မန္တလေး မဘသရဲ့ အပတ်စဉ် စနေနေ့တိုင်း ပုံမှန် အစည်းအဝေးကို 16.8.2014 မှာ ကျင်းပခဲ့ပါတယ်။
မစိုးရိမ်တိုက်ကြီး နိရုတ္တိနယူပဒေသကျောင်းမှာ ညနေ 5:00 နာရီအချိန်မှာ ကျင်းပခဲ့တာပါ။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) အမှူးပြုသော မန်း မဘသ ဦးဆောင်ဆရာတော် များ၊ အဖွဲ့ဝင်သံဃာတော်များ၊ အမျိုးသား၊ အမျိုးသမီးများအပြင် အနယ်နယ်အရပ်ရပ်မှ လေ့လာသူများ၊ တင်ပြလိုသူများ တက်ရောက်ခဲ့ကြပါတယ်။
အမရပူရမဘသ ဆရာတော်များက 29.7.2014(144) ထုတ်ပြန်ထားချိန်ကြီးမှာ ဆိုင်ကယ်အုပ်စုနှင့် ဂျီဟဒ် လုပ်ဖို့မျှားခေါ်သော ဆူပူလှုံ့ဆော်သူ ကုလားအုပ်အဖွဲ့ကို ၂၉၅(က)ဖြင့်သာ အရေးယူထားသည့်ကိစ္စ ဆက်လက် ဆောင်ရွက်ဖွယ်များကို တင်ပြခဲ့ပါတယ်။
ကောလင်းဝန်းသိုတွင် မဘသ ဖွဲ့စည်းနိုင်ရေး တင်ပြလာသည့်ကိစ္စနှင့် မဘသရုံးခန်း ဆောက်လုပ်ရေး၊ မြနမာသံတော်ဆင့် ဂျာနယ်ပါ မျိုးရန်နောင်သိန်း အင်တာဗျူးကိစ္စ စသည်များကို အသီးသီး တင်ပြဆွေးနွေး ခဲ့ကြပါတယ်။