Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သြစတြေးလျသည် အင်္ဂလိပ်စကားပြော အစွန်းရောက်ဝါဒ ဖြန့်ချိရေးဗဟိုချက် ဖြစ်လာနေ”

$
0
0


ရဲလွင်အောင်
ဆစ်ဒနီ၊ သြဂုတ် ၁၃
သြစတြေးလျနိုင်ငံသည် အင်္ဂလိပ်ဘာသာစကားအသုံးပြုသော အစ္စလာမ်အစွန်းရောက်ဝါဒဖြန့်ချိရေး သမားများ ၏ ဗဟိုချက်တစ်ခုဖြစ်လာနေပြီဖြစ်ကြောင်း သြစတြေးလျ ထောက်လှမ်းရေးဌာန၏ ညွှန်ချုပ် ဒေးဗစ် အီဗင်းက ဗုဒ္ဓဟူးနေ့တွင် သတိပေးပြောဆိုခဲ့သည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ကြောက်စရာကောင်းသော သွေးမြေကျမှုများကြောင့် သြစတြေးလျတွင် စစ်သွေးကြွမျိုးဆက်သစ်များ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း ဒေးဗစ်အီဗင်းကပြောဆိုခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် သြစတြေးလျနိုင်ငံသားများ၊ ၄င်းတိုက်ပွဲများကို ထောက်ခံနေသည့် သြစတြေးလျ နိုင်ငံသားများဦးရေသည် မကြုံစဖူးထူးကဲစွာ များပြားလာနေခဲ့ကြောင်း ၄င်းက မိန့်ခွန်းပြောကြားတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
အစ္စလာမ်နိုင်ငံတော်(IS) အမည်ရှိ အကြမ်းဖက်အဖွဲ့သည် ထောက်ခံသူဦးရေ  တိုးတက်များပြားလာရေးနှင့် လူမှုမီဒီယာများမှတစ်ဆင့် လူသူစုဆောင်းနိုင်ရေးတို့အတွက် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူများအား အသုံးချလျက်ရှိနေကြောင်း အီဗင်းက ပြောဆိုခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် သတ်ဖြတ်နေသည်များကို တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များမှတစ်ဆင့် သြစတြေးလျနိုင်ငံ သားများ သိရှိနေပြီဖြစ်သောကြောင့် ၄င်းစစ်ပွဲများကို လူမှုမီဒီယာစစ်ပွဲများဟု ခေါ်ဆိုနိုင်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။
အစွန်းရောက်များသည် ၄င်းတို့၏ဝါဒကို ဖြန့်ချိနိုင်ရန် လူမှုမီဒီယာများကို အသုံးချနေပြီး သြစတြေးလျလူငယ် များ အစွန်းရောက်အမြင်များရှိလာရေးအတွက် ၄င်းမီဒီယာများမှတစ်ဆင့် ရက်စက်စွာ သတ်ဖြတ်နေပုံများကို ဝါဒဖြန့်ချိပေးပို့နေခဲ့သည်။
ယခုအပတ်အတွင်းတွင် ဆီးရီးယားတွင် အသက် ၇ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ကလေးငယ်တစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ကိုင်ထားပုံအား တွစ်တာတွင် လူပေါင်းများစွာက ဝေမျှဖော်ပြခဲ့ကြသလို သြစတြေးလျ နှင့် အခြားနေရာများရှိ သတင်းစာများကလည်း မျက်နှာဖုံးများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။
ဆီးရီးယားသို့ ယမန်နှစ်တွင် ထွက်ပြေးခဲ့ပြီး ယခုအချိန်တွင် အစ္စလာမ်နိုင်ငံတော်အဖွဲ့တွင် ပါဝင်တိုက်ခိုက်နေ သည့် သြစတြေးလျနိုင်ငံသား ခါလက် ရှာရိုးက သားဖြစ်သူကလေးငယ်က ခေါင်းပြတ်ကြီးကို ကိုင်ထားပုံအား တွစ်တာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၄င်းနှင့် သားငယ်သုံးဦးတို့ သေနတ်ကိုင်ဆောင်ထားသည့် ပုံတစ်ခုကို လည်း ခါလက်က တွစ်တာတွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံများကို သတင်းစာများက ဖော်ပြချိန်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဓာတ်ပုံများကို မြင်တွေ့နေရသည်မှာ အော့အန်ချင်စရာ ကောင်းလှပြီး ယင်းသည် IS အဖွဲ့၏ လုပ်ရပ်ကို ပိုမိုထင်သာ မြင်သာရှိသွားစေကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ယင်းလုပ်ရပ်ကို ပြုလုပ်နေသူမှာ သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်နေသောကြောင့် ပိုမိုအံ့သြတုန်လှုပ်မိ ကြောင်း အီဗင်းက ပြောဆိုခဲ့သည်။
သြစတြေးလျနိုင်ငံသားများသည် ယခုအချိန်တွင် ပရိသတ်များနှင့် တပ်သားသစ်များကို စနစ်တကျ စစ်ဆေး စည်းရုံးနေသည့် အင်္ဂလိပ်စကားပြော အစွန်းရောက်ဝါဒဖြန့်ချိရေးသမားများဖြစ်ကြပြီဖြစ်ကြောင်း၊ သြစတြေးလျ နိုင်ငံသား အစွန်းရောက်များနှင့် အခြားသူများသည် တစ်ဦးတည်း သင်းကွဲနေသူများသည် တစ်ဦးတည်း သင်းကွဲနေသူများကို စနစ်တကျ ရွေးထုတ်ပြီး စည်းရုံးခြင်း၊ အစွန်းရောက်တစ်ဦးဖြစ်လာအောင် သွေးထိုးလှုံ့ ဆော်ခြင်းတို့ကို ပြုလုပ်နေကြောင်း ၄င်းက ပြောဆိုခဲ့သည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် သြစတြေးလျနိုင်ငံသား(၁၅၀) ဦးခန့် ပါဝင်တိုက်ခိုက်နေကြောင်း သြစတြေးလျ အစိုးရအရာရှိများက ပြောဆိုခဲ့သည်။ အခြားနိုင်ငံများ၏ နိုင်ငံသားတချို့တို့သည်လည်း ဆီးရီးယားနှင့် အီရတ်တို့တွင် ပါဝင်တိုက်ခိုက်နေကာ ၄င်းတိုက်ခိုက်ရေးသမားများ မိခင်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် အကြမ်းဖက်မှုများ ပြုလုပ်မည်ကို သက်ဆိုင်ရာအစိုးရများက စိုးရိမ်နေခဲ့သည်။
Source:AFP

Viewing all articles
Browse latest Browse all 2129

Trending Articles


ရွှေမျှောစွန့်ပစ်မြေစာပုံအောက်တွင် ကလေးငယ်တစ်ဦးအား သတ်ဖြတ်၍...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား