Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်”

$
0
0

အောင်သစ်လွင်
ရန်ကုန်-မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်းခြောက်ထားချိန်တွင် မောင်တောနယ်စပ် လုံခြုံရေး တိုးမြှင့်ထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ချေမှုန်းရေး ခေတ်မီသေနတ်များ ထုတ်ပေးထား ကာ တပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။
“နယ်စပ်လုံခြုံရေးက ပြည်သူပါပူးပေါင်းဖို့အရေးပါတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ပေးထားတယ်။ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ဖို့ အတွက်လည်း သင်တန်းတွေလည်းပေးထားတယ်။ တပ်မတော် (ရေ)ကလည်း တာဝန်ယူထားတယ်။ လုံခြုံရေးကိုတော့ အရင်ထက်ပိုတိုးထားတယ်” ဟု မောင်တောမြို့ အခြေစိုက်အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲရေးလက်အောက်ရှိ ဒုတိယရဲမှူးကြီး အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ကိုရီးယားနိုင်ငံထုတ် အကြမ်းဖက်ချေမှုန်းရေးသေနတ်များဖြစ်သည့် 12 Bore Winchester Slide Action Shot Gun များတပ်ဆင်ပေးထားပြီး MA-11 ဟုခေါ်သည့် တိုက်ပွဲများတွင် သုံးသည့် အဆင့်မီသေနတ်များလည်း ထုတ်ပေးထားကြောင်း သတင်းရရှိသည်။ ခေတ်မီသေနတ်များ ထုတ်ပေးထားခြင်းမှာ နယ်စပ်ဒေသလုံခြုံရေးအတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နယ်စပ်တစ်လျှောက်ကို ဒေသအုပ်စု(၄)စုသတ်မှတ်၍ ဒုတိယရဲမှူး ကြီး အဆင့်ရှိသူများက ဦးဆောင်၍ လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထို့အပြင် ခြံစည်းရိုးကားရံနိုင်ခြင်းမရှိသေးသော နေရာများတွင် ကင်းစခန်းများတည်ဆောက်ထားပြီး နယ်စပ်တစ်လျှောက် မြန်မာ့ရေပိုင်နက်အတွင်း တပ်မတော်ရေမှ စောင့်ကြည့်ရေး ရေယာဉ်တစ်ဏီးထားကာ လုံခြုံရေးအချိန်ပြည့်စောင့်နေကြောင်း နယ်မြေ(၄)မှ နယ်ခြားစောင့်ရဲအရာရှိတစ်ဦးကပြောသည်။

ယခုနှစ် မေလလယ်က မောင်တောနယ်စပ်လုံခြုံရေးရဲကင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့သည်။ နှစ်ဦးဒဏ်ရာရပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်အဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင်များကိုင်သည့် သေနတ်များမှာ ခေတ်မီမှုမရှိတော့ကြောင်း ဝေဖန်ခဲ့ကြပြီး ဒုချီးယားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်နှင့်အတူ ပျောက်ဆုံးသွားခဲ့သည့် အမှုမှာလည်း ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက်များ မရှိခြင်းနှင့် လေ့ကျင့်မှုအားနည်းခြင်းကြောင့်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သုံးသပ်ထားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...