မန္တလေး၊ သြဂုတ် ၂၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ (၂၂.၈.၂၀၁၄)ရက်နေ့၊ မွန်းလွဲ(၃း၀၀)နာရီအချန်တွင် မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ နဂါးနီစုဘူးတာဝန်ခံများဖြစ်ကြသော ဆရာတော်အရှင်ဇဝန၊ ဒေါ်ကြည်ကြည်မာ၊ ဒေါ်ကြင်ကြင်မြိုင်တို့တက်ရောက်ကြပြီး အဝါရောင်မျိုးဆက်သစ်(Y.G.W) ဆရာတော်များဖြစ်ကြသော အရှင်ဝိစိတ္တ၊ အရှင်နာဂိန္ဒနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ စီးပွားရေး လူမှုရေးဆိုင်ရာ အသိပညာများ ဟောပြောပေးခဲ့ကြောင်း၊ မာလကာခြံရှိ နဂါးနီစုဘူးအသင်းဝင်(၄၅)ဦးအနက် (၃၀)ဦးအား (၁)သိန်းကျပ်စီနှင့် (၁၅)ဦးအား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် (၆)ကြိမ်မြောက် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝီရခေမိန် (နဂါးနီုစုဘူးသတင်းထောက်)