4.4.2014 ရက်နေ့ လှည်းကူးမြို့နယ်တွင်ဖြစ်ပွားခဲ့သော ရန်ပွဲအား အခြေခံ၍ ဘာသာရေးအသွင် ဖန်တီးရန် ပြည်တွင်းပြည်ပ မီဒီယာအချို့ ကြိုးပမ်းခဲ့သည်ကို စုံစမ်းသိရှိရပါသည်။ ပြည်ပမှ အောက်တန်းစားမီဒီယာအချို့ ၉၆၉ ဦးဆောင်ဆရာတော်ဦးဝီရသူ(မစိုးရိမ်) (မ.ဘ.သ) ညောင်လေးပင်တွင် တရာဟောပွဲနှင့် ချိန်ကိုက်၍ လှုံ့ဆော်မှုများအချို့ကို ဖုန်းနှင့် အွန်လိုင်းမီဒီယာတို့မှတစ်ဆင့် သိရှိရပါသည်။ အွန်လိုင်းမီဒီယာအချို့တွင် ကြမ်းတမ်းစွာ ဆဲဆိုမှုများနှင့် ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်းရွှေကြည်တို့အား ညစ်ညမ်းသော ရုပ်ပြောင်များဖြင့် ဖော်ပြပြီး ဆရာတော်ဦးဝီရသူအား တရုတ်ခရိုနီဆိုးများ၏ ထောက်ပံ့မှုဖြင့် မွတ်စလင် မကောင်းကြောင်း တရားဟောနေသောဘုန်းကြီးဟု ဝေဖန်စွပ်စွဲမှုများကို လုပ်ကြံဓာတ်ပုံများဖြင့် ပေးပို့လာပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တရားဥပဒေစိုးမိုးရေး တာဝန်ကို အချိန်နှင့်တပြေးညီ အုပ်ချုပ်သူ တာဝန်ရှိပုဂ္ဂိုလ်များ ချက်ချင်းအချိန်မီ ဆောင်ရွက်ပေးနိုင်မှုများကြောင့် ပြဿနာသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ကြား သံသယများကင်းစေရန် 6.5.2013 ရက်နေ့မှစ၍ ၉၆၉ ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်)ဆရာတော်ဦးပါမောက္ခ တို့နှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်တို့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းမှုအား ထိခိုက်အောင်ပြုလုပ်ချင်သူများ အချို့လုပ်ဆောင်နေသည်ကို တွေ့မြင်ရပါသည်။ အွန်လိုင်းမီဒီယာများမှတစ်ဆင့် ပြင်းပြင်းထန်ထန်လုပ်ဆောင် နေသည်ကို စိတ်ပျက်ဝမ်းနည်းဖွယ်ရာ တွေ့နေရသော ရဟန်းရှင်လူ မိဘပြည်သူများ စိတ်မချမ်းသာ ဖြစ်နေရသည်ဟု ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အသိုင်းအဝိုင်းများမှလည်း ရှုံ့ချပြောဆိုနေကြပါသည်။ ပြဿနာဖြစ်တိုင်း အခြေခံလူတန်းစားများ ဆင်းရဲသားများသာ ထိခိုက်နစ်နာ၍ ဒုက္ခပင်လယ်ဝေ၍ နိုင်ငံတော်သာ နစ်နာနေရပါသည်။ အဓိကရုဏ်းများကို ဖန်တီးသူများ၏ သားစဉ်မြေးဆက် ဆိုးကျိုးကိုသာ ရရှိခံစားရမည်ကို နားလည်သဘောပေါက်သင့်ပါသည်။ ယခုကဲ့သို့ သာမာန်ရန်ပွဲမှ ဘာသာရေးအဓိကရုဏ်း အသွင်ဖန်တီးခဲ့သူများကို နိုင်ငံတော်အစိုးရ တာဝန်ရှိသူအချို့မှ တိကျမှန်ကန်ပြတ်သားစွာ အရေးယူ ဆောင်ရွက်ပေးမှုကြောင့် ပြဿနာများ မကြီးထွားပဲ ချက်ချင်းလက်ငင်းတည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ပေးခဲ့ ၍ ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များကို အထူးလေးစားဂုဏ်ပြုပါသည်။ ပြည်ထဲရေး သာသနာရေး ရဲချုပ်ကြီးနှင့် တိုင်းတပ်ဖွဲ့မှူးကြီးနှင့် ရဲအရာရှိကြီးများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ငြိမ်ချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွက်ယက်သည် ရဟန်းသံဃာတော်များ မိဘပြည်သူများ တာဝန်ရှိ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ နိုင်ငံတော်အကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ၉၆၉ ဦးဆောင်ဆရာတော်ဦးဝီရသူ(မစိုးရိမ်)(မ.ဘ.သ)နှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေသော ပုဂ္ဂိုလ်များနှင့် အတူ ရှေ့လုပ်ငန်းစဉ်များဖြစ်သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး လုပ်ငန်းစဉ်များကို နှောက်ယှက်ဟန့်တားဖျက်ဆီးသူများသည် ကိုယ်ပြုသည့်ကံ ပဲ့တင်သံကဲ့သို့ ကိုယ့်ထံ ကိုယ့်မိသားစုထံ ပြန်၍ အကျိုးသက်ရောက်မည်ကို သတိထား၍ ဆင်ခြင်သင့်ပါသည်။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ယက်သည် ရှေ့ဆက်၍ ၉၆၉ ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်)နှင့် (မ.ဘ.သ) မှ တာဝန်ရှိသူများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်၍ အကောင်အထည်ဖော်ရန် ဆန္ဒပြုထားပြီးဖြစ်ပါသည်။ နှစ်ဟောင်းမှ အမုန်းတရားများကို ဆေးကြော၍ နှစ်သစ်သို့ ကောင်းမွန်သော ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာရန် ကြိုးပမ်းပေးကြပါရန် မေတ္တာရပ်ခံပါသည်။
ဒိုင်းမွန်းရွှေကြည်(တာဝန်ခံ)
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေသံတမန်ကွန်ယက်