Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မဟာသန္တိသုခကျောင်းအား ညပိုင်းဝင်သိမ်းမည်ကို စိုးရိမ်၍ ညလုံးပေါက်စောင့်”

$
0
0


ရဲနိုင်၊ စောပိုင်
ရန်ကုန်-မဟာသန္တိသုခကျောင်းတော်ကြီးအား နိုင်ငံတော်သံဃမဟာနာယက(မ.ဟ.န) အဖွဲ့ဆုံးဖြတ်ချက်ဖြင့် မတ်လ(၃၁)ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် ညွှန်းကြားထား၍ ယင်းညဥ့်သန်းခေါင်ယံတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ဝင်ရောက်ဖယ်ရှားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။
“ညဘက်မှာ မဝင်ရောက်လာဘူးလို့ပြောမရဘူး။ မိကျောင်းကန်သပိတ်စခန်းကို ကြည့်ပါလား။ လူအများကြီးနဲ့ ဝင်ဖျက်သွားတာ။ ဒါကြောင့် ကျောင်းတော်နဲ့ ဆရာတော်ကို အကုန်လုံးကာရံပေးထားတယ်” ဟု အဆိုပါ ကျောင်းတွင်သီတင်းသုံးနေသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးပဏ္ဍဝံသကမိန့်ကြားသည်။
ရန်ကုန်တွင် သီတင်းသုံးနေသော ဆရာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများက အဆိုပါ ကျောင်းတော်ကြီးကို ညလုံးပေါက်စောင့်ရှောက်ရန် စီစဉ်ထားကြောင်း အထက်ပါ ဆရာတော်က မိန့်ကြားသည်။
မဟာသန္တိသုခကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များစုပေါင်းဆောက်လုပ်ပြီး ပီနန်ဆရာတော်ကြီးထံ လှူဒါန်းထားသောကြောင့် အဆိုပါသံဃာတော်များထံမှ အဓမ္မသိမ်းပိုက်ခြင်းကို တာမွေရပ်ကွက်နေပြည်သူများက လုံးဝလက်မခံကြောင်း ဆိုင်းဘုတ်များကို ကျောင်းတော်ကြီးမုခ်ဝများတွင် ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။
“သူတို့ညဘက်ဝင်သိမ်းမယ်ဆိုရင်လည်း နိုင်ငံတော်ပုံရိပ်ထိခိုက်တယ်။ ဆူပူမှုတွေနောက်တစ်ကြိမ် ဖြစ်လာနိုင်တယ်။ သိပ်တော့လည်း စိုးရိမ်ကြီးတော့ မဟုတ်ဘူးပေါ့” ဟု ပီနန်ဆရာတော်ကြီးအား အနီးကပ် စောင့်ရှောက်သူဦးသန့်ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တာမွေရဲစခန်းက အထက်မှ ညွှန်ကြားချက်မရရှိထားကြောင်း၊ ညွှန်ကြားချက်ရှိ လျှင်လည်း ၄င်းတို့အနေဖြင့် မသိရှိကြောင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
“အထက်လူကြီးတွေပဲ ညှိနှိုင်းပြီးလုပ်ကြတာ။ အောက်ခြေအနေနဲ့တော့ မသိပါဘူး။ ခုထက်ထိတော့ ကျွန်တော်တို့ ဘာမှမသိသေးပါဘူး” ဟု မတ်လ ၃၂ ရက်ည ၇ နာရီတွင် ယင်းကျောင်းတော်အား ဝင်ရောက် ဖယ်ရှားရန် ရှိ၊ မရှိ မေးမြန်းချက်ကို တာဝန်ခံရဲဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
မတ်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတစ်ဝန်းမှ သံဃာတော်အပါးလေးရာ၊ အနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုများ၊ လူမှုရေးအဖွဲ့အစည်းများက ကျောင်းတော်ကို အတင်းအဓမ္မ ဝင်ရောက်သိမ်းဆည်းပါက ဝိုင်းဝန်ကန့်ကွက်ကြောင်း ယင်းပွဲတွင် မြွတ်ဆိုပြောကြားခဲ့သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း