Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဂျီဟတ်ဝါဒီများရန်မှ ကာကွယ်ရန် ဥရောပဝန်ကြီးများ အစီအစဉ်ရေးဆွဲ”

$
0
0
မီလန်၊ ဇူလိုင် ၈
ဆီးရီးယားစသည့် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ဂျီဟတ်ဝါဒီများ မိခင်ဥရောပနိုင်ငံများသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ပေါ်ပေါက်လာနိုင်သည့် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် အရေးယူတုံ့ပြန်ရေးအစီအစဉ်တစ်ရပ်ကို ဥရောပဝန်ကြီးများက အတည်ပြုရေးဆွဲလိုက်ကြောင်း ဥရောပအကြမ်းဖက်တိုက်ဖျက်ရေး ညှိနှိုင်းရေးမှူး ဂီးလတ်ဒီကာချော့က CAN သတင်းကိုပြောကြားသည်။
ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ဘယ်ဂျီယံ၊ ဒိန်းမက်၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်ပြည်ထဲရေးဝန်ကြီးများ မီလန်မြို့၌ ဆွေးနွေးရာတွင် အကြမ်းဖက်ဝါဒီများတိုက်ဖျက်ရေးနည်းလမ်းများစွာကို အတည်ပြုပေးခဲ့ကြောင်း ဂီးလတ်က ပြောကြားသည်။
“အစီအစဉ်ရဲ့ အသေးစိတ် အချက်တွေက လျှို့ဝှက်ချက်တွေပါ” ဟု ၄င်းက ပြောကြားလိုက်ပြီး အောက်တိုဘာလတွင် ကျင်းပမည့် ဥရောပပြည်ထဲရေးဝန်ကြီးများအစည်းအဝေးသို့ ထပ်မံတင်သွင်းသွားမည် ဟု ဖြည့်စွက်ပြောကြားသည်။
အီရတ်နိုင်ငံတွင်းမကြာသေးမီက ဖြစ်ပွားခဲ့သည့် ဂျီဟတ်ဝါဒီများခေါင်းဆောင်လာမှု၊ အစ္စလာမ္မစ် နိုင်ငံတော် သစ်တည်ထောင်မှုတို့က ဥရောပတိုက်ရှိ ဂျီဟတ်ဝါဒီဖြစ်ရန် အလားအလာရှိသူများကို ဆွဲဆောင်နိုင်ခြေရှိနေပြီး အရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန်လိုအပ်လာကြောင်း ဥရောပအကြမ်းဖက်တိုက်ဖျက်ရေး ညှိနှိုင်းရေး မှူးက မှတ်ချက်ပြုသည်။
ထို့အပြင် ဆီးရီးယား၊ ဆိုမာလီ ဆူဒန်စသည့်နိုင်ငံများသို့ သွားရောက်ပြီး အစွန်းရောက်ဝါဒီများနှင့် လက်တွဲလုပ် ဆောင်ရန် ကြိုးပမ်းသည့်ဥရောပ မွတ်ဆလင်လူငယ် ဦးရေတိုးပွားလာကြောင်း ဦးရေတိုးပွားလာကြောင်း ဥရောပသမဂ္ဂအဖွဲ့က ယခုနှစ်အစောပိုင်းတွင် သတိပေးခဲ့သည်။
အဆိုပါ လူငယ်များ ဥရောပသို့ ပြန်လည်ရောက်ရှိလာသည့်အခါ လက်နက်အသုံးပြုမှုနှင့် ပြောက်ကျားတိုက် နည်းများကို အကျွမ်းတဝင်ဖြစ်လာပြီး လုံခြုံရေးရာခြိမ်းခြောက်မှုများ ပေါ်လာမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
လက်ရှိအတည်ပြုလိုက်သော အစီအစဉ်သစ်အရ တိုက်ခိုက်မှုများလုပ်ဆောင်ရန် အသင့်ဖြစ်နေသည့် လူငယ်များကို စုံစမ်းရှာဖွေမည်ဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအချင်းချင်းအကြား သတင်းအချက် အလက် ဖလှယ်အသုံးပြုမည်ဖြစ်သည်။
ယင်းကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ဂျီဟတ်ဝါဒီဖြစ်ရန် အလားအလာရှိသူများ ဥရောပမှ ထွက်ခွါရန် ကြိုးပမ်းနေသည့်အခါ ပိုမိုခက်ခဲမည်ဖြစ်သကဲ့သို့ ဥရောပသို့ ပြန်လည် ဝင်ရောက်လာသည့်အခါတွင်လည်း အနီးကပ်စောင့်ကြည့်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ဂျီဟတ်ဝါဒီများကို တားဆီးရန် ကြိုးပမ်းရာမှတစ်ဆင့် ပြည်သူ့အခွင့်အရေး ချိုးဖောက်မှုများ ပေါ်ပေါက်လာနိုင်သဖြင့် လုံခြုံရေးရာနှင့် လွတ်လပ်ခွင့်ကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာနိုင်သကဲ့ သို့ ပြစ်မှုကျူးလွန်နိုင်ခြေရှိသည့် ဂျီဟတ်ဝါဒီများ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်း ပြဿနာများ ပေါ်ပေါက်လာနိုင် ကြောင်း ဂီးလတ်က ပြောကြားသည်။
ဆီးရီးယားနိုင်ငံတွင် တစ်နှစ်တာ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသားတစ်ဦးက ဘရတ်ဘဲမြို့တော် ဂျူးပြတိုက်ရှိ လူလေးဦးကို မေလအတွင်းပစ်သတ်လိုက်ပြီးနောက် အစွန်းရောက်ဝါဒီကို လက်ခံသည့် ဥရောပတိုက်သားများအရေးကို အာရုံစိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။

ဥရောပနိုင်ငံသား ၂၀၀၀ ကျော်သည် ဆီးရီးယားသို့ သွားရောက်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည် သို့မဟုတ် သွားရောက်ရန် စီစဉ်လျက်ရှိသည်ဟု CAN သတင်းတွင် ဖော်ပြထားသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...