ဒီနေ့ 20.9.2014 ရက်နေ့ မနက် 10:00 နာရီမှာ မန္တလေး ဂျပ်ဖာစင်(Jetterson Center)ကို ရောက်ရှိခဲ့ပါတယ်။
လာပင့်သူက ဒီမိုကရက်တစ်မြန်မာ(မန္တလေး)မှ ဦးကျော်ကျော်ဖြစ်ပါတယ်။
စင်တာကိုရောက်တော့ ဒကာကြီး စောကြင်စိန်က လိုက်လံပြသ ရှင်းလင်းပြပါတယ်။
လူငယ်တွေရော လူကြီးတွေရော အင်္ဂလိပ်စကားပြော လေ့ကျင့်ရင်း ဆွေးနွေးနေကြတာတွေ တွေ့ခဲ့ရပါတယ်။ နိုင်ငံခြားသား နိုင်ငံခြားသူ လူငယ်တွေလည်း ပါဝင်ဆွေးနွေးကြတာ တွေ့ရပါတယ်။
နိုင်ငံတကာငြိမ်းချမ်းရေးနေ့အကြိုအဖြစ် လူငယ်တွေ အင်္ဂလိပ်သီချင်းဆိုပြီး အခမ်းအနား ကျင်းပနေတာကို လည်း တွေ့ခဲ့ရပါတယ်။
အမေရိကန်စင်တာမှာ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်း စိတ်ဝင်တစား လေ့လာအားထုတ်နေကြသည့် လူငယ်တွေ။
ကမ္ဘာကြီး ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း ကိုယ့်နည်းကိုယ့်ဟန်နှင့် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြ သည့် လူငယ်တွေ။
မိန်းကလေးရော၊ ယောက်ျားလေးပါ တွေ့မြင်ရတာ ကြည်နူးစရာမြင်ကွင်းလေးပါ။
အရက်ဆိုင်၊ ဘီယာဆိုင်၊ နိုက်ကလပ်၊ KTV စတာတွေမှာ တွေ့ရတတ်သည့် လူငယ်တွေကို ကြည့်ပြီး စိတ်ပျက်နေကြသူများအတွက်တော့ ဒီနေ့ လူငယ်တွေဟာ ဆေးကောင်းတစ်ခွက်တော့ ဖြစ်လိမ့်မယ် ထင်ပါတယ်။
တကယ့် တန်ဖိုးရှိတဲ့ လူငယ်တွေပါ။
ဒေါက်တာစိုးလင်း၊ ဦးကျော်ကျော်၊ ဦးစောကြင်စိန်တို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပေမယ့် လူငယ်တွေ စုပေါင်း သှီဆိုနေကြသည့် မိုက်ကယ်ဂျက်ဆင် သီချင်းစာသားတွေကို ကြားယောင်နေမိတာပါ။
We are the world we are the chiltren
We are the ones who make a brighter day…….
အတွေးအခေါ် ဂလိုဘယ်လ်ကျအောင်
ယဉ်ကျေးမှုမှာ လိုကယ်လ်ကျအောင်
လူငယ်တွေကို ဘယ်လိုပျိုးထောင်ကြမလဲ?
အလေးအနက် စဉ်းစားကြရမယ်နော်။
ဝီရသူ(မစိုးရိမ်)
20.9.2014