19.8.2014 ရက် ည 12:00 ခန့်မှာ ဒေါ်စောမာလာတို့သားအမိ ဆိုင်မှ ပြန်လာခဲ့ပါတယ်။
နန်းရှေ့လမ်းနှင့် ရုံးလမ်းထောင့်မှာရှိတဲ့ သစ်ရိပ်သာ ဒိန်ချဉ်(အအေး)ဆိုင်မှ ပြန်လာခြင်းပဲ ဖြစ်ပါတယ်။
ရွှေတစ်ချောင်းလမ်းထောင့်အရောက်မှာ ရွှေကူရပ်ကွက်ရုံးမှ အဖွဲ့ဝင်တစ်ယောက် နောက်ကနေ ဆိုင်ကယ်နှင့် အပြေးမောင်းလာပြီး လိုက်ခေါ်ပါတယ်။
အရေးကြီးလို့ စခန်းကို လိုက်ခဲ့ဖို့ခေါ်တော့ ညအချိန်မတော်ကြီးဖြစ်နေလို့ ဒေါ်စောမာလာက မလိုက်ပါဘူး။
အိမ်ကိုရောက်တယ်ဆိုရင်ပဲ ရဲ(၁၀)ယောက်ခန့်ရောက်လာပြီး ခဏလိုက်ခဲ့ပါ ထပ်ခေါ်ပါတယ်။
ဘာအတွက်လဲမေးတဲ့အခါ ဟိုကျရင်သိလိမ့်မယ်လို့ပဲပြောပါတယ်။ ခေါင်းဆောင် ဗိုလ်လေးမျိုးသိန်းဆိုသူက ပြောတာပါ။
သူကပဲ တောင်းတောင်းပန်ပန်နှင့် အတင်းခေါ်ပါတယ်။
ရွှေပလ္လင်မော်ဘုရားတင် အနီးလေးပါလို့ပြောတော့ အဖော်ခေါ်လိုက်ဦးမယ် ပြောတဲ့အခါ အားလုံး အိပ်ကုန်ကြပြီ ခေါ်မနေနဲ့တော့လို့ တားပါတယ်။
ဒေါ်စောမာလာက အိမ်နီးချင်းတွေ လိုက်နှိုးတဲ့အခါ ရဲတွေက ထပ်ကြပ်မကွာ အိမ်ပေါက်စေ့ လိုက်လာပါတယ်။
သက်သေ ၃ ယောက်နှင့်အတူ အိမ်မှ ထွက်လာပါတယ်။ ရဲတွေက သူတို့ကို ပတ်ပတ်လည်မှ ဆိုင်ကယ်အုပ်နှင့်ညှပ်ပြီး ခေါ်လာတာပါ။
ဘုရားရောက်တော့ ဘာမှမတွေ့ရလို့ ဘာအတွက်ခေါ်တာလဲ မေးတဲ့အခါ ဗိုလ်လေးမျိုးသိန်းက လမ်းလယ်ခေါင်ကြီးမှာ လူမြင်မတော်လို့ စခန်းလိုက်ဖို့ ခေါ်ပါတယ်။
စခန်းဆိုရင် လိုက်စရာအကြောင်းမရှိဘူး-ဆိုကာ လှည့်ပြန်ခဲ့ကြပါတယ်။
နေပစေ အဲလောက် ခေါင်းမာနေရင် ပစ်ထားလိုက်ဟု ရဲတစ်ယောက်ပြောသံတော့ ကြားလိုက်ရပါတယ်။
ဒေါ်စောမာလာ အိမ်ပြန်ရောက်ချိန်မှာ သစ်ရိပ်သာအအေးဆိုင်သို့ ရဲကားတစ်စီးရောက်လာပါတယ်။
သစ်ရိပ်သာအအေးဆိုင်မှာ ဒေါ်စောမာလာရဲ့ အမျိုးသား ဦးမြင့်ဦးရှိပါတယ်။
ဦးမြင့်ဦးက ရှိခိုးဆို ရှိခိုးပါ့မယ် မလိုက်ပါရစေနဲ့ ပြောတဲ့အခါ အမှတ်(၂) ရဲစခန်းမှူးက ဖုန်းဆက်ပါတယ်။ ဘယ်ဌာနကို ဆက်မှန်းမသိရပါ။
ဦးမြင့်ဦး ဆိုင်ထဲ ပြန်ဝင်လာတော့ ဒကစမှူးဆီက ဖုန်းဝင်လာပါတယ်။
ရဲတွေခေါ်တာ ယုံကြည်စွာနဲ့ လိုက်သွားဖို့ ဒီကိစ္စပြတ်အောင်ဖြတ်ပြီး ကလေးကိုပြန်အပ်ချင်တယ်။ လိုက်သွားပါ လို့ပြောလာပါတယ်။
ညအချိန်မတော်ကြီးလည်းဖြစ်၊ ရဲတွေကိုလည်း မယုံကြည်လို့ မလိုက်နိုင်ဘူး ငြင်းပေမယ့် ဒကစမှူးက အတင်းလိုက်ခိုင်းနေပါတယ်။
ဦးမြင့်ဦးက ရှေ့နေနှင့်တိုင်ပင်ပြီး လင်းလင်းချင်းချင်းရှိမှ သွားပါရစေပြောပြီး အတင်းအဓမ္မလာခေါ်နေတဲ့ ရဲတွေကို ပြန်ခိုင်းလိုက်ပါလို့ ပြန်ပြောလိုက်ပါတယ်။
ရဲတွေပြန်သွားပြီးတဲ့အခါ ဒကစမှူးက မနက် ဒကစရုံးကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
20.8.2014 ဦးမြင့်ဦး+ဒေါ်စောမာလာတို့ လင်မယားနှစ်ယောက်တို့ ဒကစရုံးရောက်တော့ ခရိုင်အုပ်ချုပ်ရေးမှူး လည်း ရောက်နေပါတယ်။
ဒကစမှူးက စပြောပါတယ်။
ဒီကိစ္စက သေးသေးလေးဆိုပေမယ့် ပေါ့ဆရင် အကြီးကြီးဖြစ်သွားနိုင်တယ်။
ညတုန်းကလည်း ကလေးကိုပြန်အပ်ဖို့ လူကြီးစုံညီနဲ့ စောင့်နေပါလျက် ပင်ပန်းတာပဲရှိတယ်။ အလဟဿ ဖြစ်ခဲ့ရတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးက ဝင်ပြောပါတယ်။
ဒီနေ့လာခဲ့ပါ။ ကလေးကိုလည်း ပြန်အပ်ပါ့မယ်။ ဘယ်အဖွဲ့အစည်းမှ မခေါ်ခဲ့ပါနဲ့။
ဦးမြင့်ဦးက မလာချင်ဘူး။ တရားရုံး အဆုံးအဖြတ်ပဲ ခံယူမယ်ပြောတဲ့အခါ
ဒကစမှူးကြီးက
တရားရုံးတို့ တရားသူကြီးတို့ဆိုတာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာပဲ ရှိတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးစကား နားထောင်ပါ။ တိုက်တွန်းလာပါတယ်။
ဦးမြင့်ဦးက ပြန်ပြောပါတယ်။
စခန်းမှူးက တရားရုံးကို ဦးတိုက်လျှောက်ဆိုလို့ လျှောက်ခဲ့ပြီ။ အခုတစ်ခါ အပြင်မှာရှင်းမယ် ဖြစ်သွားပြန် ပြီလား မေးလိုက်တာပါ။
ခရိုင်အုပ်ချုပ်ရေးမှူးက……
ကလေးလည်းပြန်ရမယ်။ အရှည်အရှည်လည်း မဖြစ်တော့ဘူး။ ဖြေရှင်းပေးတာကို လက်ခံပေးဖို့ ဆက်လက် တိုက်တွန်းပြီး အကျယ်တဝင့်ဖြစ်လာရင် ခင်ဗျားတို့မှာ တာဝန်ရှိသလို ဖြစ်သွားမယ်။ ကိုယ့်လက်ထဲ ကလေးရောက်လာရင် ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်တယ်ပြောလို့ သဘောတူလက်ခံပြီး ပြန်လာခဲ့ပါတယ်။
ဒကစမှူးဆီက ပြန်လာပြီး သိပ်မကြာလိုက်ပါဘူး ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ လူတစ်ယောက် ရောက်လာပါတယ်။
ပြောထားတာက ခရိုင်ရုံး လာခေါ်တော့ ရတနာမဉ္စူရီ ပရဟိတသီလရှင်ကျောင်းဖြစ်နေပါတယ်။
သီလရှင်ပရဟိတဂေဟာရောက်တော့ ရဲတွေ၊ လဝကတွေ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးတွေ၊ ၄၃၆ မြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဉာဏ်ဝင်းနှင့် အမည်မသိ ကြံ့ဖွံ့တွေလည်း ပါတယ်။ အဘိဒွတ်လာ၊ အစီဒွတ်လာ ကုလားညီနောင်နှင့် အကြီးကောင်ချစ်မင်းပိုင်တို့လည်း ပါပါတယ်။
ကျောင်းတိုက်အကြီးအကဲ သီလရှင်ဆရာကြီးက ကလေးကိုပြန်အပ်မယ်ပြောလို့ ဦးမြင့်ဦးတို့က လက်ခံမယ် ပြောတဲ့အခါ ကလေးကို ခေါ်ပေးပါတယ်။
ကလေးရောက်လာတော့ ပြန်မလိုက်ချင်ဘူးငြင်းပါတယ်။ သူ့အဖေနှင့်ပဲ နေမယ်ပြောပြီး ငိုပါတော့တယ်။
ငိုသာငိုတာ မျက်ရည်မကျပါဘူး။ သင်ပေးထားတဲ့အတိုင်းပဲ ပြောနေတာဖြစ်တယ်လို့ ဦးမြင့်ဦး+ဒေါ်စောမာလာ တို့က ပြောကြပါတယ်။
ကလေးက ကလေးအဖေကုလားနှင့် ကပ်လျက်ထိုင်နေတာဆိုတော့ ကုလားက တိုးတိုးကြိတ်ကြိတ် ကပ်ပြီး သင်ပေးနေတာ တွေ့ရပါတယ်တဲ့။
နောက်ဆုံးတော့ ကလေးက ဘယ်သူနဲ့မှ မနေဘူး ဘော်ဒါဆောင်မှာပဲ နေမယ်ပြောပါတော့တယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့က ဘော်ဒါဆောင်ခေါ်သွားပါတော့တယ်။ ကုလားညီနောင်က အသင့်ပါလာ တဲ့ အထုပ်အပိုးတွေပြင်ပြီး လိုက်သွားပါတော့တယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးတွေက အဆောင်မှာထားခိုက် ကုလားဘက်ရော ဗမာဘက်ပါ ဘယ်သူမှ တွေ့ခွင့်မပေးဘူးလို့ပြောသွားခဲ့ပေမယ့် ကုလားညီနောင်ကတော့ အသင့်ပါလာတဲ့ အိပ်ရာလိပ်တွေ အသုံးအဆောင် ပစ္စည်းတွေယူပြီး လိုက်ပို့ခွင့်ရခဲ့ပါတယ်။
မိဘသဖွယ် အုပ်ထိန်းစောင့်ရှောက်ခဲ့တဲ့ ဦးလေးနှင့်အဒေါ်ကတော့ ကိုယ့်တူလေး ဘယ်ဘော်ဒါဆောင်မှာ နေမှန်းတောင်မသိရပါဘူးတဲ့ဗျာ။
ဒီတစ်ချီလည်း ကုလားက အပီတွယ်သွားပါပြီ။
ဒကစ၊ ရဲ၊ လဝက၊ လူမှုဝန်ထမ်း၊ ကြံ့ဖွံ့၊ မွတ်ဒေါင်းအားလုံးကို သိမ်းသွင်းနိုင်ခဲ့တာပါ။
ရည်ရွယ်ချက်ရှိရှိနဲ့ တမင်စီစဉ်ထားတာပါ။
ကလေးပြန်အပ်မယ်ပြောလို့လာခဲ့တယ်။ ဘယ်အဖွဲ့အစည်းကိုမှ မခေါ်ခဲ့နဲ့ဆိုလို့ မခေါ်ခဲ့ရဘူး။
ကုလားကတော့ အဖွဲ့အစည်းပေါင်းစုံနဲ့ ရောက်နှင့်နေတယ်။ အထုပ်အပိုးတွေ ပါလာကတည်းက နှစ်ကျပ်ကွက် ကြီးမှန်းသိသာနေပါတယ်။
သီလရှင်ကျောင်းတိုက်ကို ရွေးတာကလည်း အဓိပ္ပါယ်ရှိပါတယ်။ ဆရာလေး ဒေါ်ဝဏ္ဏသီရိထံ ဖုန်းဆက်မေး ကြည့်တော့ မြို့နယ်လွှဲစာနဲ့ လာပို့တာ။ ည 12:00 ကျော်မှ ရောက်လာတာ။ ကလေးက တန်းအိပ်သွားတယ်။
တစ်ညတည်းလို့ ပြောသွားပါတယ်။
ကလေးက ၂၀၀၇ ခုနှစ် ၉ နှစ်သားအရွယ်ကတည်းက ကုလားအသိုင်းအဝိုင်းနှင့် အဆက်အသွယ် ပြတ်နေတာပါ။ အခုဆို ၁၆ နှစ်အရွယ်တောင်ရှိပါပြီ။ ဦးလေးတွေအဒေါ်တွေက သူ့အဖေဆီသွားလိုစိတ် ရှိ မရှိ မကြာမကြာ မေးခဲ့ပါတယ်။ သတိတောင် မရခဲ့သူပါ။
အိမ်မှာလည်း လွတ်လပ် ပျော်ရွှင်စွာနေရတာပါ။ စိတ်ညစ်စရာ ဘာပြဿနာမျှ မရှိပါဘူး။
ဦးမြင့်ဦးက ဒကစမှူးကြီးဆီ ဖုန်းဆက်ပါတယ်။
အဘ ကျနော်တို့ လုပ်ကြံခံလိုက်ရပြီ။ စခန်းမှူးက ကလေးကို ကုလားလက်အပ်ပြီး ထည့်ပေးလိုက်တာ။ အပြစ်မ၇ှိကြောင်း ထောင်ချောက်ဆင်လိုက်တာပဲ။
ဒကစမှူး ငြိမ်ကျသွားပါတော့တယ်။
ဒကစမှူး ပြောသလို ဒီကိစ္စက သေးသေးလေးပါ။ ကလေးပျောက်တိုင်ကတည်းက အရေးယူပေးလိုက်ရင် ပြီးပါပြီ။ စခန်းမှူးက လူပါးဝရာမှ ဒီလောက်ကြာသွားတာပါ။
ကလေးက ကုလားဆီလာတာပဲထား ကုလားက ကလေးရောက်လာကြောင်း၊ ပြန်လွှတ်တာ မရကြောင်း လောက်တော့ ပြောရမည့်တာဝန်ရှိတယ်လေ။
ခိုးတုန်းကခိုးပြီး အခုမှ တစ်မြို့လုံးကို လိုက်ပြီး ကလိမ်ကကျစ် လှည့်ပတ်နေတာဟာ ပြဿနာပိုရှုပ်ထွေး စေပါတယ်။
ပြည်မြို့ တာဝန်ရှိသူတွေဟာ အနိဋ္ဌာရုံတွေ မတွေ့ကြုံလိုကြပေမယ့် ဖြေရှင်းတဲ့ပုံကတော့ တရားနည်းလမ်း မကျဘူးဖြစ်နေပါတယ်။
(ပြည်မြို့နယ်၊ တရားရုံးက ကလေးခိုးမှုနှင့် အမှုဖွင့်ထားတာကို လက်မခံဘဲ ပလပ်ပစ်တဲ့ သတင်းကို ဆက်လက် ရှုစားကြပါဦးနော်။)
ဆက်သွယ်စုံစမ်းရန်
စုက္ခရာဆရာတော်-09.256223613/09.259233769/053.28088
ဦးမြင့်ဦး-09.423681471
ဦးမြင့်နိုင်ထွန်း-09.49500564
ဒေါ်နန္ဒဓမ္မာ-09.420161184