Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အီရတ်နှင့် ဆီးရီးယား၌ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ထပ်မံပြုလုပ်”

$
0
0




ဘဂ္ဂဒတ်၊ သြဂုတ် ၁၇
အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွများက ၎င်းတို့ ထိန်းချုပ်ထားသည့် အီရတ်နှင့်ဆီးရီးယား နယ်မြေများ၌ လူရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံပြုလုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အီရတ်ရွာတစ်ရွာမှ ပြန်ပေးဆွဲထားသော အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ယာဇီဒီလူမျိုးစုဝင် ၈၀ ခန့်ကို IS စစ်သွေးကြွများက သတ်ဖြတ်ခဲ့သည်။
ထို့အပြင် ဆီးရီးယားနိုင်ငံ ဒါအယ်ဇာပြည်နယ်တွင် IS တပ်ဖွဲ့ဝင်များကို ဆန့်ကျင်သည့်ဒေသခံမျိုးနွယ်စုဝင် ၇၀၀ ကျော်ကို IS စစ်သွေးကြွများက ပြီးခဲံသည့် ရက်သတ္တနှစ်ပတ်အတွင်း သတ်ဖြတ်ခဲ့သည်။
အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် ငြင်းဆိုသည့် အမျိုးသားများကို သတ်ဖြတ်ခဲ့ကြောင်း ယာဇီဒီလူမျိုးစုများမှာ ဒုက္ခသည်များအဖြစ်မှ ပုန်းရှောင်နေရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့သော အကြမ်းဖက်မှုများကြောင့် အီရတ်တစ်နိုင်ငံတည်းတွင်ပင် ဒေသခံပေါင်း ၁ ဒသမ ၂ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
IS တပ်ဖွဲ့မှာ ဆီးရီးယားနိုင်ငံတွင် ဦးစွာပေါ်ထွက်လာပြီး သမ္မတ အာဆက်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်ကာ လက်ရှိကာလတွင် အီရတ်မြောက်ပိုင်းဒေသအများစုကိုပါ သိမ်းပိုက်ထားပြီး မိုးဆိုးမြို့ကို IS မြို့တော်အဖြစ် သတ်မှတ်ထားသည်။
၎င်းတို့သည် အစွန်းရောက် ဆွန်နီ အစ္စလာမ္မစ်ဝါဒကို လက်ခံသူများဖြစ်ပြီး မွတ်ဆလင် မဟုတ်သူများ၊ ရှီးယားမွတ်ဆလင်များကို မိစ္ဆာအယူရှိသူများဟု သတ်မှတ်ထားကာ လိုက်လံသတ်ဖြတ်လျက်ရှိသည်။
IS စစ်သွေးကြွများကို ခုခံတိုက်ခိုက်၇န် အီရတ်မြောက်ပိုင်းရှိ ကာ့ခ်များကို အမေရိကန်က လေကြောင်း အထောက်အပံ့ပေးအပ်လျက်ရှိသလို ဗြိတိန်နိုင်င့ကလည်း ကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။
18.8.2014 ရက်နေ့ထုတ် The Voice Daily News နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles