8.8.2014 ည 7:30 နာရီ၊ မန္တလေးမြို့၊ အမရပူရမြို့၊ မြို့နယ်လုံးဆိုင်ရာ မ.ဘ.သ အဖွဲ့ကကြီးမှူးကျင်းပသော (၅၃)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်ပွဲအကြို ဓမ္မသဘင်မှာ ဟောကြားခဲ့တာ ဖြစ်ပါတယ်။
မွတ်စလင်မ် Mr.Kill တောင်းဆိုထားသော တရားကိုပဲ ဟောကြားခဲ့တာပါ။
ဗုဒ္ဓဓမ္မနေနှင့်လ တရားတော် ဖြစ်ပါတယ်။
“ဗုဒ္ဓဓမ္မ နေနှင့်လတရားတော်”
သမီးကညာ မာတုဂါ၊ လုံခြုံပါမှ တင့်တယ်တာ။
မန္တန်ဂါထာ ဗေဒင်မှာ၊ လျှို့ဝှက်ပါမှ တင့်တယ်တာ။
လိပ်ပြာမလှတဲ့ အယူမိစ္ဆာ၊ လူသိမခံမှ တင့်တယ်တာ။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး၊ ညစ်မျိုးကင်းတဲ့ နေမင်းနှယ်။
ဘုရားဟောတရားတော် ပွင့်လင်းသော်မှ၊ ဂုဏ်ထင်ပေါ်လို့ လွန်တင့်တယ်။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး၊ ညစ်မျိုးကင်းတဲ့ လမင်းနှယ်။
ဘုရားဟောတရားတော် ပွင့်လင်းသော်မှ၊ ဂုဏ်ထင်ပေါ်လို့ လွန်တင့်တယ်။
နေရယ် လရယ် ဓမ္မရယ်၊ ကာကွယ်စောင့်ရှောက်ဖွယ်။
နေကွယ် လကွယ် ဓမ္မကွယ်၊ လောက အမှောင်ကျမယ်။