Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

မန္တလေးမြို့ခံများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း သမ္မတရုံးကြေညာ

$
0
0
မန္တလေးမြို့၏ အခက်ခဲ ဆုံး အချိန်များကို ကျော်ဖြတ်နိုင်ခဲ့ ပြီး ပြန်လည်တည်ငြိမ်ရန် ကြိုး ပမ်းခဲ့ရာတွင် မန္တလေးမြို့မှ တာဝန် သိပြည်သူများ၏ ပူးပေါင်းပါဝင်မှု အတွက် အသိအမှတ်ပြု ကျေးဇူး တင်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
လူမျိုး ဘာသာမရွေး ရင်းနှီး ချစ်ကြည်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သော၊ ယဉ်ကျေးမှုသမိုင်းအစဉ် အလာကြီးမားသော မန္တလေးမြို့ တော်သည် တာဝန်သိ တာဝန် ကျေပွန်သည့် မန္တလေးသူ၊ မန္တလေးသားများ၊ မီဒီယာ အပါအ၀င်အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များ အပါအ၀င် ဘာသာရေးခေါင်း ဆောင်များ စသည်တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ပြီဟု ဆိုနိုင်သည့် အနေအထားတစ်ရပ်သို့ ရောက် ရှိခဲ့ပြီဟု သမ္မတရုံးက ကြေညာလိုက်ခြင်းဖြစ်ပြီး မန္တလေးသူ၊ မန္တလေးသားများကိုလည်း ကျေးဇူး ဥပကာရတင်ရှိကြောင်း ဖော်ပြခဲ့ သည်။
ထို့အပြင် ည ၈ နာရီတွင် ရုပ်သံနှင့် ရေဒီယိုများမှ ထုတ်လွှင့် သည့် သမ္မတမိန့်ခွန်းတွင်လည်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ‘‘မန္တလေးသူ မန္တလေးသားတွေ ဟာ လူမျိုးမရွေး၊ ဘာသာမရွေးဘဲ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီး စွာနဲ့အတူတကွ နေထိုင်လာခဲ့ကြ တဲ့အစဉ်အလာရှိပါတယ်။ ကိုး ကွယ်ရာ ဘာသာချင်းမတူညီ သော်လည်း အသွင်တူတဲ့ မန္တလေးသူ မန္တလေးသားဆိုတဲ့ ဒေသစွဲ စိတ်နဲ့ ငြိမ်းချမ်းစွာ အတူနေကြတဲ့ အတုယူစရာ စံပြလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ဂုဏ်သတင်း ကျော်ဇောပါတယ်။ ဒါကြောင့် လည်း ဒီရက်ပိုင်းအတွင်းမှာ ဖြစ် ပေါ်ခဲ့တဲ့ မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို အား လုံးလက်တွဲပြီး အသိရှိရှိ၊ သတိ ရှိရှိနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ အပြစ်မဲ့သေဆုံးရမှုနဲ့ ပျက်စီးဆုံး ရှူံးမှု တချို့ကြောင့် ၀မ်းနည်း စရာ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရ သည့်တိုင် စိတ်ဖြေသာစရာတစ်ခု အနေနဲ့ မန္တလေးသူ မန္တလေးသား များဟာ လူတစ်စုရဲ့ မတရားဖန် တီးမှုကို လက်မခံ အတူလက်တွဲ ပြီး ဟန့်တားခဲ့ကြတာဖြစ်ပါတယ်’’ ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတရုံးကျေးဇူးတင်လွှာ တွင် ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်း ပေးဆက်သွယ်သော မြို့သူ၊ မြို့ သားအားလုံး၏ အမည်များ အား လုံးကို ဖော်ပြနိုင်ခြင်း မရှိသော်လည်း ထိုသူများသည် မန္တလေးမြို့ အတွက် နောက်ကွယ်မှ တာဝန် သိခဲ့ တာဝန်ကျေခဲ့ကြပြီကို အသိ အမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ် ပါသည်ဟု ဖော်ပြထားသည်။
‘‘တစ်ခုခုဖြစ်ရင် ရဲကို ၀ိုင်း ဖုန်းဆက်ကြတယ်။ ကောလာဟ လအော်ပြေးတဲ့လူတွေ့ရင် လိုက် ဖမ်းပြီး ရဲလက်အပ်ကြတယ်။ တစ်ခုခုသတင်းကြားရင် အချင်း ချင်းချိတ်ဆက်ပြီး ရဲတွေရော ၀ိုင်း လုပ်ကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ ဖွ တာတွေ မတက်အောင် block ကြ၊ report လုပ်ကြ၊ ဖျက်ပစ်ကြ တယ်။ အထူးသဖြင့် ဆူပူအောင် လုပ်ချင်တဲ့သူတွေက ဘုန်းကြီး တွေကို ဆွမရတာ။ ဘုန်းကြီးတွေ က ထိန်းသိမ်းပေးနိုင်ကြတာ။ တကယ်တော့ မန္တလေးက ဘာမှ မထွက်ဘူး။ Trust နဲ့ Trade နဲ့ ချမ်း သာနေတာ။ အဲဒါကို ဘယ်သူမှ အပျက်မခံဘူး။ အဲဒီလောက် မအကြဘူး’’ ဟု မန္တလေးကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။
8.7.2014 ရက်နေ့ထုတ် 7days news journal မှ ကူးယူဖော်ပြသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles