Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဒဏ်ရာများနဲ့ အမိမြေ(၉)”

$
0
0
(၂.၇.၂၀၁၄)ရက်နေ့ ညမှာ မျိုးကိုကိုနှင့် ပြည့်ဖြိုးအောင်တို့ သူငယ်ချင်းနှစ်ယောက် မိန်းဘက်က ဆိုင်ကယ်နဲ့ပြန်အလာမှာ အရိုက်ခံလိုက်ရတာပါ။ ဝိုင်းအရိုက်ခံရခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ပြည့်ဖြိုးအောင်က နောက်မှာ ထိုင်လိုက်လာပြီး မျိုးကိုကိုက ဆိုင်ကယ် မောင်းလာခဲ့ခြင်း ဖြစ်ပါတယ်။ (၃၅)လမ်း ကီးမားတင်ဝင်းလဘက်ရည်ဆိုင်နားအရောက်မှာ ဗမာတွေဝင်လာပြီ ဝိုင်းရိုက်ကြဟု အော်ပြီး ချောင်ကြို ချောင်ကြားထဲမှ ကုလားအုပ် အယောက်(၅၀)ကျော်ခန့်ထွက်လာကာ ဝိုင်းရိုက်ခြင်းဖြစ်ပြီး သိသိချင်းနောက်ပြန်လှည့်ပြေးတော့ နောက်မှာလည်း ထွက်လမ်းပိတ်ထားပြီးဖြစ်ပါတယ်။ ဆိုင်ကယ်မလဲခင် ဒုတ်နဲ့ရိုက်သူကရိုက် ခဲနဲ့ထုသူကထုပြီး ဆိုင်ကယ်လဲသွားတော့မှဝိုင်းရိုက်ကြတာပါ။ လုံခြုံရေးကားတွေရောက်လာမှ ကုလားအုပ်များ ချောင်ကြို ချောင်ကြားထဲ ပြန်ပြေးဝင်သွားကြလို့  အသက်မသေဘဲ လွတ်လာခဲ့ခြင်းဖြစ်ပါတယ်။
အခင်းဖြစ်ချိန်မှာ မောင်မျိုးကိုကိုကိုင်ဆောင်သည့် ဆမ်ဆောင်းအမျိုးအစား ဟန်းဆက်လုံးဝပျက်စီးသွားပြီး ၂၈-ယ-၄၁၈၅၈ နံပါတ်ပါဆိုင်ကယ်ကိုတော့ ခုချိန်ထိ စုံစမ်းလို့မရသေးကြောင်း ပြောပြပါတယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကုလားအုပ်များ ဝိုင်းရိုက်ခြင်းခံရသူ အောင်မြေသာဇံမြို့နယ်၊ အကွက်(၁၂၀)၊ မီးသွေးစုနေ အသက်(၂၅)နှစ်ရှိ မောင်မျိုးကိုကိုနှင့် တွေ့ဆုံမေးမြန်းခြင်း။

မေး။ ငါ့ညီ နာမည်နှင့် အသက်ပြောပါအုံး။
ဖြေ။ မျိုးကိုကိုပါ။ အသက်က (၂၅)နှစ်ပါ။
မေး။ အိမ်ထောင်ရှိလား။ ညီကိုမောင်နှမဘယ်နှစ်ယောက်ရှိလဲ။
ဖြေ။ အိမ်ထောင်မရှိပါဘူး။ မောင်နှမက လေးယောက်။ ကျွန်တော်က အငယ်ဆုံးပါ။
မေး။ အလုပ်အကိုင်က။
ဖြေ။ တွင်ခုံမှာလုပ်ပါတယ်။
မေး။ ဘယ်နေ့ ဘယ်ချိန်မှာ ဘယ်လိုဖြစ်သွားတယ် ပြောပြပါဦး။
ဖြေ။ အဲ့နေ့က ၂ ရက်နေ့ပါ။ ကျွန်တော်တို့ မိန်းထဲကနေပြန်လာတာပါ။ အဲ့မှာ ရှေ့မှာ ရုတ်ရုတ်ဖြစ်နေတာတွေ့တော့ ပြန်နောက်ဆုတ်တဲ့ခါမှာ အုပ်စုလိုက်ပဲ ရပ်ဆိုတော့ ကျွန်တော်က ရပ်ပေးလိုက်တော့ ကြားထဲညပ်နေတာ။ ကျွန်တော်ကမောင်းပြေးသေးတယ် ဘယ်လိုမှမလွတ်ဘူး။ ဟိုဘက်ကရိုက်လိုက် ဒီဘက်ကရိုက်လိုက် ဂွတွေနဲ့ထုလိုက်နဲ့ပြေးလို့ကို မရဘူး။ ကျွန်တော့်ကို နှစ်ချက်ပဲ ရိုက်လိုက်တာ မေ့သွားတယ်။ ကင်းပုန်းတွေချပြီး အကုန်ဝိုင်းလုပ်တာပါ။
မေး။ ကုလားတွေ ဘယ်နှစ်ယောက်လောက်ရှိလဲ။
ဖြေ။ အများကြီးပဲ။ အယောက် (၅၀)ကျော်လောက်ရှိတယ်။ ပြေးလို့ ဘယ်လိုမှမရပါဘူး။ ရိုက်တော့ ဆိုင်ကယ်ပစ်လဲတော့ အဲ့နားကုလားတွေ အကုန်ဝိုင်းရိုက်တယ်။
မေး။ အဲ့ဖြစ်တဲ့နေရာက ဘယ်နေရာလဲ။
ဖြေ။ (၃၅)လမ်း ကီးမားတင်ဝင်ဘေးနားမှာဖြစ်တာပါ။ အဲ့နား ပတ်ဝန်းကျင်က ကြားထဲကနေပြီးတော့ ထွက်လာကြတယ်။ ရဲတွေရောက်လို့ ဝင်ပြေးတော့လည်း အဲ့ကြားတွေထဲပဲ ပြန်ပြေးဝင်သွားကြတယ်။
မေး။ သူတို့က ဘာလက်နက်တွေပါလဲ။
ဖြေ။ ဒုတ်တွေ၊ ဓားတွေနှင့် ခဲတွေပါပါတယ်။ တခြားလူတွေက ဓားခုတ်တာခံရတယ်။ ကျွန်တော်တို့ကတော့ တုတ်တွေရိုက်တာ ခဲတွေနဲ့ထုတာခံရတယ်။
မေး။ ဘယ်ချိန်လောက်ကဖြစ်တာလဲ။
ဖြေ။ ည (၁၀း၀၀)နာရီလောက်ကပါ။ အဲ့တုန်းက ညမထွက်ရအမိန့် မထုတ်သေးပါဘူး။
မေး။ ဆိုင်ကယ်ဘယ်နှစ်စီး လူဘယ်နှစ်ယောက်နဲ့ သွားကြတာလဲ။
ဖြေ။ ဆိုင်ကယ်တစ်စီးတည်း လူနှစ်ယောက်ပါ။
မေး။ သူတို့က ထွက်လာတာ လူချည်းထွက်လာတာလား။ ဆိုင်ကယ်တွေကော ပါသေးလား။
ဖြေ။ ဘာမှမပါဘူး။ လူချည်းပဲထွက်လာကြတာပါ။ အဲ့နားနှစ်ပြလောက်က လွတ်လမ်းကိုမရှိဘူး။ ကျွန်တော်တို့ရှေ့မှာ ဆိုင်ကယ်တစ်စီးကိုရိုက်ထားတာတွေ့လိုက်တယ်။ သူတို့လည်းအဲလိုပဲ ဆိုင်ကယ်နဲ့ လျှောဆိုပါသွားပြီး သွေးအိုင်တွေထဲမှာ လဲနေတာတွေ့တယ်။ သူတို့က ဆိုင်ကယ်မလဲမချင်းရိုက်တယ်။ ဘယ်လိုမှမလွတ်ဘူး။ ကျွန်တော်တို့လည်း ဆိုင်ကယ်နဲ့ပြေးသေးတယ်။ ဟိုဘက်ကော ဒီဘက်ကောဝိုင်းရိုက်တော့ ဘယ်လိုမှမလွတ်ဘူး။
မေး။ သူတို့က မရိုက်ခင်မှာ ဘာတွေပြောသေးလဲ။ ကုလားလား ဗမာလား မေးတာတို့ တစ်ခွန်းစ နှစ်ခွန်းစ စကားများတာတို့ ရှိလား။
ဖြေ။ ကျွန်တော်တို့ကိုဘာမှမမေးဘူး။ ရှေ့ကလူတွေကိုတော့ ကုလားလား ဗမာလားမေးသေးတယ်။ မေးပြီးမှရိုက်တာပါ။
မေး။ တားပြီးရိုက်တဲ့လူတွေက ဘယ်သူတွေလဲ။ ကုလားတွေလား ဗမာတွေလား။
ဖြေ။ ကုလားတွေပါ။
မေး။ ဦးထုပ်တွေဆောင်းထားလား။
ဖြေ။ မဆောင်းပါဘူး။ ဒါပေမယ့် ကုလားတော့ ကုလားပါပဲ။ မုဆိတ်တွေကောပါတယ်။
မေး။ သူတို့နှင့် ငါ့ညီတို့နှင့် ပတ်သက်မှုရှိလား။
ဖြေ။ ကျွန်တော်တို့နဲ့ ဘာမှပတ်သက်မှုမရှိပါဘူ။ သိလည်းမသိပါဘူး။
မေး။ ဆေးရုံကြီးကို ဘယ်လိုသွားတာလဲ။ ကိုယ့်ဟာကိုသွားတာလား။ သူများလိုက်ပို့တာလား။
ဖြေ။ ရဲကားရောက်လာပြီး ဆေးရုံက လူနာတင်ကားကိုလှမ်းခေါ်ပြီး ပို့ပေးတာပါ။
မေး။ ဒဏ်ရာက ဘယ်နှစ်ချက်ချုပ်ရလဲ။
ဖြေ။ အချက်(၄၀)ချုပ်ရတယ်။ ချုပ်စရာမလိုတဲ့ဒဏ်ရာတွေတော့ အများကြီးပဲ။
မေး။ ဆေးရုံက ဘာတွေမေးသေးလဲ။
ဖြေ။ ဘယ်လိုဖြစ်တာလဲ ဘာလဲ မေးသေးတယ်။ ကျွန်တော်က ဒီလိုဒီလိုပဲပြောတော့ အေးပါ ကျန်တာ နောက်မှလုပ်ကြတာပေါ့ ခု OPTကိုအရင်သွားလိုက်ပါ လို့ပြောပါတယ်။
မေး။ ဆေးရုံမှာ ဘယ်နှစ်ရက်ကြာခဲ့လဲ။
ဖြေ။ အဲ့ည (၂း၀၀)နာရီမှာဆင်းခဲ့ပါတယ်။ အော်ပရေးရှင်းဝင်ပြီး ချုပ်ပေးပြီးတော့ ဆင်းချင်ဆင်းလို့ရတယ်လို့ လာပြောတယ်။
မေး။ ဆေးရုံရောက်တော့ ဘယ်ချိန်ရှိပြီလဲ။
ဖြေ။ ဆေးရုံရောက်တော့ ည (၁၁း၀၀)နာရီလောက်ရှိနေပြီ။
မေး။ ဆေးရုံတက်တော့ ဆိုင်ကယ်ဒီတိုင်းထားခဲ့ရတာလား။ ခုဆိုင်ကယ်ပြန်ရပြီလား။
ဖြေ။ ပြန်မရသေးပါဘူး။ အဲ့ရောက်တော့ ကျွန်တော်မေးသေးတယ်။ ကျွန်တော့်ဆိုင်ကယ်ကော ဆိုတော့ သူတို့လည်း မသိဘူးလို့ပြောတယ်။
မေး။ ဆေးရုံဆင်းတော့ ဘာနဲ့ဆင်းလာတာလဲ။
ဖြေ။ အိမ်က မီးသတ်ကို အကူညီတောင်းပြီးတော့ လိုက်ထရပ်ကားနဲ့ လာခေါ်ပါတယ်။
မေး။ ခုကော ဒဏ်ရာအခြေအနေဘယ်လိုနေသေးလဲ။ ထမင်းစားရတာကော အဆင်ပြေလား။
ဖြေ။ ကျန်တော့ကျန်သေးတယ်။ ခေါင်းမူတာ ခေါင်းနှောက်တာတို့ ဖြစ်သေးတယ်။ ထမင်းစားရတာ အဆင်ပြေပါတယ်။

(မန်း-မ.ဘ.သ တွေ့ဆုံမေးမြန်းသည်။)







Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...