1.8.2014 မနက်ပိုင်းမှာ ဟာဂျီထွန်းထွန်း၊ နုနုမြတ်နှင့် ကတုံးမ(ခ)ဖြူဖြူမင်းတို့ကို ပျဉ်းမနားရုံးမှာ စခင်စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။
ဟာဂျီထွန်းထွန်းကို ၅(ဃ) ၅(င) ၅(ည) ပုဒ်မတွေတပ်ထားတယ်လို့ သိရပါတယ်။
ဟာဂျီထွန်းထွန်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့(29.7.2014) အထိ အိုးဘိုထောင်မှာပဲ ရှိပါသေးတယ်။ ဇနီးဖြစ်သူ ဒေါ်အမာနီက ထောင်ဝင်စာသွားတွေ့ခဲ့လို့ သိရတာပါ။
1.8.2014 မှာ ရှေ့နေနှင့် ဟာဂျီထွန်းထွန်းမိသားစုတို့ စစ်ကိုင်းတရားရုံးမှာ စောင့်နေပေမယ့် ပေါ်မလာလို့ တရားသူကြီးကို ဝင်မေးကြမှ ပျဉ်းမနားမှာ ဒီနေ့ ရုံးပြောင်းစစ်မှန်း သိလိုက်ရတာပါ။
လိုက်သွားပေမယ့် မမီကြတော့ပါဘူး။ 4.8.2014 ရုံးချိန်းရှိကြောင်းနှင့် ၅(က) ၅(ည) ပုဒ်မတပ်ထားကြောင်းပဲ သိခဲ့ရတာပါ။
ပွဲကတော့ ကြည့်ကောင်းနေပါပြီ။
ရဲထွဋ်ဖော်ချက်တစ်ခုတည်းနှင့် ဟာဂျီထွန်းထွန်းကို အရေးယူထားတဲ့သဘောပါပဲ။
မာဖီးယားညီနောင်ကို ခုချိန်ထိ လွှတ်ပေးထားတာ။ မြန်မာ့အလင်းသတင်းစာ ထုတ်ပြန်ချက်မှာ မဆိုင်တဲ့ ဟာဂျီထွန်းထွန်းကို ဆွဲထည့်ထားပြီး မာဖီးယားညီနောင်ကို အကာအကွယ်ပေးထားတာဟာ မာဖီးယားညီနောင် ရဲ့ နောက်ကွယ်မှ အင်အားကို သိနိုင်ပါတယ်။
မာဖီးယားညီနောင်ရဲ့ မယားတွေလည်း 30.7.2014 ကတည်းက ထွက်ခွါသွားတာ ခုချိန်အထိပါပဲ။ မာဖီးယား ညီနောင်ထံ တိတ်တဆိတ်သွားတွေ့တာလား? ထွက်ပြေးသွားတာလား? ဆိုတာတော့ သိဖို့ မလွယ်ပါဘူး။
ပဟေဠိဆန်နေတာက ကတုံးမကို တိတ်တဆိတ် ရုံးထုတ်ခြင်း၊ ဟာဂျီထွန်းထွန်းကို မုဒိမ်းမှုနှင့် လုပ်ကြံခဲ့ကြောင်း အမှုမှန်ပေါ်ပေါက်နေပါလျက် ထိမ်ချန်ထားခြင်း၊
ရဲထွဋ်၊ မာလာ၊ ဟောမာကျော်တို့ကို ရဲလက်ကို မအပ်သေးခြင်း၊ ရဲထွဋ်နှင့် နုနုမြတ်တို့ရဲ့ လုပ်ကြံတိုင်ကြားမှုကို ခံခဲ့ရကြောင်း ထင်ရှားလို့ အမှုကို ပလပ်ခဲ့ရသော အပြစ်မရှိပါဘူးဆိုတဲ့ မာဖီးယားညီနောင် ပျောက်နေခြင်း…..စတဲ့ အကြောင်းတရားတွေဟာ မန္တလေးဂျီဟဒ်ရဲ့ ရေခံမြေခံ အကြောင်းတရားတွေပါပဲ။
ဘယ်လောက်ပဲ လိမ်လိမ်ပါ အရင်းရောက်ရင်တော့ အလိမ်ပေါ်တော့တာပါပဲ။
မန္တလေးဂျီဟဒ်ဟာ မာဖီးယားညီနောင်နှင့် ရဲထွဋ်တို့ စုံလင်မှပဲ အဖြေထွက်မှာ ဖြစ်ပါတယ်။
အဲဒီတော့မှ ၉၆၉ ကို ဝိုင်းတိုက်ကြတဲ့ ၄၃၆ နှင့် ၇၈၆ တို့ရဲ့ အနာဂတ်ကို ပုံဖော်ကြည့်လို့ ရနိုင်မှာ ဖြစ်ပါတယ်။