြို့နယ်လို့ ပြောင်းစေချင်တယ်ဗျာ။ ဒါမှမဟုတ် ရခိုင်သူရဲကောင်းတွေရဲ့ နာမည်တွေထဲက ကြိုက်တဲ့နာမည်ရွေးပြီး ရခိုင်ပြည်သူတွေပြောင်းကြစမ်းပါဗျ။ ဘူးသီးတောင်နဲ့ မောင်တောဆိုတဲ့နာမည်မှာ ဘင်္ဂါလားအနံ့ပါနေသလို ခံစားနေရလို့ပါ။ မေယုမြစ်မေယုတောင်ခြေတွေကို ရခိုင်ရနံ့သင်းစေချင်လို့ပါဗျ။ ကျုပ်ဆန္ဒကတော့ ကုလားတန်မြစ်(ကစ္စပနဒီမြစ်)ကိုတောင် ရခိုင်တန် မြစ်လို့ပြောင်းစေချင်ပါတယ်။ အင်းဝနဲ့ဟံသာဝတီ နှစ်လေးဆယ်စစ်ဖြစ်ကြတုန်းက အင်းဝ(အဝ)ကို နိုင်ချင်လွန်းလို့ မွန်တွေထဲမှာ သူရဲကောင်းတွေဘွဲ့ခံကြတယ်။ အမိန်အဝနိုင် ဆိုတာပေါ်ဖူးတယ်။ ကျုပ်လည်း သမိန်ဘင်းဂလားနိုင်လို့ နာမည်ပြောင်းလိုက်ပြီဗျို့။
ဒါကြောင့် နိုင်ငံတကာလူအခွင့်အရေးတွေ အပြည့်အဝ ကျင့်သုံးချင်တယ်ဆိုရင် စစ်တွေနဲ့ ကျောက်ဖြူဆိပ်ကမ်း မှာ သင်္ဘောတွေကပ်လိုက်ပါ။ လိုချင်သလောက် ဘင်္ဂါလီတွေ သင်္ဘောပေါ်အပြည့် ထမင်းထုပ်ကိုယ်စီနဲ့ တင်ပေးလိုက်ပါ့မယ်။ ရခိုင်ပြည်ကိုတော့ မကျူးကျော်ပါနဲ့ဗျာ။ ကျုပ်တို့ မြန်မာ၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းဒုက္ခသည်စခန်းတွေကိုလည်း ယိုးဒယားက သံဆူးကြိုးခတ်ထားတာပါ။ တို့ဆရာ ဟင်းရွက်ခူးဖို့တောင် စခန်းအပြင်ထွက်ချင်ရင် ကျုပ်တို့သမီးပျိုတွေ ယိုးဒယားပုလိပ်ကို အပျိုရည်နဲ့လဲပြီး ပန်းဦးဆက်ခဲ့ရသူ ဒုနဲ့ဒေးဝါ ကျုပ်တို့ မြန်မာ၊ ကရင်၊ မွန်ဒုက္ခသည်တွေကိုလည်း ဘန်ကောက်လေဆိပ်ကနိုင်ငံတကာ လေယာဉ်ကြီးတွေက ပဲလာခေါ်ခဲ့တာပါ။ ဒါကြောင့် ခင်ဗျားတို့ ကုလသမဂ္ဂတို့ကခေါ်ချင်ရင် စစ်တွေဆိပ်ကမ်းကြိုဆိုလျက်ပါ။ နောက်ဆုံးကျုပ်သတိပေးချင်တာကတော့ တိဗက်ကုန်းပြင်မြင့်က အတူလမ်းလျှောက်လာခဲ့ကြတဲ့ မြန်မာနဲ့ ရခိုင် ညီအစ်ကိုတွေထဲမှာ မြန်မာတစ်ယောက် ရခိုင်တစ်ယောက် အသက်ရှင်ကျန်နေသရွေ့ ရခိုင်ပြည်ဟာ ဘင်္ဂါလီ လက်ထဲမကျစေရဘူးဗျ။
ရခိုင်ပြည်ထာဝရအဓွန့်ရှည်ရစေမယ်လို့ သံမဏိအဓိဋ္ဌာန်ဖြင့်
သမိန်ဘင်းဂလားနိုင်။
5.4.2014 အတွဲ(၁) အမှတ်(၂) သူရိယနေဝန်းကို ပြန်လည်ဝေမျှသည်။