Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အညတရအကျဉ်းသား မိသားစုများအား ထောက်ပံ့လှူဒါန်း”

$
0
0
မန္တလေးဂျီဟဒ်စစ်ပွဲကြောင့် ဓားစာခံဖြစ်ခဲ့ရသော အကျဉ်းသား (၁၁)ဦးအား မန်း မဘသ အဖွဲ့က ဥပဒေပိုင်းဆိုင်ရာ အကူအညီများပေးခဲ့သည့်အပြင် ၄င်းတို့၏ မိသားစုများကိုပါ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
၎င်းတို့(၁၁)ဦးသည် ပုသိမ်ကြီးမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်များမှဖြစ်ပြီး ပွဲဦးထွက် ထောင်ချခံလိုက်ရသူ များလည်းဖြစ်သည်။
၎င်းတို့ ထောင်တွင်းလိုအပ်ချက်နှင့် ၄င်းတို့မိသားစု လက်တလောလိုအပ်ချက်များကို မန်းမဘသ အဖွဲ့က ထောက်ပံ့ကူညီနေသည့်အပြင် ဦးဝီရသူကလည်း ပုဂ္ဂလိက အလှူဒါနအဖြစ် သီးခြားအလှူငွေများ လှူဒါန်း ခဲ့ပါသည်။
31.8.2014 ရက်နေ့က လှူဒါန်းခြင်းဖြစ်ရာ မိသားစုတစ်စုလျှင် ငွေသုံးသောင်းကျပ်စီနှင့် အယူခံဆောင်ရွက်ရန် စာရွက်စာတမ်းကူးခ နှစ်သောင်းကျပ်စုစုပေါင်း ၃၅၀၀၀၀ိ(သုံးသိန်းငါးသောင်းကျပ်) လှူဒါန်းနိုင်ခဲ့ပါသည်။

အသတ်ခံရတာလည်း ဗမာပဲ၊ အဖမ်းခံရတာလည်း ဗမာပဲ၊ ထောင်ချခံရတာလည်း ဗမာပဲ ဟု ရင်တွင်းခံစား ချက်များ ပွင့်အံလာခဲ့သည့် မိသားစုဝင်များဖြစ်ပြီး ဘုမသိ ဘမသိနှင့် ဂျီဟဒ်ထောင်ချောက်ထဲ ကျရောက်ခဲ့ ရသူများအတွက် ဝမ်းရေးရော လွမ်းရေးပါ သောကဖိစီးခံနေရသူများ ဖြစ်လေသည်။






Viewing all articles
Browse latest Browse all 2129

Trending Articles