Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နာယကကြီးဦးဝင်းတင် ကျန်းမာပါစေ”

$
0
0


5.4.2014 ရက်နေ့က ဖြစ်သည်။ စာရေးသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး တက်ရောက်ကုသနေရာ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့လေသည်။
ဧည့်စောင့် ဧည့်ကြို ဒကာကြီးတစ်ယောက်က လိုက်ပို့သဖြင့် ဦးဝင်းတင်ရှိရာ အရေးပေါ်ကုသခန်းသို့ ရောက်ခဲ့လေသည်။ လူငယ်တစ်ယောက်နှင့် အမျိုးသမီးကြီးတစ်ယောက်တို့ စောင့်ရှောက်နေသည်ကို တွေ့ရ၏။
ဦးဝင်းတင်သည် ပက်လက်အနေအထားဖြင့် အိပ်မောကျလျက်ရှိပြီး အရပ်ဝတ် သူနာပြုဆရာမတစ်ယောက်က ဦးဝင်းတင်နှာခေါင်းထိပ်ဝမှာ ဓာတ်ငွေ့ပေးနေသည်ကို တွေ့ရ၏။ ချွဲပျော်ကျအောင်ဟုဆို၏။
လူငယ်တစ်ယောက်က “အဘ…ဦးဝီရသူလာတယ်” ဟုပြောလိုက်ရာ ဦးဝင်တင် မျက်စိဖွင့်ကြည့်လေသည်။ စာရေးသူအားလိုက်ရှာနေ၏။ သူ့ဘယ်ဘက်ဘေးမှာ ရပ်နေသော စာရေးသူကို တွေ့မြင်သွားပြီး ဝမ်းသာပီတိဖြစ်သွားပုံရလေသည်။ မျက်နှာအမူအရာ ပြုံးပြုံးကြီးဖြစ်သွားသောကြောင့်တည်း။
ဦးဝင်းတင်က အားယူ၍ စကားပြော၏။ သို့သော် စကားလုံးမသဲကွဲ၍ နားမလည်ပေ။ လူငယ်က ဘာသာပြန်ပေး ၏။ အာခေါင်မှာ အနာပေါက်နေတယ်။ အာဏာမှန်သမျှ မကောင်းဘူးဟူ၏။
အဲဒီအာဏာကို ဓမ္မနဲ့ ခုတ်ထစ်ဖို့ လိုတယ်မလားဟု စာရေးသူကမေးရာ ဦးဝင်းတင်က ခေါင်းညိတ်ဖြေ၏။
စကားပီပီသသ ပြောနိုင်သည့် အခါမှာလည်း အာ-နာ(အာဏာ) ဆိုတာ မကောင်းဘူးဟု ခဏခဏ ပြောလေသည်။ လည်ချောင်းပိုက်သွင်းစဉ် ထိခိုက်မိ၍ အာခေါင်အနာ ဖြစ်ရာမှ ရသော အတွေးအမြင်ဟု ဆို၏။
သူနာပြုဆရာမက ဆက်ကုသနေ၏။ ဦးဇင်း ပရိတ်ရွက်ပေးမယ်ဟုပြောရာ ရွတ်ပါ ရွတ်ပါ ဟု ပီပီသသကြီး ပြန်ပြောလေ၏။
လက်အုပ်ချီ၍ ပရိတ်နာ၏။ ဘယ်ဘက်လက်မှာ အပ်ဒဏ်ရာ အမဲကွက်လေးများတွေ့ရ၏။ အပ်တန်းလန်းလည်းတွေ့ရ၏။ ပင်ပန်းမှာစိုး၍ လက်အုပ်ချခိုင်းရ၏။ ဗောဇ္ဈင်သုတ်တစ်ခေါက်ပြီးတော့ သာဓုခေါ်၏။ လူငယ်ရော အမျိုးသမီးကြီးကပါ သာဓုခေါ်ကြ၏။
တစ်ခေါက်ပြီးတိုင်း တစ်ခါလက်အုပ်ချီ၏။ သာဓုသုံးကြိမ်ခေါ်၏။ ခုနှစ်ခေါက်ပြီးသောအခါ ဦးဝင်းတင်က “လျှောက်စရာရှိတယ်ဘုရား” ဟု ဆိုလာ၏။ “လျှောက်ပါဒကာကြီး” ဟုဆိုကာ ကုလားထိုင်ပေါ်မှထကာ မတ်တပ်ရပ်၍ အနားကပ်နားထောင်၏။
ဦးဝင်းတင်က တစ်လုံးချင်းပြောလိုက်နားလိုက်လုပ်နေ၏။ ဖြည်းဖြည်းပြောဖို့ သတိပေးရလေသည်။
တောင်ကလေးဆရာတော်ကပြောတယ်။
ဒကာကြီးတို့ ညှိနှိုင်းဆွေးနွေးဖို့မသင့်ဘူးလားတဲ့။
တပည့်တော်က ပြန်လျှောက်တယ်။
ဓမ္မနဲ့ဆို ညှိနှိုင်းလို့ရတာပေါ့။
အဓမ္မနဲ့ ညှိနှိုင်းလို့ဘယ်လိုလုပ်အဖြေထွက်မလဲ……?။
စာရေးသူက ဟုတ်တာပေါ့။ ဓမ္မနဲ့ဖြေရှင်းမှ မျှတမှာပေါ့။ အဓမ္မနဲ့ဖြေရှင်းရင် ဘယ်မျှပါ့မလဲ….? ဝင်ပြောရာ ခေါင်းညိတ်လက်ခံ၏။ ဘယ်တုန်းက တောင်ကလေးဆရာတော်နဲ့ တွေ့တာလဲ…..? မေးရာ မမှတ်မိတော့ပေ။ သူ့ကိုမေးပါ-အရေးကြီးတယ်ဟုပြောရှာ၏။ လူငယ်က မောမည်စိုး၍ သတိအတန်တန်ပေးနေ၏။ စာရေးသူက ဆေးဝါးနှင့် ဓာတ်စာအတွက် ဘာလိုအပ်မလဲမေးရာ မလိုအပ်ဘူးဟု ဆို၏။ ဒါဆိုရင် လိုရာသုံးဖို့ ငွေတစ်သိန်း လှူခဲ့မယ် ဟုပြောကာ ဦးဝင်းတင်၏ ဝမ်ဗိုက်ကို လက်ဝါးဖြင့် ဖွဖွလေးဖိကာ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့် ဒကာကြီး ဦးဝင်တင်အနာနဲ့ဆေး တွေ့တည့်ကာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပေသည်။
တစ်ပါးတည်းသာ ဝင်ခွင့်ရ၍ အပြင်ဘက်ရောက်မှ ငွေတစ်သိန်းကျပ် လှူဒါန်းခွင့်ရခဲ့၏။ အမျိုးသမီးကြီးက လက်ခံယူသည်။ ကင်မရာဆရာက ဓာတ်ပုံရိုက်မည်ပြုရာ လိုက်ပို့သူ လူနာစောင့်ဒကာကြီးက မရိုစ်စေလို၍ တားလိုက်ရလေသည်။
ဦးဝင်းတင်သည် ပေးဆပ်ခြင်း၏ သင်္ကေတ၊ စွန့်လွှတ်ခြင်း ပြယုဂ်တစ်ခု အမှန်တရားကို မြတ်နိုးသူတိုင်း၏ စံနမူနာဖြစ်လေသည်။ NLD နာယကကြီး ဦးဝင်းတင် အမြန်ကျန်းမာပါစေသတည်း။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
12.4.2014
13:50


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...