Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သြော်…….မူဆလင်ထဲမှာ လူဖြစ်လာရတဲ့ အမျိုးသမီးတွေရဲ့ဘဝ မလွယ်ပါ့လား?”

$
0
0

(31.7.2014 ရက်နေ့ထုတ် The VOICE DAILY သတင်းစာမှ)



“တူရကီအမျိုးသမီးများ ဒုဝန်ကြီးချုပ်ကို အရွဲ့တိုက်၍ အပြုံးဓာတ်ပုံများ ရိုက်တင်”
အစ္စတန်ဘူလ် ဇူလိုင် ၃၀
တူရကီအမျိုးသမီးများ လူမြင်ကွင်းနေရာများ၌ ပြုံးရယ်ခြင်းမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုဖြစ်ပြီး အမျိုးသမီးများ လူမြင်ကွင်းတွင် မရယ်သင့်ဟု တူရကီဒုတိယဝန်ကြီးချုပ် ဘူလန်အရင့်က မိန့်ခွန်းပြော ကြားသွားခြင်းကို ကန့်ကွက်သည့်အနေနှင့် တူရကီနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများက ပြုံးရယ်နေသည့် ဓာတ်ပုံများ ရိုက်ကူးဖြန့်ဝေလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“ရိုးသားဖြူစင်မှုက အရေးကြီးပါတယ်။ အများပြည်သူနေရာတွေမှာ အမျိုးသမီးတွေ မရယ်သင့်ပါဘူး” ဟု တူရကီဒုတိယဝန်ကြီးချုပ် ဘန်လန်က ပြောကြားသည်။
ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းကြောင့် တူရကီလူမှုမီဒီယာများတွင် အမျိုးသမီးများ၏ ဝေဖန်တုန့်ပြန်မှုများ ပေါ်ပေါက်လာပြီး လူမြင်ကွင်းနေရာများတွင် အမျိုးသမီးများ ပြုံးရယ်နေသည့် ဓာတ်ပုံပေါင်း ထောင်ပေါင်း များစွာကို ဖြန့်ဝေခဲ့ကြသည်။
ခါခါလာ(ပြုံးရယ်သူဟု အဓိပ္ပါယ်ရသည့်)ဟု အမည်ပေးထားသော ဓာတ်ပုံပေါင်း ၃၀၀၀၀၀ ကျော်ကို Twitter ပေါ်တွင် ဖြန့်ဝေခဲ့ကြပြီး အခြားသော ဓာတ်ပုံများကို တွန်းလှန်ခုခံ ပြုံးသူ၊ ခုခံတွန်းလှန်သည့် အမျိုးသမီး စသည့် နာမည်များဖြင့် ဖြန့်ဝေခဲ့ကြသည်။
“အဲဒီလိုပြောကြားတာက ရှေးရိုးဆန်တဲ့ ပြောကြားမှုပါ။ အရမ်းပဲဒေါသထွက်ဖို့ကောင်းပါတယ်” ဟု နာမည်ကြီး စာရေးဆရာနှင့် နိုင်ငံရေးရာ သုံးသပ်သူ အတ်တီမဲကူရန် က ပြောကြားလိုက်သည်။
ထို့နောက်တွင် အတ်တီမဲကူရန်က ပြုံးရယ်နေသည့် ဓာတ်ပုံရိုက်လိုက်ပြီး အွန်လိုင်းတွင် ဖြန့်ဝေခဲ့ကာ အခြားသော တူရကီအမျိုးသမီးများလည်း မိမိကဲ့သို့ပင် ပြုံးရယ်နေသည့်ပုံများ ဖြန့်ဝေရန် တိုက်တွန်းခဲ့သည်။
“ငါက လွတ်လပ်တဲ့လူတစ်ယောက်ပါ။ ပြုံးမယ်မပြုံးဘူးဆိုတာ ငါ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ” ဟု အသက် ၂၃ နှစ်အရွယ် တူရကီအမျိုးသမီး ဟာဇယ်က ပြောကြားလိုက်သည်။
တူရကီနိုင်ငံတွင်းရှိ အမျိုးသားများကလည်း ဒုတိယဝန်ကြီးချုပ်၏ ပြောကြားချက်ကို ဝေဖန်လျက်ရှိသည်။
“အမျိုးသမီးတွေ လူမြင်ကွင်းနေရာတွေမှာ မရယ်ရဘူးဆိုရင် အမျိုးသားတွေလည်း လူမြင်ကွင်းမှာ မငိုသင့်ဘူး” ဟု တူရကီရုပ်မြင်သံကြား တင်ဆက်သူ ပါတကယ်က မှတ်ချက်ပြုလိုက်ပြီး ဝန်ကြီးချုပ် အာဒိုဂန် မိန့်ခွန်း ပြောကြားစဉ်ကာလအတွင်း မကြာခဏ ငိုလေ့ရှိသည့် ဒုတိယဝန်ကြီးချုပ် ဘူလန်ကို ရည်ညွှန်းပြောကြား လိုက်သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း