မန္တလေး၊ သြဂုတ် ၉
(၉.၈.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ/ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ဆ/ရပ်ကွက်ရှိ နဂါးနီအသင်းဝင်များ၏ သား သမီး ကျောင်းသား/သူ(၅၉)ယောက်တို့အား ဆရာတော်ဦးဝီရသူမှ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ သူငယ်တန်းမှ (၄)တန်းအထိ ကျောင်းသား/သူ (၄၇)ဦးအတွက် ဗလာစာအုပ် (၁)ဒါဇင်စီနှင့် (၅)တန်းမှ (၉)တန်းအထိ ကျောင်းသား/သူ (၁၂)ဦးအတွက် ဗလာစာအုပ် (၂)ဒါဇင်စီ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ဦးဝီရသူ၏ကိုယ်စား နဂါးနီအသင်းနာယကဆရာတော် အရှင်ဇဝနနှင့် ဆရာတော်ဦးဝီရသူတည်ထောင်သော လောကအလင်း အခမဲ့ကျူရှင်ကျောင်း မှ ကျောင်အုပ်ကိုမိုးအောင်တို့မှ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝီရခေမိန် ရေးသားသည်။