စာအမှတ် ၃၅/၂၀၁၄ ၄-၈-၂၀၁၄
၉၆၉ ဦးဆောင်ဆရာတော် ဦးဝီရသူအပါအဝင် တာဝန်ရှိသူများသို့ မေတ္တာရပ်ခံအပ်ပါသည်။
မင်္ဂလာပါဦးဇင်းခင်ဗျား…….
ဦးဇင်းခင်ဗျာ တပည့်တော် အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဆွေမျိုးများကြားတွင် ကြားသိနေရသော ဘာသာရေးပဋိပက္ခများသည် အထင်အမြင်မှားမှု၊ ယဉ်ကျေးမှုဓလေ့စရိုက်လက္ခဏာများ ပပျောက်ပြီး အခြားယဉ်ကျေးမှုများကို လက်ခံလာသော တချို့သော မွတ်စလင်များနှင့် အစွန်းရောက်မျက်ကန်းမျိုးချစ်များ ကြောင့် ပဋိပက္ခများ မဖြစ်သင့်ဘဲ ဖြစ်ပွားခဲ့ရသည်ကို လေ့လာစုံစမ်းသိရှိခဲ့ရပါသည်။ သို့ပါ၍ အတိတ်မှ ဗြိတိသျှ လွတ်လပ်ရေး ရယူစဉ်က ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ၏ ညီညွတ်မှုပြယုဂ်များသည် ယခု ဒီမိုကရေစီနိုင် ငံတော်တည်ဆောက်ရာတွင် မှေးမှိန်ပျောက်ကွယ်နေသည်ကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါသည်။ အဆုံးမရှိသော ငြင်းခုန်မှု၊ ဘာသာအချင်းချင်းဆန့်ကျင်မှုများကြောင့် အနာဂတ်မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက် ရေးကို အဟန့်အတားဖြစ်နေပါသည်။ သို့ပါ၍ ဦးဇင်းအနေနှင့် မြန်မာမွတ်စလင်များနှင့် ညီညွတ်မှုတည်ဆောက် ၍ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်လုပ်ဆောင်သင့်သည်ဟု တပည့်တော် မျှော်လင့်ပါ သည်။ သို့ပါ၍ တပည့်တော်အနေနှင့် အစိုးရတာဝန်ရှိသူအချို့နှင့် လက်ရှိ အစိုးရအသိအမှတ်ပြု အစ္စလာမ် ဘာသာရေးခေါင်းဆောင် သဘောထားပျော့ပြောင်းသူ၊ ငြိမ်းချမ်းရေးလိုလားသူအချို့နှင့် ပဏာမတွေ့ဆုံများ ကို ပြုလုပ်၍ နိုင်ငံအဝှမ်းယဉ်ကျေးမှု ဖလှယ်ရေးများကို ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်စေ ချင်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင် မိဘပြည်သူများသည် ငြိမ်းချမ်းစွာဖြင့် အတူယှဉ် တွဲ၍ အပြန်အလှန်ယဉ်ကျေးမှုဖလှယ်၍ ပဋ္ဌာန်းဆက် မိသားစုသဖွယ်နေထိုင်ချင်ကြသည်ကို ကြားသိနေရပါ သည်။ လူတစ်ချို့ အဖွဲ့အစည်းတစ်ချို့၏ အကျိုးထက်၊ နိုင်ငံအကျိုးကို ငဲ့ညှာ၍ ပူးပေါင်းဆောင်ရွက်လာအောင် တာဝန်ရှိသူအားလုံးကို ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်မှ မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။
ဤတောင်းဆိုချက်ကို တောင်းဆိုကြသော ရဟန်းများနှင့် မိဘပြည်သူများ၏ ဖုန်းနံပါတ်များနှင့် လိပ်စာများကို မိမိ၏ထံတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
စိန် - ဒိုင်းမွန်းရွှေကြည် (တာဝန်ခံ)
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Nework (P.L.D.N)