Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘင်္ဂလီများ နိုင်ငံတော်အလံကိုဖြုတ်ချ-ဖင်ခုထိုင်”

$
0
0
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြက်မောက်တောင်ရွာသစ်၊ မူလတန်းကျောင်းမှာ ဘင်္ဂလီငါးယောက် က နိုင်ငံတော်အလံကို ဖြုတ်ချပြီး ဖင်ခုထိုင်ခဲ့ကြောင်းနှင့် ကျောင်းကိုသော့ဖျက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
31.8.2014 ရက်နေ့ မွန်းလွဲ(1:00) နာရီမှာ ဖြစ်ပွားခဲ့တာပါ။
သတ္တမတန်းကျောင်းသားလေးယောက်နှင့် မာမက်ဟူစိန်(၂၄)နှစ်တို့ဖြစ်ပြီး၊ သော့ခလောက်ဖျက်ဆီးပြီး စာသင်ခန်းထဲဝင်ရောက်ကာ ဆရာကိုင် ပြဋ္ဌာန်းစာအုပ် ၅အုပ်၊ မူကြိုတန်းနှင့် မူလတန်းကျောင်းသား/သူ စားရင်းစာအုပ်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အလံကိုလည်း မြေကြီးပေါ်မှာ ဖြန့်ခင်းပြီး တက်ထိုင်ခဲ့ကြပါတယ်။
ကြက်မောက်တောင်သစ်ရွာဟာ ဘင်္ဂလီမူဆလင်ရွာကြီးဖြစ်ပြီး ရာအိမ်ခေါင်း မာမက်ဟူစိန်က ဦးဆောင် သော့ဖျက်ကာ စာသင်ခန်းထဲ ဝင်ရောက်သောင်းကျန်းကြခြင်းပဲ ဖြစ်ပါတယ်။
2.9.2014 ကျောင်းဖွင့်ရက်ရောက်တဲ့အခါ အလံတိုင်မှာ အလံမရှိတော့မှ သိကြတာဖြစ်ပြီး၊ အရပ်ထဲမှာတော့ အလံမီးရှို့ခံရကြောင်း ကောလာဟလကြီးသွားခဲ့တာဖြစ်ပါတယ်။
မြို့နယ်ရဲမှူး၊ ထွေအုပ်ဦးစီးမှူးနှင့်၊ ပညာရေးမှူးတို့ သွားရောက်ကြည့်ရှုပြီးနောက် ဘင်္ဂါလီငါးယောက်ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရပါတယ်။
ဘူးသီးတောင်မြို့၊ အထကခွဲ(၂)မှာ 25.8.2014 ရက်နေ့တုန်းကလည်း သတ္တမတန်းကျောင်းသား မိုဟာမက်ဆော်ဖော်ဝါ(ဘ)အဒူးဂေါ်ဖူးနှင့် မိုဟာမက်ကော်ရီမူလာ(ဘ)အဒူဆလင်တို့က နိုင်ငံတော်သီချင်းကို ကမ္ဘာမကြေ မွတ်စလင်ပြည်ဟု စာသားပြောင်းသီဆိုခဲ့ကြကြောင်း၊ တားမြစ်သောဆရာမကို ပြန်လည် ကြိမ်းမောင်းခဲ့ကြကြောင်းနှင့် ၄င်းကျောင်းသားနှစ်ယောက်ကို ကျောင်းထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလီများကြီးစိုးရာ ဘူးသီးတောင်နှင့် မောင်တောမြို့တွေမှာ ဒေသခံဘင်္ဂလီတွေက RSO တွေနှင့်ပေါင်းပြီး ဌာနဆိုင်ရာရုံးတွေနှင့် အကြီးအကဲတွေကို ဗုံးခွဲဖျက်ဆီးလုပ်ကြံမည့်အရေးကြောင့် လုံခြုံရေးများ တင်းကြပ်ထား ကြောင်းသိရပါတယ်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...