Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“OIC အပါအဝင် ပြည်ပအဖွဲ့အစည်းများ၏ အထောက်အပံ့ရယူထားသည့် သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် ရှိနေဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ စွပ်စွဲ”

$
0
0
ရန်ကုန်၊ ဇူလိုင် ၈
OIC အပါအဝင် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ရယူ၍ ပြည်တွင်းတွင် လှုပ်ရှားလုပ်ကိုင် နေသည့် သတင်းမီဒီယာငါးခုခန့်ရှိပြီး ၄င်းတို့အား ဖော်ထုတ်အရေးယူသွားပေးရန်အတွက် ပြည်ထောင်စုအစိုးရ အား တိုကတွန်းကြောင်း အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းဦးက ဇူလိုင် ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇူလိုင် ၄ ရက်က OIC အပါအဝင် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ရယူနေသည့် သတင်းမီဒီယာ များကို အစိုးရမှ စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ် ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။
“အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်ဖက်စောင်းနင်းပေါ့နော်။ လူမျိုးခြားတွေပေါ်မှာ အသားပေးပြီး ဖော်ပြတတ်တဲ့ ကိုယ့်လူမျိုးတွေ ခံနေရတာကို အမှန်အတိုင်းမဖော်ပြနိုင်တဲ့ မီဒီယာတွေ ပေါ်ပေါက်နေပြီလေ။ ဒါကို လက်ရှိမှာလည်း အချက်အလက်စုဆောင်းတုန်းကာလဖြစ်တယ်။ အွန်လိုင်းမီဒီယာရော၊ ပုံနှိပ်မီဒီယာရော ၄၊၅ ခုတွေ့ထားတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်ဖော်ထုတ်ပေးရမယ့်တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုတာ ဖြစ်တယ်။ ဘယ်မီဒီယာဆိုတာ ကျွန်တော်တို့က အမည်နာမတပ်ပြီး ဖော်ပြနေစရာမလိုတော့ ယေဘုယျသဘောအနေနဲ့ ကြေညာချက်ထုတ်တာပါ” ဟု ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
မိမိတို့အဖွဲ့အနေဖြင့် သုတေသနပြုလုပ်ချက်များအရ ယင်းသို့ ရေးသားသော သတင်းမီဒီယာ၅ခုခန့်ရှိကြောင်း သတင်းမီဒီယာဖြစ်သည်ကို အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ရယူပြီးမှ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့ ရေးသားသောသတင်းမီဒီယာများကို စောင့်ကြည့်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ စိစစ်အရေးယူရန် တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ အရေးယူ၊ မယူဆိုသည်ကိုလည်း စောင့်ကြည့်အဖွဲ့ အတိုင်းအတာနှင့်ညီအောင် စောင့်ကြည့်မည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တင်က “ဆရာတို့ကတော့ ကျင့်ဝတ်ကိုပဲ အခြေခံတယ်လေ။ ကျင့်ဝတ်နဲ့မီဒီယာ ဥပဒေအပေါ်မှာပဲ အခြေခံပြီးတော့ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် တစ်ဖက်က ဒီလိုတော့ဖြစ်နေပြီဆိုပြီး အသိပေးတယ်ပေါ့။ အသိပေးရင် လုပ်ထုံး လုပ်နည်းအရတော့ ဟိုဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတို့ကခေါ်ပြီး ညှိတယ်။ နှစ်ဖက်စလုံး ညှိလို့မရဘူးဆိုရင်တော့ သူတို့ဘာသာသူတို့ တရားရုံးတက်ကြပေါ့။ ဆရာတို့ကတော့ ကြေညာချက်ထုတ်နိုင်တဲ့ အပိုင်းပဲရှိတယ်။ အရေးကြီးရင်တော့ ချက်ချင်းထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်” ဟု ၄င်းက မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားသည်။
အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် လူအင်အား ၂၀ ခန့်ပါဝင်ခြင်းဖြစ်ပြီး ကိုရဲမင်းဦးမှာ ယခင်က မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင်ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့မှုဖြင့် ဗဟန်း၊ သာကေတနှင့် ကျောက်တံတားရဲစခန်းကိုမှ အမှုဖွင့်အရေးယူခဲ့ဖူးသည်။
တင်ဇာအောင်

(အတွဲ၃၊အမှတ်(၁၈) ဇူလိုင်၁၂-၁၈၊ ၂၀၁၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်မှ)

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...