Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အနိုင်ကျင့်ခံခဲ့ရသော မြန်မာအမျိုးသမီး အကူအညီလိုအပ်နေ”

$
0
0
28.8.2014 ရက်နေ့က မွတ်စလင်လူတစ်စု၏ ဝိုင်းရိုက်ဝိုက်းကိုက်တာကို ခံခဲ့ရတဲ့ ဒေါ်သန္တာမြင့်(၄၈)နှစ် (ဗမာ/ဗုဒ္ဓ) မန္တလေး ၆၂ လမ်း၊ အရိုးအကြော အထူးကုဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။
ဒေါ်သန္တာမြင့်ရဲ့ အမျိုးသားက မွတ်စလင်ပါ။ သားတစ်ယောက် သမီးနှစ်ယောက်ရှိပါတယ်။ အမျိုးသား ဦးနိုင်ထွန်းက ဒေါ်သန္တာမြင့်နှင့် လက်ထပ်ကတည်းက ဗုဒ္ဓဘာသာခံယူခဲ့ပါတယ်။ ရွှေကူကြီးကျောင်းမှာ နှစ်စဉ် ဒုလ္လဘ ရဟန်းဝတ်တာ အကြိမ်(၂၀) အနှစ်(၂၀)ရှိပါပြီ။
မိသားစုငါးယောက်လုံး ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ကာ ဦးနိုင်ထွန်းမိသားစုနှင့် အိမ်ဝန်းတစ်ဝိုင်းထဲမှာပဲ နေကြပါ တယ်။
28.8.2014 ရက်နေ့မှာတော့ စကားများရာမှ ရန်ဖြစ်ကာ ဦးနိုင်ထွန်းရဲ့ ဆွေမျိုးများက အုပ်စုဖွဲ့ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတာပါ။
ဒေါ်ခင်စန်းယု(နှမ)
ဒေါ်သက်မာ(ခယ်မ)
ဦးဝင်းဇော်(ညီ)
ကိုအငယ်လေး(တူ)
မမီးငယ်(တူမ)
ဒေါ်နီ(ခယ်မ) တို့က ဝိုင်းရိုက်ကြတာဖြစ်ပါတယ်။
ဒေါ်သန္တာမြင့်လက်သန်းကို ကိုက်ဖြတ်လိုက်တဲ့ ဒေါ်သက်မာဆိုတာ ဦးနိုင်ထွန်း ညီရဲ့ မိန်းမဖြစ်ပြီး အရင်က ဗုဒ္ဓဘာသာဝင် ကချင်တိုင်းရင်းသူဖြစ်ပါတယ်။ အခုတော့ လင်ဖြစ်သူရဲ့ ဘာသာဖြစ်တဲ့ အစ္စလာမ်ဘာသာကို ကူးပြောင်း ကိုးကွယ်ထားသူဖြစ်ပါတယ်။
အမရပုရမြို့၊ ကိုယ်ရံတော်ရပ်ကွက်၊ ဗလီတောင်ဘက်မှာ နေထိုင်ကြပြီး 30.8.2014 ရက်နေ့မှာ အမရပုရ ရဲစခန်းက အာမခံနှင့် လွှတ်ပေးထားပါတယ်။
ဒေါ်သန္တာမြင့်က လင်ကိုရော သားသမီးတွေကိုပါ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စွမ်းဆောင်နိုင်သူဖြစ်လို့ ရန်ညှိုးထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ဒေါ်သန္တာမြင့်ရဲ့ အမျိုးသားက အမှတ်(၈)ကားအသင်းမှာ ဂိတ်စောင့် အလုပ်လုပ် ကြောင်း၊ သားကြီးက ဥပဒေပထမနှစ်၊ သမီးလတ်က ဆယ်တန်း၊ သမီးငယ်က လေးတန်းအရွယ်ဖြစ်ပါတယ်။
လခ ပညာရေးစရိတ်တို့ကြောင့် ဆေးကုသစရိတ်အခက်အခဲရှိကြောင်း သိရလို့ မန်း မ.ဘ.သ နှင့် အမရပုရ မ.ဘ.သ ကရော မန္တလေးကာယကံမေတ္တာအဖွဲ့ကပါ ဝိုင်းဝန်းထောက်ပံ့နေကြပါတယ်။
ဆက်သွယ်ရန်
ဦးစန္ဒာဝရ-ရွှေဘုံသာတိုက်ဟောင်း၊ အမရပုရ-09.43155144
ဦးနိုင်ထွန်း-09.259111063



Viewing all articles
Browse latest Browse all 2129

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။