Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဟုတ်တရုတ် လုပ်မယ်မကြံနဲ့”

$
0
0
အမည်က မချောစုဝင်းပါ။
အသက်က (၃၀)ရှိပါပြီ။
ကလေးနှစ်ယောက်မိခင်ပါ။
၄၁ လမ်း ၈၀×၈၁ လမ်းကြား၊ မြောက်ရွာသစ်၊ မဟာအောင်မြေမြို့နယ်မှာ နေပါတယ်။
ကိုယ့်အိမ်ရှေ့မှာပဲ အိမ်ဆိုင်လေးဖွင့်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ရင်း ကလေးနှစ်ယောက်ကို လုပ်ကိုင်စားသောက်နေတာပါ။
အဲဒါကို ဘာအလိုမကျကြတာလဲ မသိဘူး။ ဘေးအိမ်တွေက အမျိုးမျိုးနှောက်ယှက်ပါတယ်။ စည်ပင်ကိုလည်း တိုင်ပါတယ်။ အခု ဆိုင်လေး ပိတ်လိုက်ရပါပြီ။
အခြားဆိုင်တွေ အတိုင်မခံရ၊ အပိတ်မခံရဘဲ သူမဆိုင်တစ်ခုတည်း အပိတ်ခံရတာ အတော်ဆန်းနေတာပါ။
စည်ပင်ဦးစီးမှူးဆိုသူက ဆိုင်ဘေးသွပ်ပြားတွေကာထားတာတွေ့လို့ လာစစ်ရင်း မကာရဘူးလို့ တားပါတယ်။ တရုတ်အိမ်က ကာထားတာလို့လည်းပြောလိုက်ရော ခုထိ ဘာမှ မပြောတော့ပါဘူး။
ကိုယ့်အိမ်ရှေ့မှာတောင် ကိုယ့်စီးပွား ကိုယ်ရှာခွင့်မရတဲ့ ရွှေမြန်မာတွေရဲ့ဘဝက ရင်နင့်စရာပါ။
မဟုတ်တရုတ်လို့ စကားပုံရှိပါတယ်။ ဘိန်းဖြူတို့ KTV တို့ မာဆတ်တို့ ပစ္စည်းအတုတို့ကို ဆိုလိုပုံ ရပါတယ်။
မဟုတ်တရုတ် ဘယ်လောက်လုပ်လုပ် ဗမာကိုမစော်ကားဖို့တော့လိုပါတယ်။ ဗမာကိုထိပါးလာရင်တော့ တရုတ်ကိုလည်း ဘာသာတူတယ်ဆိုပြီး လက်ပိုက်ကြည့်နေမယ်လို့ မထင်လိုက်ပါနဲ့။
ဝီရသူဆိုတာ ရွှေမြန်မာတွေအတွက် အသက်ရှင်နေတာလို့ပဲ ပြောပါရစေ။
(မချောစုဝင်းရဲ့ လောကဓံ အပိုင်းအစလေးများကို ပူးတွဲ တင်ပြလိုက်ပါတယ်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^






တပည့်တော်မမှာ ကလေးနှစ်ယောက်ရှိပါတယ်။ မာလာဟင်းဆိုင်လေးဖွင့်ထားတာ အောင်လည်းအောင်မြင် တယ်။ ရည်ရွယ်ချက်ကလည်း ကိုယ့်ဗမာတွေ တရုတ်ပစ္စည်းတွေ ဈေးကြီးကြီးပေးဝယ်စားနေရတဲ့ အချိန်မျာ ဈေးသက်သောင့် သက်သာနဲ့ ဝယ်စားရအောင်ဆိုပြီး ဖွင့်ထားတာပါ။ ဘေးက တရုတ်အိမ်နှစ်အိမ်က အမြဲတမ်း ရေတွေလာသွန်လိုက် ကားတွေပိတ်ရပ်လိုက်၊ သွပ်ပြားတွေလာကာလိုက်နဲ့ လုပ်ပါတယ်။ ကျမတို့ဆိုင်ကို လာဝယ်တဲ့သူတွေရဲ့ ဆိုင်ကယ်လေးတော့ ပိတ်တာကလွဲရင် ကျမမှာ ဘာအပြစ်မှမရှိဘူး။ သူတို့ကားဝင်လာ ရင် ကျမကိုယ်တိုင် ဖယ်ပေးပါတယ်။ အဲ့ဒါကို သူတို့က သွပ်ပြားတွေလာကာလိုက် ရေမြောင်းတွေပိတ်လိုက် နဲ့ ဆေးလိပ်တိုတွေလည်း သွန်သွန်ချလိုက် လုပ်ပါတယ်။
မေး။ မြောင်းပိတ်တာ ရေသွန်တာ သွပ်ပြားကာတာ ဘယ်သူလဲ ဘာကြောင့်လုပ်တာလဲ။
ဖြေ။ မြောင်းပိတ်တာက ကျမတို့ ဘယ်ဘက်အိမ်က တရုတ်ထွန်းထွန်းဦးတို့အိမ်ကပါ။ ကျမတို့ ခွက် ပန်းကန်ဆေးရေတွေ သူတို့ဘက်ကိုစီးလို့ ဆိုပြီး ပိတ်တာပါ။ သူတို့ မြောင်းပိတ်လိုက်ရင် ရေတွေအိုင်ပြီး အတော်ဒုက္ခရောက်ပါတယ်။ သွပ်ပြားကာတာလည်း တရုတ်ထွန်းထွန်းဦးတို့အိမ်ပါပဲ။ မီးပွားတွေစင်တယ်လို့ပြောပြီး ကာပါတယ်။  မီးပွားလည်း မစင်ပါဘူး။ သူတို့နေတာကလည်း အပေါ်ထပ်မှာနေတာပါ။ ကျမတို့ ညာဘက်အိမ် တရုတ်ထွန်းထွန်း (ခ)ဒေါက်တာစောထွန်းတို့အိမ်ကျ တော့ ကားတွေနေ့တိုင်းရေဆေးပါတယ်။ ကားရေဆေးလိုက်ရင်လည်း ကျမတို့ဆိုင်ရှေ့မှာ ရေတွေအိုင်ပြီး လာဝယ်သူတွေအတွက် ဒုက္ခရောက်ပါတယ်။ သူတို့က ကားရေမဆေးလည်း ရေကို လျှံနေအောင် အမြဲဖွင့်ထားပါတယ်။ ကျမတို့ဆိုင်မဖွင့်တဲ့နေ့တွေမှာဆို ကားရေမဆေးပါဘူး။ ရေလည်းမဖွင့်ပါဘူး။ ကာထားတဲ့သွပ်ပြားတွေက အနားမသပ်ထားတော့ ကလေးတွေကို ရှကုန်ပါတယ်။ အဲ့ဒါကို မရှအောင်လို့ အနားကို တူလေးနဲ့ထုတော့ ဥက္ကဋ္ဌကို သွားတိုင်ပါတယ်။ ဆိုင်ကယ်ပိတ်လို့ဆိုပြီး တစ်ခါတိုင်ပါတယ်။ ညှော်နံ့နံလို့ဆိုပြီး တစ်ခါတိုင်ပါတယ်။ ခုလည်း စည်ပင်ရုံးကို သွားတိုင်ထားပါတယ်။
မေ။ ဆေးလိပ်တိုတွေသွန်ချတာ ဘယ်အိမ်လဲ။ ဆိုင်ပေါ်ကိုသွန်ချတာလား အိမ်ပေါ်ကိုသွန်ချတာလား။
ဖြေ။ ညာဘက်က ထွန်းထွန်း(ခ)ဒေါက်တာစောထွန်းတို့ တရုတ်အိမ်ကပါ။ ဆိုင်နဲ့ သူတို့အိမ်နဲ့ ကြားထဲက ကွက်လပ်ထဲကို သွန်ချတာပါ။ ကလေးမတွေရေချိုးရင်လည်း ချောင်းကြည့်တယ်။ ကျမဆိုင်က အကြီးကြီးလည်းမဟုတ်ပါဘူး။ မာလာဟင်းနဲ့ အကင်ကို အဓိကထားရောင်းတာ ကြက်ခြေထောက်ဆို တစ်နေ့ရောင်းမှ (၁၅၀၀)လောက်ကုန်တာပါ။ ဒါတွေကို ပြုတ်ပြီးမှ ကင်တာဆိုတော့ အနံ့မထွက်ပါဘူး။ အဲဒါကို ညှော်နံ့တွေထွက်တယ်ဆိုပြီး အမျိုးမျိုးတိုင်ပါတယ်။ (၁၄.၈.၂၀၁၄)နေ့က စည်ပင်ရုံးကရော၊ ရပ်ကွက်ဥက္ကဋ္ဌနှင့် ဆယ်အိမ်ခေါင်းတွေကော ဆိုင်ကိုလာပြီး ဒီဆိုင်က လိုင်စင်မရှိဘူး ဘေးဝန်ဝန်းကျင်ကလည်းတိုင်လို့ ဆိုပြီး ဆိုင်ပိတ်ရမယ်လို့ ပြောပါတယ်။ သွပ်ပြားကာထားတာ ကျမကာတယ်ထင်ပြီး သွပ်ပြားကို ဒီလိုမကာရဘူးလို့ ပြောပါတယ်။ ကျမလည်း ကျမကာတာမဟုတ်ဘူး ဒီအရှေ့ဘက်အိမ်ကကာတာပါလို့ပြောတော့ ဘာမှထပ်မပြောတော့ပါဘူး။ သွပ်ပြားကာတာနဲ့ပတ်သက်ပြီး မေးလည်း မမေးတော့ပါဘူ။
မေး။ သွပ်ပြားကာလို့ မေးတာ ဘယ်သူလဲ။
ဖြေ။ စည်ပင် သန့်ရှင်းဌာန ဦးစီးမှူးပါ။   (၁၅.၈.၂၀၁၄)နေ့က စည်ပင်ရုံးကခေါ်လို့သွားပါတယ်။ ရုံးရောက်တော့ ဒဏ်ငွေသုံးသောင်းဆောင်ခိုင်းပါတယ်။ ကျမက ရတယ် ဒဏ်ကိုဆောင်ပါ့မယ်ပြောတော့ ဒဏ်ငွေဆောင်ရုံတင်မဟုတ်ဘူး။ ဆိုင်ပါပိတ်ထားရမယ်။ လိုင်စင်ရမှ ပြန်ဖွင့်ရမယ်လို့ ပြောပါတယ်။ ကျမလိုင်စင်လုပ်ပါ့မယ်လို့ပြောတော့ လိုင်စင်ရချင်ရင် ခုတိုင်ထားတဲ့လူတွေရဲ့ ခွင့်ပြုချက်ရမှ ရမယ် ဆိုတဲ့အခါကျတော့ ကျမကို မတရားနိုင်ထက်စီးနင်းရာကျလွန်းပါတယ်။ ခုက လိုင်စင်မရမချင်းပိတ်ထားရမယ်ဆိုတော့ ကျမက ကလေးနှစ်ယောက်နဲ့ လုပ်စားရတာ ယောက်ျားလည်းရှိတာမဟုတ်ဘူး။ နေရတာလည်း ယောက္ခမအိမ်မှာ အဆင်မလည်းမပြေပါဘူး။ ဒီနေ့(၁၆.၈.၂၀၁၄)ဆို ဆိုင်ကိုပိတ်ထားရပါတယ်။
မေး။ တိုင်တဲ့လူတွေရဲ့နာမည်ကိုပြောပါဦး။
ဖြေ။ ဘယ်(အရှေ့)ဘက် ကပ်ရပ်အိမ်က ထွန်းထွန်းဦး(တရုတ်)၊ ဘယ်(အရှေ့)ဘက်တစ်အိမ်ကျော်က ဦးစံထွန်း(ဗမာ)နှင့်     ညာဘက်(အနောက်)ဘက် တရုတ်ထွန်းထွန်း (ခ)ဒေါက်တာစောထွန်း၊ ညာ(အနောက်)ဘက်တစ်အိမ်ကျော်က ဒေါ်မမကြီးတို့ပါ။

လာရောက်တိုင်ကြားသူ- မချောစုဝင်း၊ (၃၀)နှစ်၊ (ဘ) ဦးတင်မောင်ဆွေ။
ဖုန်း- 09.402616054













Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...