Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စိရံတိဋ္ဌထုသဒ္ဓမ္မော သဒ္ဓမ္မောပရိယတ္တိပဋပတ္တိ ပဋိဝေဒသဒ္ဓမ္မသည် စီရံသာသနာငါးထောင်ကြာမြင့်စွာ တိဋ္ဌတု တည်ပါစေ ကုန်သတည်း” ၉၆၉

$
0
0
နိုင်ငံတော်သမ္မတကြီး
နေပြည်တော်
နေ့စွဲ-၁၉.၂.၂၀၁၄
ပြည်ထောင်စုသမ္မတနိုင်ငံတော် ရခိုင်ပြည်နယ် ရခိုင်ဒေသ၌ ရခိုင်လူမျိုးတို့ ထုံးတန်းစဉ်လာသည် ဤသို့တည်း…..
လူ့အခွင့်အရေးဆိုသောစကားရပ်၌ ရခိုင်လူမျိုးနှင့် ရခိုင်တိုင်းရင်းသားများတို့၏ ထုံးတမ်းစဉ်လာသည် ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာအချင်းချင်းသာလျှင် လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိသည်။ ပထမ မိသားစု အချင်းချင်း မောင်သားနှင့်အစ်မညီမ သမီး၊ အစ်မညီမသားနှင့်မောင်သမီး ရွေးချယ်၍ မိဘများမှရွှေငွေ အသွင်းနှင်း၍ လက်ထပ်ထိန်းမြားပေးကြသည်။ ကိုယ့်ရွာသားအချင်းချင်းလည်း ချစ်ကြိုက်၍ အိမ်ထောင်ပြုကြ သည်။ သူတို့သည် မိဘများထံမှ တန်းတူအမွေပစ္စည်းများကို ရရှိကြသည်။ ဤသည် လူ့အခွင့်အရေးဖြစ်သည်။ ကြီးစဉ် ငယ်လိုက် ထိမ်းသိမ်းပေးခဲ့ကြသည်။
တခြားဘာသာတိုင်းရင်းသားများကိုလည်း လက်ထပ်ထိမ်းမြားမည်ဆိုလျှင် မိဘသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လက်ထပ်ထိန်းမြားလျှင် အမွေပစ္စည်းများကို ရပိုင်ခွင့်ရှိသည်။ ဘင်္ဂါလီကုလားများကိုဖြစ်စေ ခရစ်ယာန်ဘာသာကိုဖြစ်စေ မိမိသဘောအတိုင်း လက်ထပ်ထိမ်းမြားမိခဲ့လျှင် ထိုသူသည် လူမျိုးကပါ အပယ်ခံရ ပြီး အမွေပိုင်ဆိုင်ခွင့် လုံးဝမရှိတော့ပြီ။ လူ့အခွင့်အရေးနှင့် ဘာသာရေးအခွင့်အရေးပါ အားလုံး ဆုံးရှုံးသွားရ လေသည်။ ယင်းကြောင့် အထက်ပါ ပညတ်ချက်ကို မဖောက်မဖျက် လူမျိုးနှင့် ဘာသာကို အဓိကထားပြီး စောင့်ရှောက်ကာစည်းရုံးရေးကို ခိုင်မြဲစေခဲ့ပါသည်။ ပုတ်ကြားလျှင်နွားချေ၊ မျိုးကြားလျှင် သူစိမ်းဆိုသည်ကို အဓိကထားကြပါသည်။ ဘာသာရေးတရားသည် အဓိကအကျင့်ဖြစ်သည်။ အကျင့်သည် တရားဖြစ်သည်။
လူမျိုးဘာသာရေးတရားကိုထိမ်းသိမ်းခြင်းမရှိသူသည် အကျင့်စာရိတ္တပျက်ပြီး လူမျိုးဘာသာ ၂ရပ်လုံးအတွက် ကုဏ်သိက္ခာကျဆင်းစေသော မတရားကိုကျူးလွန်သူဖြစ်သည်။ ဟိရိသြတ္တပ္ပတရား ရှက်ခြင်း၊ ကြောက်ခြင်း မရှိလျှင် အဝိဇ္ဇာတရားနှင့်လုံးဝ ဝှဉ်သွားသည်ဟုဆိုရပေလိမ့်မည်။ ငါလုပ်ချင်သလိုလုပ်မည်။ လူများဘာသာပဲ ပြောပြောဆိုလျှင် အတ္တလွန်ကဲပြီး မတရားကို ရောက်မှန်းမသိရောက်သွားပါလိမ့်မည်။ ကိုယ့်လူမျိုးနှင့် ကိုယ့်ဘာသာရှိပါလျှက်နှင့် တခြားလူမျိုး တခြားဘာသာကိုယူ၍ ထိမ်းမြားသွားသောသူတို့သည် ပုဆိန်ရိုး ဖြစ်သွားကြလေပြီး လူမျိုးနှင့် ဘာသာကို သစ္စာဖောက်သောကြောင့် ထိုသူများတို့သည် မည်သူမဆို တိုင်းပြည် ခေါင်းဆောင်ဖြစ်ရန် အလားအလာလုံးဝမရှိပြီ သူခိုးကိုဓားရိုးအပ်သလို ဖြစ်သွားကြပါလိမ့်မည်။ ခေါမဘုရင်နှင့် ရောမဘုရင်တို့ စစ်မက်ဖြစ်ပွားခဲ့ကြသည့်အခါ ရောမဘုရင်၏ ဘက်တော်သားများတို့သည် ခေါမဘုရင်ဘက်သို့ ရောက်သွားသဖြင့် ရောမဘုရင်စစ်ရှုံး၍ ထွက်ပြေးခဲ့ရကြောင်း သာဓကရှိပါသည်။
မြန်မာနိုင်ငံတွင် ကုလားများကိုယူသောမြန်မာတိုင်းရင်းသူတို့သည် ကုလားဘာသာကိုဝင်ရောက်ရ၍ ကုလားမ ဖြစ်သွားကြရလေသည်။ ကုလားဘက်သို့ ရောက်သွားကြရလေသည်။ ခရစ်ယာန်ကိုယူသော မြန်မာ မိန်းမများ တို့သည်လည်း ခရစ်ယာန်ဘာသာကိုဝင်၍ ခရစ်ယာန်ဖြစ်သွားကြရလေသည်။ ကုလားနှင့် ရလာသော သားသမီးများလည်း ကုလားကပြား(ဇေပါတီ)ကုလားဖြစ်သွားကြလေသည်။ ခရစ်နှင့်ရသောသားသမီးများ လည်း ခရစ်ယာန်ကပြား ခရစ်ယာန်ဖြစ်ကြလေသည်။ အားလုံး ခရစ်ယာန်နှင့် ကုလားဘက်ကို အပေါင်းဖြစ်သွားသည်။ မြန်မာတိုင်းရင်းသားဘက်က အနှုတ်ဖြစ်နေသည်။ အနှုတ်များလျှင် သုညသာ ကျန်မည် ဖြစ်သည်။ သည်လိုမဖြစ်ရအောင် မြန်မာနိုင်ငံတွင်နေထိုင်ကြသော မည်သည့်လူမျိုးမဆိုတိုင်းရင်းသားမဟုတ် သူတို့သည် မြန်မာတိုင်းရင်းသူတို့ကို ပေါင်းဖော်မိလျှင် မြန်မာလူမျိုးတို့ကိုးကွယ်သည့်ဘာသာကို ကိုးကွယ်ရမည် ဟု ဥပဒေတစ်ရပ်ကို အမြန်ပြုလုပ်ရန်လိုအပ်နေပါသည်။ မြန်မာနိုင်ငံတော်သည် မြန်မာနည်းမြန်မာ့ဟန်ဖြင့် တည်ဆောက်ထားသော နိုင်ငံတော်ဖြစ်၍ မြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒကိုလိုက်နာရမည်။
ရခိုင်တိုင်းရင်းသူ တိုင်းရင်းသားများတို့သည် ရှေ့ရခိုင်မင်းတို့ ပညတ်ထားသော ရာဇပညတ်နှင့် ရပ်ရွာက ပညတ်ထားသော ဂါမပညတ်ကိုဖျက်၍ အသစ်ပြင်ဆင်ခြင်းမရှိ
၁၉၈၇ ခုနှစ် မောင်တောမြို့ စံပြရပ်ကွက်နေ မသိန်းခင်သည် ဘင်္ဂါလီကုလားအာယုနှင့် ပေါင်းဖော်သည်ကို မောင်တောမြို့ရဲစခန်းမှ လူမျိုးနှင့် ဘာသာကို ဖောက်လွဲဖောက်ပြန်ပြုလုပ်မှုနှင့် အရေးယူ အမှုရေးဖွင့်ပြီး မောင်တောမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ပါသည်။ မြို့နယ်တရားသူကြီးရုံး အဖွဲ့မှ တရားသူကြီး ဦးလှထွန်း ကျော်ဦးဆောင်သော အဖွဲ့သည် လူမျိုးနှင့် ဘာသာကို ဖောက်လွဲဖောက်ပြန်ဖျက်ဆီးမှုကို ကျူးလွန်သဖြင့် နောင်ကို ဤကဲ့သို့ အမှုမျိုးမဖြစ်စေရန် မသိန်းခင်နှင့် အာယုတို့ ၂ ဦးစလုံးအား ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့် သာဓကရှိပါသည်။ ရှေ့ရခိုင်မင်းတို့သည် ဘာသာခြားနှင့် ရောလုံး ယှက်တင်ပေါင်းသင်း ခြင်း မပြုလုပ်ရဟု ရာဇပညတ်နှင့် ဂါမပညတ်(အပရိဟာနိယ)တရားကို မကျူးလွန်ရဟု ထုံးဖွဲ့ထားပါသည်။ ရခိုင် တိုင်းရင်းသူတိုင်းရင်းသားတို့သည် ထိုထုံးဖွဲ့ထားသည့်(အပရိဟာနိယ)တရားကိုမဖောက် မဖျက် ထိမ်းသိမ်းထားသည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။ ကုလားများကိုယူ၍ ပေါင်းဖော်မိလျှင် လူမျိုးနှင့်ဘာသာ ၂ရပ်စလုံးမှ အပယ်ခံရမည်ကို အလွန်ကြောက်ရွံကြပါသည်။ ကုလားများတို့သည် ရခိုင်သူမများတို့ကို ရဘို့အတွက် အမျိုးမျိုး ထိုးဖောက်ကြသည်။ ရခိုင်သူမများတို့သည် ကုလားများကို စိတ်ကူးယဉ်မှာသော်လည်း ထည့်၍ မစဉ်းစားသေးကြောင်း တင်ပြလိုက်ရပါသည်။
ဦးဥတ္တမသာရဘုန်းတော်ကြီး
၎-မိုင်တောင်ဦးတောရကျောင်း၊မောင်တောမြို့
သက်တော်(၈၅)နှစ်၊သိက္ခာတော်(၁၅)ဝါ

မွေးရာဇာတိ၊မောင်တောမြို့နယ်၊သရက်အုပ်ကျေးရွာ


Viewing all articles
Browse latest Browse all 2129

Trending Articles


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်