Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပီနန်ဆရာတော် မဟာသန္တိသုခကျောင်းတိုက်မှ ဖယ်ရှားရမည့်နောက်ဆုံးရက် ထွက်ခွာမည်မဟုတ်ကြောင်း ဆိုင်းဘုတ်တင်ကြေညာ”

$
0
0
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသော ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် နောက်လိုက်သံဃာများကို ကျောင်းတိုက်မှ ဖယ်ရှားရန် သတိပေးထုတ်ပြန်ထားသည့် နောက်ဆုံးရက်ဖြစ်သည့် မတ်လ (၃၁) သို့ ရောက်ရှိလာချိန်တွင် ယင်းကျောင်းတိုက်မှ ထွက်ခွာမည်မဟုတ်ကြောင်း ပီနန်ဆရာတော်နှင့်တပည့်များက ကျောင်းတိုက်မုခ်ဦးတွင် ဆိုင်းဘုတ်တင်ကြေညာလိုက်သည်။
ပြည်တွင်းပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးသော မဟာသန္တိသုခကျောင်းတိုက်သည် နိုင်ငံတော်ပိုင်ဖြစ်သောကြောင့် ဖယ်ရှားရန် သံဃမဟာနာယကက ညွှန်ကြားသည့်နောက်ဆုံးရက် မတ်လ (၃၁)ရက်နေ့တွင် တပည့်ဒါယကာများက ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံမိန့်ဆိုသည်။
“ဘုန်းကြီးတို့က တိုက်တွန်းတာမဟုတ်ဘူး။ ဒကာဒကာမတွေက တရားမျှတမှုမရှိဘူးဆိုပြီး ဆိုင်းဘုတ်တင် ကြေညာလိုက်တာပါ။”ဟု ဆရာတော်အရှင်စန္ဒာသီရိက မိန့်ကြားသည်။
မဟာသန္တိသုခကျောင်းတိုက်ကြီးသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အလှူရှင်များပူးပေါင်းမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ ပီနန်ဆရာတော်အရှင်ပညာဝံသသို့ ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်သောကြောင့် အဓမ္မသိမ်းပိုက်ခြင်းကို လက်မခံကြောင်း အဆိုပါ ဆိုင်းဘုတ်တွင် ရေးသားထားသည်။
မဟာသန္တိသုခတွင် သီတင်းသုံးကျောင်းထိုင်သော သံဃာတော်များကို ဖယ်ရှားမည့်ကိစ္စအတွက် လာရောက်တွေ့ဆုံ ညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့က ဖေဖော်ဝါရီအတွင်း အကြောင်းကြားစာ နှစ်ကြိမ်တိုင် ပေးပို့သော်လည်း ကျောင်းထိုင်သံဃာတော်များက သွားရောက်တွေ့ဆုံခဲ့ခြင်း မရှိသည့်အပြင် ကျောင်းတိုက်မှ တစ်လက်မမျှ ဖယ်ရှားပေးမည်မဟုတ်ကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားထားသည်။
ယင်းနောက် မတ်လ (၆)ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက စုံညီအစည်းအဝေးပြုလုပ်ခဲ့ပြီး ကျောင်းထိုင်သံဃာတော်များကို မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သိရသည်။
သံဃမဟာနာယကအဖွဲ့က ညွှန်ကြားသည့်နောက်ဆုံးရက်သို့ ရောက်ရှိလာသော်လည်း မတ်လ (၃၁)ရက်နေ့ ည (၇)နာရီအချိန်အထိ ထပ်မံဆက်သွယ်ညွှန်ကြားခြင်းမရှိကြောင်း မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတော်များက မိန့်ကြားသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတိုက်ရှိ  သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက်ဖြေရှင်းပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ သာသနာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အစိုးရဌာနများသို့ မတ်လ (၂၇)ရက်နေ့တွင် မေတ္တာရပ်ခံစာပို့ထားပြီး ဖြစ်ကြောင်း ကျောင်းထိုင်သံဃာတော်များထံမှ သိရသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles