1983 ခုနှစ်က ပြုစုခဲ့သော လဝက ဝန်ထမ်းတစ်ဦး၏ အဖိုးတန်စာတမ်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာတွေကြံစည်နေတယ်၊ မြန်မာပြည်ကို ဘယ်လို စိမ့်ဝင်နေတယ်။ ကမ္ဘာကို ဘယ်လိုဗိုလ်ကျချင်တယ်။ ဘာကြောင့် ဒီလိုပြင်ဆင်ရတယ် စတာတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်များ
၃၃။ မိမိတို့နိုင်ငံသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ထောင်၍ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံသော ဆိုရှယ်လစ်နိုင်ငံတည်ဆောက်လျှက်ရှိပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အရေးပါသော အရေးအရာများတွင် နိုင်ငံခြားသားများအား ဝင်ရောက်ထမ်းဆောင်ခွင့် မပေးနိုင်ပါ။ ထိုကဲ့သို့ နိုင်ငံ၏အရေးအရာအခန်းကဏ္ဍတို့တွင် ပါဝင်ခွင့်မပြုနိုင်သော်လည်း နိုင်ငံတော်၏ များစွာသောစီးပွား ရေး လှုမှုရေး စသော လက်တွေ့လုပ်ဆောင်လျှက် အကောင်အထည်ဖေါ်ရမည့် ကိစ္စတို့တွင်ကား နိုင်ငံတော် အစိုးရသည် ထိုက်ထိုက်တန်တန် အခွင့်အရေးများပေးအပ်ထားပေသည်။ မူဆလင်ဘင်္ဂလီများသည် နိုင်ငံတော် အပေါ် ယင်းကဲ့သို့ရရှိထားသော အခွင့်အရေးဖြင့် ကျေးဇူးတုံ့ပြန်၍ နည်းမှန် လမ်းမှန် နိုင်ငံတော်အတွက် အကျိုးပြုနိုင်သမျှသော လုပ်ငန်းများတွင် စိတ်ပါလက်ပါ လေးလေးနက်နက် ပါဝင်ဆောင်ရွက်သင့်ပါသည်။ သို့ရာတွင် အထက်၌တင်ပြပြီးဖြစ်သည့်အတိုင်း ယနေ့ မူဆလင် ဘင်္ဂလီနိုင်ငံခြားသားများနှင့် နိုင်ငံ့ဝန်ထမ်း မူဆလင်ကုလားများ(ဝါ) ကုလားကပြား ကုလားဒိန်များသည် နိုင်ငံအတွင်းရှိ အခြားသော နိုင်ငံခြားသားတရုတ် များနှင့် တရုတ်ကပြားများကဲ့သို့ မဟုတ်မူဘဲ နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း လုပ်ငန်းများ၌ ထိရောက်စွာ ပါဝင်ဆောင်ရွက်ခြင်း မရှိကြရုံမျှမက အစ္စလာမ်သာသနာရေး ဦးတည်ချက်တခုတည်းဖြင့် နိုင်ငံတော်အပေါ် မကူညီရုံမျှမက အနှောက်အယှက်ပေးလျှက် ရှိကြပါသည်။
၃၄။ နိုင်ငံတော်၏ ကာကွယ်ရေးဆိုင်ရာ ရည်မှန်းချက်အစီအမံကြီးတခုဖြစ်သော ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးရန် ချမှတ်ဆောင်ရွက်လျှက်ရှိသော ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ယင်းမူဆလင် ဘင်္ဂလီကုလားများထံမှ တစုံတရာ ကူညီပံ့ပိုးမှုရရှိရေးမှာ လုံးဝ မျှော်လင့်ချက်မရှိရုံမျှမက လွန်စွာရင်လေးဘွယ် ရာ ဝန်ထုပ်ဝန်ပိုး တက်လျှက်ရှိပါသည်။ နိုင်ငံခြားသား မူဆလင်ဘင်္ဂလီများနှင့် မူဆလင်ကုလားဒိန်းများသည် အခြေအနေ အချိန်အခါနှင့် လျှော်ညီ လျှောက်ပတ်သော ကိုယ်ချင်းစာနာမှု တွေးခေါ်မျှော်မြင်လုပ်ဆောင်မှုတို့ အား မည်သည့်အခါတွင်မှလက်ခံကျင့်သုံးကြမည်မဟုတ်ဘဲ အရာရာတွင် အစ္စလာမ်အတွေးအခေါ်ဖြင့်သာ ကာကွယ်ရေး နိုင်ငံရေး စီးပွားရေး လူမှုရေး စသည်တို့ကို တရားသေ တလက်ကိုင် ကျင့်ကြံပြုမူကြသည်။ မူဆလင်ကုလားများကြောင့် မိမိတို့နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်ခဲ့ရခြင်းတို့ကို မေ့ဖျောက်ထား၍ မဖြစ်ပေ။ ရှေ့အဖို့နိုင်ငံတော်အတွက် လုံခြုံရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖေါ်ပြရသော် မူဆလင်ကုလား များသည် နိုင်ငံတော်၌ ပြည်တွင်း ပြည်ပရေးရာ ပြဿနာ မည်သည့်ပြဿနာတရပ်ရပ်ပေါ်ပေါက်လာသည့် အချိန်တိုင်းတွင် အကွက်ဆင်၍ အမြတ်ထုတ်လေ့ရှိကြပါသည်။ ၁၉၄၂ ခု ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွကြ စဉ် ဘူးသီးတောင် မောင်တော ရသေ့တောင် စသော ရခိုင် မြို့နယ် ကျေးရွာများတို့တွင် ရခိုင်နှင့်ကုလား အဓိကရုဏ်းကြီးများဖြစ်ခဲ့ကြသည်။ အကွက်ချောင်းနေသော မူဆလင်ကုလားတို့သည် အင်္ဂလိပ်ဝစ်ပြေး ရာ့ရှ်ပူရ် လက်နက်ကိုင်တပ်သားများအား မူဆလင်တို့ သိမ်းသွင်း၍ ရခိုင်တိုင်းရင်းသားများ မနေနိုင်အောင် ရခိုင်ရွာများကို ဓားပြတိုက်ခြင်း ဝင်ရောက်သတ်ဖြတ်ခြင်း မီးရှို့ခြင်း ရခိုင်အမျိုးသမီးများအား ရက်စက်စွာ ကျူးလွန်သတ်ဖြတ်ခြင်းစသော အကြမ်းဖက်နည်းပေါင်းစုံဖြင့် ရခိုင်တို့၏ နယ်ပယ်မှ ရခိုင်တို့အား မောင်းထုတ်၍ အပြတ်ရှင်းခဲ့ကြသည်။ ထိုစဉ်က ရခိုင်တို့မှာ အသက်ဘေးကြောင့် ပြေးလွှားကြရပြီး အစားအသောက်နှင့် ဆေးဝါးများပြတ်လတ်၍ အတိဒုက္ခရောက်ကာ ရခိုင်အမျိုးသမီး အမျိုးသား ၂၀၀၀ ကျော်မှာ သေဆုံးခဲ့ကြရ သည်။ ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှတို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မူဆလင်ဒုက္ခသည် စခန်းများမှ မူဆလင်များသည် အင်္ဂလိပ်တပ်များနှင့်အတူ မောင်တောနှင့် ဘူးသီးတောင်မြို့များသို့ ကြိုတင် ရောက်ရှိလာကြပြီး အတွင်းပိုင်းမြို့နယ်များသို့ ဝင်ရောက်၍ သိမ်းပိုက်နေထိုင်ကြသည် ဘူးသီးတောင် မောင်တောသို့ ဝင်ရောက်နေထိုင်ကြသော မူဆလင်ဘင်္ဂလီများသည် အေးအေးဆေးဆး အသာတကြည်နေ ထိုင်စားသောက်ရုံမျှနှင့် အားမရကြသေးဘဲ ဘူးသီးတောင်နှင့် မောင်တောမြို့တို့အား ပါကစ္စတန်နိုင်ငံ ဖြစ်ပေါ်လာသည့်အခါ ထည့်သွင်းပေးရန် အိန္ဒိယနိုင်ငံမှ သီးခြားပါကစ္စတန် နိုင်ငံအဖြစ် ခွဲထွက်ရန် စိုင်းပြင်း နေသော မူဆလင်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနား ထံသို့ အရေးဆိုတောင်းခံခဲ့ကြသည်။ ယင်းကဲ့သို့ တောင်းဆိုသည့်ကိစ္စအား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး တိုက်ပွဲဝင်ရန် ကိစ္စဖြင့် ဘိလစ်သို့ ခရီးသွားနေစဉ် ၁၉၄၇ ခု ဇန်နဝါရီလ ၇ ရက်နေ့၌ လမ်းခရီးတထောက် ကရာချိ မြို့၌ ဗိုလ်ချုပ်အောင်ဆန်းအား ပါကစ္စတန်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနားမှ လာရောက်ကြိုဆိုနှုတ်ဆက်စဉ် မစ္စတာဂျင်းနားမှ ဗိုလ်ချုပ်အောင်ဆန်းအား လေးစားကြည်ညိုသော စိတ်ဖြင့် ယင်းအခြေအနေများကို ဖွင့်ဟ ပြောဆိုပြီး ဘူးသီးတောင်နှင့် မောင်တောတို့မှ ဘင်္ဂလီကုလားများ တောင်းဆိုနေကြသည့် ပါကစ္စတန်နိုင်ငံတော် ကြီး လွတ်လပ်စွာဖြစ်ပေါ်လာသည့်အချိန်တွင် ယင်းမြန်မာ့နယ်များကို ပါကစ္စတန်နိုင်ငံအတွင်းသို့ ပူးပေါင်းထည့် သွင်းပေးရန် တောင်းဆိုချက်များအား လုံးဝစဉ်းစားမည်မဟုတ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား လေးစားစွာ ဖြင့် အလိုအလျှောက် ဖွင့်ဟပြောကြားခဲ့ပါသည်။ ဤအဖြစ်သနစ်များကိုတွက်ဆ၍ နိုင်ငံတော်၏ လုံခြုံရေးနှင့် မိမိတို့၏ နယ်ပယ်များ ဘူးသီးတောင် မောင်တော ရသေ့တောင်မြို့များကဲ့သို့ အခြေအနေဆိုးဝါးမသွားစေရန် သတိပြုကြိုတင်ကာကွယ်ကြရပါမည်။
၃၅။ နိုင်ငံတော်၏ လုံခြုံမှုပျက်ပြားစေရန် အန္တရာယ်ပေးခဲ့ကြသော မူဆလင်ကုလားဆိုးများ၏ ဆူပူသောင်းကျန်း မှုအခြေအနေတို့ကိုလည်း မေ့ပျောက်ထား၍မဖြစ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလ အဖွဲ့သည် လွတ်လပ်ရေးတိုက်ပွဲအတွက် လုံးပမ်းနေကြစဉ် စစ်တွေ ကျောက်ဖြူ သံတွဲ စသော မြို့ကြီးများရှိ မူဆလင်ရှေ့နေများခေါင်းဆောင်သော ခေတ်ပညာတတ် မူဆလင်များသည် ဗမာမူဆလင်ကွန်ဂရက်များကို ဖွဲစည်း၍ ပွဲလန့်စဉ် ဖျာခင်းရန် မူဆလင်သီးခြားပြည်နယ်ထူထောင်ရေးအတွက် စည်းရုံးအုံကြွလာခဲ့ကြသည်။ အရှေ့ပါကစ္စတန်ခေါ် ယ္ခုဘင်္ဂလားဒေ့ရှ်မှ ကုလားများ ထောင်နှင့်ချီ၍ ဝင်ရောက်လာကြပြီး ရခိုင်လူမျိုးများ မနေနိုင်အောင် ဆူပူသောင်းကျန်းမှုများ ပြုလုပ်ကြသဖြင့် အုပ်ချုပ်ရေးခက်ခဲပြီး မြို့ရွာများ မတည်မငြိမ် ဖြစ်ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် ဖဆပလ ဝန်ကြီးအဖွဲ့မှ တာဝန်ပေးခန့်အပ်သော မူဆလင်ဘင်္ဂလီစကားတတ် ကျွမ်းသည့် နယ်ပိုင်ဦးထွန်းဦးအား မူဆလင်တို့မှ ချောင်းမြောင်းသတ်ဖြတ်လိုက်ကြသည်။ ၁၉၄၈ ခုနှစ်အတွင်း မူဆလင်များ ပိုမိုဆူပူသောင်းကျန်းလာရာ အစိုးရမှ ဘိဒိအက်ဖ်တပ်များ စေလွှတ်၍ တားဆီးခြင်းများ ပြုရာ မူဆလင်တို့မှ ယင်းဘိဒိအက်ဖ် တပ်သားတို့သည် မူဆလင်တို့အား ပစ္စည်းယူ လူသတ် ကူရန် ကျမ်းစာအုပ်များ အား မီးရှို့သည်ဟု မတရားစွပ်စွဲလုပ်ကြံတိုင်တန်းခဲ့ကြပြီး မူဆလင်တို့သည် တဆင့်တက်၍ မူဂျာဟစ်တပ်ဖွဲ့ များ ဖွဲ့စည်းပြီး အဗ္ဗဒူကာဆင် ကြီးမှူးသော မူဂျာဟစ်တို့သည် အဖျက်လုပ်ငန်းများကို အပြင်းအထန် လုပ်ကိုင် ကြသည်။ ၁၉၅၂ ခု ဇွန်လ ၁၀ ရက်နေ့တွင် မောင်တောနှင့် ဘူးသီးတောင်မြို့များရှိ အစိုးရရုံးများကို မီးရှို့ခဲ့ကြ သည်။ ဗိုလ်ကြီးထင်ကျော်(ယခုဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဗိုလ်မှူးကြီးထင်ကျော်) ကြီးမှူးသော တပ်မတော်မှ မူဂျာဟစ်များကို နှိမ်နှင်းရာ ကာဆင်နှင့်တကွ လက်နက်ကိုင်မူဆလင်များသည် စစ်တကောင်း မြို့သို့ ထွက်ပြေးကြသည်။ စစ်တကောင်း၌ တဖန်အခြေချကာ မောင်တော ဘူးသီးတောင် မြို့သို့ ထွက်ပြေးကြ သည်။ စစ်တကောင်း၌ တဖန်အခြေချကာ မောင်တော ဘူးသီးတောင်သို့ မကြာခဏဝင်ရောက် နှောက်ယှက် တိုက်ခိုက်ကြခြင်းများပြုကြသည်။ မူဂျာဟစ်သောင်းကျန်းသူများနှင့် ဆူပူလှုပ်ရှားမှုများကို ထိရောက်စွာ နှိမ်နှင်း တားဆီးနိုင်ခဲ့သော ဗိုလ်ကြီးထင်ကျော်နှင့် တပ်မတော်သားများကိုလည်း မူဆလင်ကုလားတို့မှ ထုံးစံအတိုင်း အလွန်ပြင်းထန်စွာ လုပ်ကြံတိုင်တန်းခဲ့ကြပါသည်။ တိုင်တန်းရာတွင် မူဆလင်အမျိုးသမီးအား ကျူးလွန်ခြင်း ရွှေငွေပစ္စည်းများ လုယက်တိုက်ခိုက်ခြင်း ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များပါမကျန် နှိပ်စက်သတ်ဖြတ်ခြင်း မူဆလင်ထောင်ပေါင်းများစွာကို အရှေ့ ပါကစ္စတန်သို့မောင်းထုတ်နေကြောင်း ပြည်တွင်း ပြည်ပ စာတို စာရှည် များရေးသား တိုင်တန်းကြရာ ဒက္ကာ ကရာချီမြို့များထုတ် ဘင်္ဂလီနှင့် အူရဒူဘာသာ သတင်းစာများတွင်ပါ လုပ်ကြံသတင်းမျိုးစုံ ဖေါ်ပြကြပြီး မည်သည့်တပ်မှမတားဘဲ ပြောင်းရွှေ့ပေးရန် တောင်းဆိုကြသည်။