စိန်။ ။ တင်ပါ့ ဘုန်းဘုန်း။
ဘုန်းဘုန်း။ ။ ဘုန်းဘုန်း ဒကာကြီးရဲ့ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို “၉၆၉”ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်)နှင့် လုပ်နေတာကို ကြားသိရပါတယ်။ ဒါပေမယ့် ဒကာကြီးတို့ မွတ်စလင်ခေါင်းဆောင်တွေက ဘာကြောင့် မွတ်စလင်တွေ မုဒိန်းမှုကျူးလွန်တာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တွေ ပြဿနာဖြစ်ရင် ဝင်ရောက်ဖြေရှင်းတာ ကန့်ကွက်ရှုံ့ချတာတွေ ဘာကြောင့် မလုပ်တာပါလဲ။ ကျုပ်တို့ ဗုဒ္ဓဘာသာ နှိပ်ကွက်ဖို့ ဗလီတွေကနေပြီး နေ့စဉ် ငါးကြိမ်လှုံ့ဆော်နေတာလဲ။
စိန်ရွှေကြည်။ ။ ဘုန်းဘုန်းတို့ အထင်အမြင်မှားအောင် လှုံ့ဆော်အခွေတစ်ချို့ကြည့်ပြီး မိန့်နေတာလို့ တပည့်တော် နားလည်ပါတယ်။ ဒါ လှုံ့ဆော်အခွေတွေကို တပည့်တော်ခြေရာခံပြီးပါပြီ။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာကြောင့် သွေးခွဲသွေးထိုး လှုံ့ဆော်ပြီး အမြတ်ထုတ်သွားတာတွေ ဘယ်သူတွေဘယ်လို အကျိုးအမြတ်ရရှိပြီး ဘယ်လိုနိုင်ငံရေးကစားကွက်တွေ ရွေ့သွားတယ်ဆိုတာတွေ မပြောတော့ပါဘူး။ ဘုန်းဘုန်းတို့ အထင်မှားနေတဲ့ ကိစ္စအချို့ကို ဖြေရှင်းပေးပါ့မယ်။ မုဒိန်းမှုတွေဖြစ်လာရင် ကျူးလွန်သူ အစ္စလာမ်ဘာသာဝင်တွေဆိုတိုင်း အကာအကွယ်မပေးဖို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေက ချက်ချင်းလက်ငင်း စုံစမ်းစစ်ဆေးပြီး၊ ကန့်ကွက်ရှုံ့ချပြီး မီဒီယာရှင်းလင်းပွဲတွေလုပ်ဖို့ “၉၆၉”ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်) တာဝန်ရှိ မွတ်စလင်ခေါင်းဆောင်တွေကို အမြဲတမ်း တိုက်တွန်းပြောဆိုတဲ့စာတွေ မှတ်တမ်းတွေလည်း ရှိပါတယ်။ မွတ်စလင်ခေါင်းဆောင်တွေက အစိုးရရဲ့ သြဇာခံတွေ ဖြစ်ပါတယ်။ အစိုးရလည်း ကြောက်ရသလို ဘုန်းဘုန်းနဲ့ ထိပ်တိုက်မတွေ့ချင်သလို သူတို့ကြောင့် တိုင်းပြည်မှာ ပြဿနာတွေ ပိုမိုကြီးထွားလာရင် သူတို့ တရားခံဖြစ်မှာမို့ ရှောင်နေကြတာလို့ ကြားသိရပါတယ်။ နောက်ပြီး ဗလီတွေကနေပြီး နေ့စဉ် ငါးကြိမ် အော်နေတာက မွတ်စလင်တွေ ဝတ်ပြုဖို့ ဖိတ်ခေါ်သံသာဖြစ်ပါတယ်။ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ မုဒိန်းကျင့်ဖို့ဆိုတာ ပြောတဲ့သူတွေရဲ့ လုပ်ကြံဝါဒ ဖြန့် သက်သက်သာဖြစ်ပါတယ်။
ဘုန်းဘုန်း။ ။ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာတွေက သိအောင် မြန်မာဘာသာနဲ့ ဖိတ်ခေါ်လို့ မရဘူးလား။ ကျုပ်တို့ ဗုဒ္ဓဘာသာက အရှေ့အရပ်အပါအဝင် အရပ်ရှစ်မျက်နှာကို မြန်မာဘာသာနဲ့ မေတ္တာပို့သ သလို ဒကာကြီးတို့ ဗလီဆရာတွေက မြန်မာလို ဘာသာပြန်ပြီး၊ ဘာကြောင့် မဖိတ်ခေါ်နိုင်တာလဲ။ ဒီလိုသာ မြန်မာလို ဘာသာပြန်ပြီး ဖိတ်ခေါ်ရင် ကျုပ်တို့မြန်မာဗုဒ္ဓဘာသာတွေလည်း သံသယကင်းပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို အထောက်အကူပြုနိုင်မှာဘဲလို့ ဘုန်းဘုန်းက ယူဆတယ်။
စိန်ရွှေကြည်။ ။ ဘုန်းဘုန်းကြီးရဲ့တောင်းဆိုချက်က လက်ခံနိုင်စရာကောင်းမွန်တဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ အရဗစ်ဘာသာနဲ့ အာဇန်ဆိုနေတာကို မြန်မာလို တိတိကျကျ ဘာသာပြန်ပြီး မီဒီယာတွေက တစ်ဆင့် ရေးသားဖို့ တာဝန်ရှိသူတွေကို တင်ပြပေးပါမယ်။ ဒါပေမယ့် အာရဗစ်ဘာသာနဲ့ အာဇာန်ဆိုနေတာကို မြန်မာလို ပြန်အော်ရင် “ကာရန်နဲ့ဘေ”သံတွေကို တင်ပြပေးပါမယ်။ ဒါပေမယ့် အာရဗစ်ဘာသာနဲ့ အာဇန်ကို အာရဗစ်နဲ့ ပေးတာဟာ ဗုဒ္ဓဘာသာတွေကို ပါဠိဘာသာနဲ့ ရွက်ဆိုသကဲ့သို့သာဖြစ်လို့ အနှစ်သာရအမှန်သိရင် အထင်မှားနေတဲ့သူတွေ နားလည်ခွင့်လွတ်ပေးမယ်လို့ ယုံကြည်ပါတယ်။
ဘုန်းဘုန်း။ ။ နောက်တစ်ခုက ကျုပ်တို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို တရုတ်လို ဟိန္ဒူတွေ ဆွမ်းကပ်ခွင့် မရှိဘူးလို့၊ ဒီလို ဆွမ်းကွမ်းလှူလို့ ငရဲကြီးလား။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ဗုဒ္ဓဘာသာအများစုရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့အတူ ကူးလူးဆက်ဆံပြီး နေလို့ မရဘူးလား။
စိန်ရွှေကြည်။ ။ ကောင်းလိုက်တဲ့အကြံပေးချက်ဖြစ်ပါတယ် ဘုန်းဘုန်းကြီး။ အစွန်းရောက်တဲ့ အစ္စလာမ်တွေကသာ ဘုန်းကြီးရဲ့အဆိုကို ဆန့်ကျင်ကောင်းဆန့်ကျင်မယ် မြန်မာပြည်မှာမွေးတဲ့ မြန်မာနိုင်ငံသားတိုင်း မြန်မာမွတ်စလင်တိုင်း ဘုန်းဘုန်းရဲ့အဆိုကို လက်ခံကြိုဆိုမယ်လို့ ယုံကြည်သလို ရဟန်းသံဃာတွေကို ဆွမ်းကပ်တာ လှူဒါန်းတာတွေလုပ်နေတဲ့ မြန်မာမွတ်စလင်တွေ မြောက်များစွာ ရှိနေပါတယ်။ တပည့်တော် စိန်ရွှေကြည်ဟာ ခလေးဘဝကတည်းက ဘုန်းကြီးကျောင်းပတ်ဝန်းကျင်မှာ ကြီးလို့ “အစ်နေ့တိုင်း” ဘုန်းကြီးတွေကို ဆမိုင်ပို့ပါတယ်။ အားလုံးကလည်း ဒီလိုချစ်ချစ်ခင်ခင်နေအောင် ရှေ့မှာ ကြိုးစားပါ့မယ်။ ဘုန်းဘုန်လည်း ပါဝင်ကူညီပေးပါ။ သံဃဗဟို နာယက ဆရာတော်ကြီးတွေထံ တပည့်တော် ငြိမ်းချမ်းရေးကို ဖလှယ်မယ့် အစီအစဉ်တွေ တင်ပြလျှောက်ထားနေပါတယ်။
ဘုန်းဘုန်း။ ။ စိတ်ချပါ ဒကာကြီး ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်အောင် သံဃာ့ မဟာနာယကအဖွဲ့ထိအောင် အသိပေးပြီး လုပ်ပေးပါ့မယ်။
စိန်ရွှေကြည်။ ။ ကျေးဇူးတင်ပါတယ်ဘုန်းဘုန်း။ တပည့်တော် ငြိမ်းချမ်းရေး သံတမန်ကောင်းဖြစ်အောင် ကြိုးစားပေးပါ့မယ်။
ဘုန်းဘုန်း။ ။ သာဓု၊ သာဓု၊ သာဓု ။
စိန်-ရွှေကြည် (တာဝန်ခံ)
09-73238176
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Network (P.L.D.N)