(ဤကဏ္ဍတွင် ဆယ်အိမ်ခေါင်းမှ သမ္မတအထိ မြို့နယ်ဥပဒေအရာရှိမှ တရားဥပဒေအရာရှိချုပ်အထိ။ မြို့နယ်တရားသူကြီးမှ တရားသူကြီးချုပ်အထိ အဆင့်ဆင့်သော ပြည်သူ့အစေခံ ဝန်ထမ်းများ၏ မတရားမှုများ ကို အဆက်မပြတ် တင်ပြသွားပါမည်။
အမှန်တကယ် နစ်နာသူများ၊ တရားဥပဒေစိုးမိုးလိုသူများ၊ အမှန်တရားကို မြတ်နိုးသူများက သတင်းများ၊ တိုင်ကြားစာများ၊ ရင်ဖွင့်စာများ ပေးပို့နိုင်ပါသည်။
အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တို့ ပူးတွဲ ပေးပို့ရပါမည်။
ငွေကြေးတစ်ပြားတလေမျှ ပေးစရာမလိုသလို၊ အဆင်ပြေအောင်မြင်သွားလျှင်လည်း ကျေးဇူးတင်စကားတောင် ပြောစရာမလိုပါ။
မမှန်ကန်ခြင်း၊ မပြည့်စုံခြင်း၊ လုပ်ကြံရေးသားခြင်းတို့အတွက် ကာယကံရှင်နှင့် ပေးပို့သူတို့ကသာ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ပါသည်။)
ဒီကနေ့ (20.7.2014) ရက်စွဲနှင့် ပေးပို့လာတဲ့ မေးလ်စာလေးပါ။
တောင်ပြာတန်းရေ
တာဝန်ရှိတဲ့သူဖြစ်ရင် တာဝန်သိစိတ်ဓာတ်နှင့် တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်ဗျာ။
လူမှုရေးအရပဲကြည့်ကြည့် ဘာသာရေးအရပဲကြည့်ကြည့် တာဝန်မဲ့ပြုမူတာ မကောင်းပါဘူးဗျာ။
လူကိုလူလို သဘောမထားတာတွေ ပြဿနာကို ပညာနှင့်မရှင်းဘဲ ငွေနှင့်ရှင်းနေတာတွေဟာ လူ့ဘောင်လောကကြီးကို အနိုင်ကျင့်ရာ ရောက်ပါတယ်ဗျာ။
မထသ ယာဉ်စည်းကမ်း၊ ပို့ဆောင်ရေး၊ ပြည်ထဲရေးမှ အစိုးရအထိ သမ္မတအထိ တာဝန်ရှိပါတယ်ဗျာ။
နစ်နာသူတွေကို ဒီအတိုင်းပစ်ထားကြမယ်ဆိုရင် ပြဿနာကို ဖိတ်ခေါ်ရာ မရောက်ဘူးလားဗျာ။
သမ္မတဆိုတာလည်း ဝန်ထမ်းပါပဲ။
ဝန်ထမ်းဆိုတာလည်း ပြည်သူ့အစေခံပါပဲ။
ပြည်သူ့အစေခံ ဟုတ်/မဟုတ်
ဝေဖန်ရေးလုပ်ပြီး အဖြေမှန်တွေ ထုတ်ပေးကြပါစို့လား…….?။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
20.7.2014
PM 8:36
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အကူအညီတောင်းခံအပ်ပါသည်ဘုရား
အရှင်ဝီရသူဘုရား
တပည့်တော်ရိုသေစွာဖြင့်အကူအညီတောင်းခံအပ်ပါသည်ဘုရား။
တပည့်တော်နာမည် ဦးခင်ဦးပါဘုရား။ အသက် (၈၂)နှစ်ရှိပါပြီ။
တပည့်တော်ရဲ့သမီးကြီးသည် လွန်ခဲ့သော (၃)လကျော်က နေပြည်တော်-အမြန်လမ်း ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့
တောင်ပြာတန်းကားမီးလောင်တဲ့ ထဲမှာမီးလောင် သေဆုံးခဲ့ပါတယ်ဘုရား။
မီးလောင်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ယာဉ်လိုင်း၊ ကားပိုင်ရှင်တွေဟာ ရှေ့ပွဲ၊ နောက်ပွဲ ဘာမှလုပ်ပေးတာမျိုး မရှိတဲ့အပြင် နာရေး သတင်းမေးတောင်
မလာခဲ့ပါဘူးဘုရား။
တပည့်တော်တို့လည်း ဆက်သွယ်လာနိုးနဲ့စောင့်နေရင်း ရာဇာမင်းကားမှောက်ဖြစ်စဉ်မှာ အားလုံးကဆောင်ရွက်ပေးတာတွေတွေ့တော့ တောင်ပြာတန်းကို
ဖုန်းဆက်မေးမြန်းရာမှာ မချေမငံပြန်ဖြေခဲ့ပါတယ်။
၎င်းတို့က အာဏာပိုင်တွေနဲ့ ပိုင်တဲ့အတွက် တိုင်ချင်ရာတိုင် ဘာမှမလုပ်ပေးတဲ့ပုံဖြစ်နေပါတယ်။
ယာဉ်လိုင်းကိုလည်း အရေးမယူပါဘူးဘုရား။ အရေးမယူတဲ့အပြင် လိုင်းသစ်တောင်ဆွဲခွင့်ပေးခဲ့ပါသေးတယ်။
ဒါကြောင့် မေလမှာ သမ္မတကြီးထံတိုင်ကြားစာပို့ခဲ့ပါတယ် ဘုရား။
ဒီစာကို အရှင်ဘုရားဖတ်ကြည့်နိုင်ဖို့ ဒီစာနဲ့အတူပေးပို့ပါတယ်ဘုရား။
ဒီစာနဲ့ပတ်သက်လို့ သမ္မတကြီးအနေနဲ့ ဘာမှ ညွှန်ကြားစာမကျတဲ့အတွက် တပည့်တော်တို့ ၂လကျော်အချိန်မှာ ယာဉ်လိုင်းကိုတရားစွဲမယ်လို့
အသံလွှင့်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာမှ လျော်ကြေးကို မိုက်ရိုင်းစွာနဲ့ ၅သိန်းကစပြီး မန်နေဂျာဆိုသူက ဖုန်းဖြင့် အချို့မိသားစုတွေကို ညှိပါတယ်။
နောက်တော့ ၁၅သိန်းပဲပေးနိုင်မယ်။ ယူရင်ကားဂိတ်မှာငွေလာထုတ်ပါဆိုပြီး အချို့ကိုပြောပါတယ်။

ယာဉ်ပိုင်ရှင်၊ ယာဉ်လိုင်းရှယ်ယာရှင်၊ ဥက္ကဋ္ဌဆိုသူတွေဟာ တပည့်တော်တို့ တစ်ခါမှ ဒီနေ့ထိမတွေ့ဖူးပါဘုရား။
ယာဉ်ပိုင်ရှင်ဆိုသူကို ခုထိမေးလို့မရခဲ့ပါဘူး။ နိုင်ငံခြားမှာပဲနေတာပါလို့သာပြောခဲ့ပါတယ်။
ရဲစခန်းကလည်း အမှန်မပြောပေးပါဘူး။
ယာဉ်မောင်းလည်းထွက်ပြေး၊ ပိုင်ရှင်လည်းမရှိတော့ ဘယ်လိုတရားစွဲမှာလဲလို့ပဲ ပြန်မေးပါတယ်။
တပည့်တော်တို့မှာဆုံးရှုံးမှုကြီးပါတယ်ဘုရား။ လူလည်းဆုံး၊ ပစ္စည်းတွေလည်းဆုံးတာပါဘုရား။ တပည့်တော်တို့ဇနီးမောင်နှံဆိုရင် အနီးကပ်
ပြုစုလုပ်ကျွေးနေတဲ့သမီးကြီး ဆုံးသွားတော့ စီးပွားလည်းပျက်၊ တောင်ကြီးကပစ္စည်းတွေရောင်းချပြီး ရန်ကုန်ကိုပြောင်းလာခဲ့ရပါတယ်ဘုရား။
ကျန်တဲ့မိသားစုတွေလည်း သူ့ယိုင်လဲချက်နဲ့သူဖြစ်ခဲ့ပါတယ်ဘုရား။
ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်ပြီး လူမှုရေးမဲ့ပြီး အာဏာပိုင်တွေနဲ့ပိုင်တယ်ဆိုတာနဲ့
ဥပဒေကို လက်တစ်လုံးခြားလုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စရိုက်၊ လူတစ်ယောက်သေတာ မြေ၁ဧကလောက်တောင်မှ တန်ဖိုးမရှိဘူးဆိုပြီး
ကြိုက်သလိုတန်ဖိုးဖြတ်နိုင်တဲ့ ဥပဒေသတ်မှတ်ချက်၊
တစ်ဘက်ကတရားနဲ့ဖြေပေမယ့် အဲ့လိုဖြစ်လာတိုင်းအပြစ်မဲ့သူတွေခံနေရမယ်ဆိုရင် မကောင်းပါဘူးဘုရား။
အရှင်ဘုရားအနေဖြင့် တာဝန်ရှိသူများက ဒီအရေးကို တာဝန်ယူပေးနိုင်ရန်အတွက် ကူညီပေးပါရန် ရိုသေစွာဖြင့် အကူအညီတောင်းခံအပ်ပါတယ်ဘုရား။
ရိုသေလေးမြတ်စွာဖြင့်ု
ဦးခင်ဦး
၁၃/တကန(နိုင်) ၀၁၂၆၉၅
၂၁၆၊ စံပယ်လမ်း၊ ကန်အောက်ရပ်၊ တောင်ကြီးမြို့
ခေတ္တ- ၂၆၂၊ လမ်းသွယ် (၁)၊ သံလျုင်တံတားတည်ဆောက်ရေး အိမ်ယာဝင်း၊ သာကေတ၊ ရန်ကုန်မြို့