နေ့စွဲ-တော်သလင်းလပြည့်ကျော် ၁၂-ရက်၊ ၁၃၇၆-ခု၊(သြဂုတ် ၂၀၊ ၂၀၁၄) စနေနေ့။
အကြောင်းအရာ။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားများ အကာအကွယ်မဲ့စွာ လူ့အခွင့်အရေး ဆုံးရှုံး နစ်နာမှုအပေါ် စိတ်မကောင်းဖြစ်ရခြင်းနှင့် တာဝန်ရှိသူများက တာဝန်ယူပေးရန် တိုက်တွန်းခြင်း။
ဖော်ပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍
၁။ ယခုနောက်ဆုံး(၁၄.၉.၂၀၁၄)နေ့က အသတ်ခံရသော မြန်မာ၂ဦးအပါအဝင် မလေးရှားနိုင်ငံ၌ ယခုနှစ် ၁-နှစ်အတွင်းမှာပင် မြန်မာနိုင်ငံသား ၂၀ ကျော် အသတ်ခံခဲ့ကြရပါပြီ။ မတရားနှိပ်စက်ခံရမှုများလည်း ရှိခဲ့ပါသည်။
၂။ ထိုင်းနိုင်ငံစသော အခြားနိုင်ငံများ၌လည်း ထို့အတူပင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အကာအကွယ် မဲ့စွာ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာနေရသည်မှာ အင်တာနက်လိုင်းများ စာနယ်ဇင်းများ၌ မကြာခဏ တွေ့မြင်ကြားသိနေရပါသည်။
၃။ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ အကာအကွယ်မဲ့စွာ လူ့အခွင့်အရေးဆုံးရှုံးနစ်နာနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံးတို့ကလည်း လုံးလောက်စွာ တာဝန်ယူမှု ပျက်ကွက်နေသည်များကိုလည်း တွေ့ရပါသည်။ လူ့အခွင့်အရေး အော်နေသူများသည်ပင် ရေငုံနှုတ်ပိတ်နေကြပါသည်။ လူသားချင်း စာနာစိတ်ရှိသူတိုင်း စိတ်မကောင်းဖြစ်ကြရမည်မှာ မလွဲပေ၊ မိမိတို့(မ.ဘ.သ)အဖွဲ့ကြီးကလည်း အလွန်စိတ်မကောင်းဖြစ်ရပါသည်။
၎။ ထိုဖြစ်ရပ်များကို ပြည်တွင်းပြည်ပ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးက လုံးလောက်အောင် တာဝန်ယူပေး ကြပါဟု မြန်မာနိုင်ငံသား ရဟန်း ရှင် လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့(မ.ဘ.သ) အဖွဲ့ကြီးက တိုက်တွန်း အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မ.ဘ.သအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။