Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အစ်နေ့ဆုတောင်း”

$
0
0


စာ/၃၂           ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်            ၂၉.၇.၂၀၁၄
မင်္ဂလာပါ။ အစ္စလာမ် မို့ အာလိုက်ကွမ်း(မ်)
အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေ၊ သာယာပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ။ ဗုဒ္ဓဘာသာဝင်အများစု မေတ္တာဝါဒီ ရဟန်းသံဃာတော်များ၏ မေတ္တာစေတနာများက အစ္စလာမ်ဘာသာဝင်လူနည်းစုကို လွမ်းခြုံခဲ့လို့ အနိဋ္ဌာအာရုံ ကြီးကြီးမားမားတွေကို ရှောင်ရှားနိုင်ခဲ့ပါပြီး။ မဟာဗျူဟာနည်းဗျူဟာပေါင်းများစွာနဲ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့သူများ၏ ရန်စွယ်ကို ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင် သူတော်စင်အချို့ ညီညွတ်စွာတားဆီးနိုင်ခဲ့သည်ကို စုံစမ်းသိရှိခဲ့ရပါသည်။
ပြည်တွင်း၊ ပြည်ပ အဖျက်သမားများနှင့် အတ္တလောဘကြီးသော လူယုတ်မာတစ်ချို့ရဲ့ အန္တရာယ်ကို မြင့်မြတ်သော သူတော်စင် ရဟန်းသံဃာတော်များက အချိန်မှီတားဆီးနိုင်ခဲ့သောကြောင့် ကမ္ဘာက လက်ခံအသိအမှတ်ပြုသော ဘုန်းတော်ကြီး ဒလိုင်းလားမားအပါအဝင် သံဃာတော်ကြီးများကို အထူးကျေးဇူးတင်ရှိနေကြပါသည်။ အသိပညာ၊ အတတ်ပညာနှင့် ဉာဏ်ပညာရှိသောသူတိုင်းသည် ခွဲခြားဆက်ဆံမှုကို ရှောင်ရှားပြီး လူသားများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးကို လူမျိုးမရွေးဘာသာမရွေး၊ အသားအရောင်မရွေးပဲ လုပ်ဆောင်မှအောင်မြင်မည်ကို သိရှိနေကြ၍ ပူးပေါင်းဆောင်ရွက်သူတိုင်း အောင်မြင်မှုများ ရှိနေကြပါပြီ။ သို့သော်လည်း ကမ္ဘာ့နိုင်ငံအချို့တွင် လူမျိုးရေး၊ ဘာသာရေးကို ဗန်းပြပြီး နိုင်ငံရေးကစားနေကြသော အုပ်ချုပ်သူနှင့် ဘာသာရေးဗန်းပြများသည် မည်သည့်သွေးချွေးမှ မရင်းနှီးရဘဲ လုပ်အားမစိုက်ထုတ်ရဘဲ စားဝတ်နေရေးကို ဖြေရှင်းနိုင်ကြပါသည်။ ဉာဏ်ကစား၍ ငွေရှာသော အတတ်ပညာရှင် နိုင်ငံသားများနှင့် စီးပွားရေးသမားများသည် အုပ်ချုပ်သူနှင့် ဘာသာရေးသမားကို ခြယ်လှယ်နေကြသည်ကို မြင်တွေ့နိုင်ပါသည်။
လောဘ၊ ဒေါသ၊ မောဟများ၊ အတ္တများဖြင့် ဖွဲ့စည်းထားသော လူသားအသိုင်းအဝိုင်းကြီးသည် အမြဲတန်းသွေးညှီနံ့၊ ယမ်းနံ့၊ မီးခိုးညော်နံ့များကြောင့် ဆင်းရဲခြင်း၊ မွဲတေခြင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းများ ကြောင့် လူတန်းသစား မညီမျှမှုကို ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ဘုရားပေါင်းစုံ၊ တရားပေါင်းစုံ၊ ကျမ်းပေါင်းမြောက်များစွာဖြင့်  လူလောကကို တရားပြခဲ့သော ဘုရားများ၊ တမန်တော်များ၊ မွေးဖွားလာလိုက် ပျံလွန်တော်မူလိုက်နှင့် သံသရာမဆုံးသလို ငြိမ်းချမ်းရေးလည်း မရရှိနိုင်ကြသေးသည်ကို ဝမ်းနည်းစွာ မြင်တွေ့ရမှာပါ။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်သည် ငြိမ်းချမ်းရေးကို ဖျက်ဆီးသူများကို အများပြည်သူများသိရှိရန် ကြိုးစားဖော်ထုတ်ခဲ့ရာတွင် မျက်မြင်ကိုယ့်တွေ့ပေါင်း မြောက်များစွာကို သက်သေနှင့်တကွ သိရှိခဲ့ပြီး ဖြစ်ပါသည်။ ဉာဏ်ပညာအမြော်အမြင် အတွေးအခေါ် မြင့်မားသူတိုင်းလည်း သိရှိနေကြပါသည်။
လောကလူ့ဘောင်အကျိုးကို ဖျက်ဆီးနေကြသူများသည် လူသားစစ်စစ်များသာ ဖြစ်နေကြပါသည်။ အချောင်သမားများ၊ အတ္တကိုယ်ကျိုးစီးပွားလွန်ကဲနေကြသူများ၊ ကိုယ်ပိုင်ကံဉာဏ်ဝီရိယ မစိုက်ဘဲ ကြီးပွားတိုးတက်ချမ်းသာနေကြသူများ၊ ငြိမ်းချမ်းရေးပွဲစားများ၊ NGO , INGO အချို့က ဘာသာရေးတောကြောင် အစွန်းရောက်အချို့များ၊ အာဏာရူးအချို့များ၊ ခရိုနီဆိုးများ၊ နိုင်ငံရေးစားခွက်လုပါတီဝင်အချို့များ၊ သိုးမဲ သတင်းထောက်၊ ဂျာနယ်လစ် အချို့နှင့် အောက်တန်းစား ဖက်ခွက်စား မီဒီယာအချို့ “အချို့” အယ်ဒီတာနှင့် ထုတ်ဝေသူ အချို့ အချို့ကို သမိုင်းဖော်ထုတ်ပြသနိုင်ခဲ့ပြီး ဖြစ်ပါသည်။
ပစ္စုပ္ပန်သည် အနာဂတ်အတွက် မျိုးဆက်သစ်များကို ပြုပြင်စဉ်းစား၍ လုပ်ရပ်ကောင်းများ ဖော်ဆောင်ရန် အတိတ်သင်ခန်းစာဖြစ်နိုင်ပါသည်။ မိမိတို့မိသားစုဝင်များသည် နိုင်ငံတော်ကို ချစ်မြတ်နိုးသော ရဟန်းနှင့်မိဘပြည်သူများ၏ လမ်းညွှန်ချက်ဖြင့် နှစ်စဉ် “အစ်”နေ့ရက်မြတ်မင်္ဂလာနေ့တိုင်း နှစ်ပေါင်းများစွာ ကတည်းက “အစ်နာမာဇာ်”ဖတ်ပြီးတိုင်း မိမိတို့ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဂျူး ဘာသာမဲ့များ နတ်ကိုးကွယ်သူများကိုပါမကျန် ကောင်းမြတ်သော စတုဒိသာ အလှူတော်မြတ်ကို စားကောင်းသောက်ဖွယ်များ ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ခင်မင်ရာမိတ်ဆွေတိုင်း လူမျိုးဘာသာမရေး၊ ရဟန်းသံဃာရှင်သူမြတ်များပါမကျန် ပို့ဆောင်ကပ်လှူဒါန်းခြင်းကို အမှူးပြုလုပ်ပြီး ဖြစ်ပါသည်။
စိန်ရွှေကြည်သည် မဟာသန္တိသုခပဓာနနာယက ဆရာတော် ဦးပညာဝံသအား အမှူးထား၍ နှစ်ပေါင်းများစွာကတည်းက “အစ်နေ့”နှင့် မွေးနေ့တိုင်း ပီနန်ကျောင်း မလေးရှား၊ စင်္ကာပူ အပါအဝင် နတ်ချောင်းတို့တွင် ရဟန်းသံဃာတော်အရှင်သူမြတ်များကို ဆွမ်းကပ်လှူဒါန်းလေ့ရှိပါသည်။ ဤကဲ့သို့ လှူဒါန်းခဲ့သော ကောင်းမှုအစုစုများ၏ အကျိုးကို မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်မိဘပြည်သူများ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ချစ်ခင်ညီညွတ်ကြပြီး၊ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်စူးပါသည်။
ခရစ်နှစ်- ၂၀၁၄ ၊ ၁၃၇၆-ခုနှစ်၊ ဝါခေါင်လတွင်ကျရောက်သော “အစ်နေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းမှုကို ပြုလုပ်ရန် မိမိတို့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်ဝင်များသို့ ပန်ကြားပြီးဖြစ်ပါသည်။ ပဋိပက္ခဖြစ်တိုင်း ရှေ့ဆုံးမှ ထွက်၍ ထိန်းသိမ်းပေးသောဂဠုန်နီဆရာတော်နှင့်တကွ သံဃာတော်များ၊ ရဟန်းရှင် မိဘပြည်သူများ၊ ဒေသအာဏာပိုင်များ ရပ်ကျေးတာဝန်ရှိသူများ ပါတီအချို့မှ ပါတီဝင်ကောင်းများကို အထူးကျေးဇူး တင်ရှိပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သြဝါဒပေးသော နတ်စင်တရာစတုဒီသာဆရာတော် ဦးပညာတေဇ(သံလျှင်)နှင့် တကွ ခန္တီးမှ ဖုန်းဖြင့် ကူညီသော ၊ ဆရာတော် ဦးစန္ဒာသိရီ၊ ဒလမှဆရာတော်၊ ပွင့်ဖြူမှ ဆရာတော်၊ သရက်ဆိုင် ကံမ ဆရာတော်၊ ထားဝယ်မှဆရာတော်၊ မြိတ်မှဆရာတော်၊ ရခိုင်မှဖုန်းဆက်၍ အားပေးသော ဆရာတော်များ၊ အမည်မပြောသော ကျောင်းလိပ်စာ မပေးသော ဦးဇင်းများ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ယက်အား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်ပေးသော မကွေး ပရိယတ္တိဆရာတော် ဦးပါမောက္ခ၊ “၉၆၉” ဆရာတော်ဦးဝီရသူ(မစိုးရိမ်)နှင့် ဆွေးနွေးပွဲများကို ခွင့်ပေးခဲ့သော ဓမ္မပီယဆရာတော် ငါးကျမ်းပြန်ကျောင်း အပါအဝင် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးအချို့မှ ငြိမ်းချမ်းရေးလုပ်ငန်းကို သာဓုခေါ် သြဝါဒပေးခဲ့သည်များကို အထူးလေးစားကျေးဇူးတင်ရှိပါသည်။ ယခုမှစ၍ အမိမြန်မာနိုင်ငံတော်ကြီး အနိဋ္ဌာအာရုံများနှင့် သံသယကင်းဝေးပြီး ငြိမ်းချမ်းသော တည်ငြိမ်သော သာယာပျော်ရွှင်ဖွယ်ကောင်းသော နိုင်ငံတော်ကြီးသို့ ရောက်ပါစေသော် . . . . . ..  .. .. “အာမိန်း”
စိန်-ရွှေကြည် (တာဝန်ခံ)
09-73238176
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Network (P.L.D.N)



Viewing all articles
Browse latest Browse all 2129

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)