မြန်မာတွေ မတရားအလုပ်ခံရတာ အများကြီးပါ။ တချို့ဆို သေဒဏ်အချခံရပါတယ်။ တရားသူကြီးရဲ့ အဆုံးအဖြတ်က မတရားဘူးဆိုရင် အယူခံအဆင့်ဆင့်ဝင်လို့ရပါတယ်။ တရားသူကြီးလာဘ်စားပြီး မတရားလုပ်တာထင်ရှားရင် တိုင်တန်းလို့ရပါတယ်။
အခုလို မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့ အကြမ်းဖက်ခွင့်မရှိပါ။
မြန်မာနိုင်ငံပါနော်။
မြန်မာ့ဥပဒေကို လေးစားပါဗျာ။
တရားဥပဒေစိုးမိုးစေချင်ရင် ကိုယ်ကိုယ်တိုင် အရင်ဆုံး ဥပဒေဘောင်အတွင်းက တော်လှန်နိုင်မှဖြစ်မယ်ဗျ။
(တာဝန်သိ ပြည်သူတစ်ဦးပေးပို့လာသော အောက်သတင်းကို ဖတ်ကြည့်လိုက်ပါဦး။)
(10.4.2014)ရက်နေ့၊ ညနေ (3:30)နာရီခန့်၊ မန္တလေးခရိုင်တရားရုံးတွင် အစ္စလာမ်ဘာသာဝင် လင်းသူရဇော်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုထုံထိုင်းစေသော ဥပဒေပုဒ်မ (၁၉/က)အရ ထောင်ဒဏ် (၁၂)နှစ်၊ (၁၅/၄) အရ ထောင်ဒဏ် (၄)နှစ် ချခဲ့သောကြောင့် တရားခံ၏ မိသားစုအပါအဝင် မူဆလင်အယောက် (၃၀)ကျော်တို့သည် ခရိုင်တရားရုံးတွင် ဆူပူအော်ဟစ်ပြီး ခရိုင်တရားသူကြီးအား သတ်မည်ဟူ၍လည်းကောင်း၊ ဒီနိုင်ငံတရားစီရင်ရေးက ဘာတရားစီရင်ရေးလဲ ဟူ၍လည်းကောင်း၊ ခရိုင်တရားသူကြီးအား ရာထူးနှင့် အမည်ကိုတပ်၍ ညစ်ညမ်းစွာ ဆဲဆိုသည်။ ခရိုင်တရားသူကြီးမှ ညနေ (၅း၃၀)ခန့် အချိန်အထိ မည်သည့်နေရာကိုမျှမသွားရဲဘဲ ယင်း၏ တရားခွင်အား တံခါးအလှုံပိတ်၍ နေခဲ့ရသည်။ တရားရုံးတာဝန်ကျရဲများကလည်း တရားခံအား အချုပ်ထဲသို့သာ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး ကျန်ကိစ္စများ ယင်းတို့နှင့်မဆိုင်ဟု ပြောသည်။ ကျန်မူဆလင် (၃၀)ကျော်အား လင်းထုဋ်ဆိုသူမှ ဦးဆောင်ပြီး ညနေ (၅း၃၀)နာရီခန့်အချိန်ထိ တရားရုံးရှေ့လဘက်ရည်ဆိုင်တွင် ခရိုင်တရားသူကြီးအား စောင့်ဆိုင်းနေကြကြောင်း ကြားသိရသည်။