3.10.2014 ည 6:00 ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူမိုးကုတ်ရိပ်သာမှာ ကျင်းပတဲ့ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းမှာ သြဝါဒတရားဟောခဲ့ပါတယ်။
ရဟန်းတော်များ၊ ဆရာလေးများ၊ ဆရာများ၊ ဆရာမများက ကိုယ်စီမေးခွန်းများ မေးမြန်းကြတာကို အသေးစိပ် ဖြေကြားခဲ့ပါတယ်။
မူဆလင်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ဒုက္ခသည်လေးတွေကို ထောက်ပံ့လှူဒါန်းတာ၊ မိဘမဲ့ကလေးများကို နှစ်သိမ့်အားပေးတာလည်း လုပ်ခဲ့ပါတယ်။
သစ္စဝေဒဂူ ဘကကျောင်းမှာ အတန်းစုံရှိပြီး ကိုရင်လေးများ၊ သီလရှင်များ၊ ကျောင်းသား/သူများ ငါးရာနီးပါး ရှိပါတယ်။ သူတို့လေးတွေက စာရေးသူကြွလာတော့ မေတ္တာပို့သံပေါက်တွေလည်းရွတ် ဇာတိမာန်သီချင်းတွေ လည်း သီဆိုပြီး နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြတာလေးက တကယ့်ကို ချစ်စရာကောင်းပါတယ်။