Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးသံတမန်ကွန်ယက် စာအမှတ် ၂၉/၂၀၁၄”

$
0
0


“သမ္မတကြီးကို ကျေးဇူးတင်ပါသည်”
၉.၇.၂၀၁၄
မန္တလေးမြို့ ပဋိပက္ခနှင့်ပတ်သက်၍ ၇.၇.၂၀၁၄ နေ့တွင် သမ္မတကြီး၏ မိန့်ခွန်းကို ရဟန်းရှင်မိဘပြည်သူများ ကြိုဆိုထောက်ခံကြပါသည်။  ပြဿနာမစတင်မီနှင့်  ပြဿနာ တာစူနေချိန်တွင် အချိန်မှီအင်အားသုံးပြီး ဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် အနိဋ္ဌာရုံအဖြစ်မှ မန္တလေးမြို့ကြီး ကင်းလွတ်သွားသည့်အတွက် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများကို ရှောင်ရှားနိုင်ခဲ့ခြင်းသည် သမ္မတကြီး၏ ရဲဝံ့တိကျမှန်ကန်ပြတ်သားမှုကြောင့်ဟု နိုင်ငံတဝှမ်း ကျေးဇူးတင်နေကြပါသည်။ ယခုဖြစ်စဉ်ကဲ့သို့ နောင်မဖြစ်ပွားရန် သမ္မတကြီး ထုတ်ပြန်သော မိန့်ခွန်းသည် လက်ရှိ အာဆီယံဒေသတည်ငြိမ်ရေးအတွက် အမျှော်အမြင်ကြီးစွာဖြင့် ထုတ်ပြန်သော မိန့်ခွန်းဖြစ်၍ တတ်သိနားလည်သော သူတိုင်း ကြိုဆိုလက်ခံလျှက် ရှိပါသည်။ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်သည် ၃၀.၁၁.၂၀၁၄ နေ့ (CSO) များ တွေ့ဆုံပွဲမှ စတင်၍ သမ္မတကြီး၏ လမ်းညွှန်မှာကြား ချက်အတိုင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး လုံခြုံစိတ်ချစွာ အလုပ်လုပ်ကိုင် ရှာဖွေစားသောက် နေထိုင်ရေးများကို ရဟန်းရှင် မိဘပြည်သူများနှင့်အတူ ပါဝင်လုပ်ကိုင်နေပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်ခဲ့မှု မှတ်တမ်းများစွာကိုလည်း သမ္မတကြီးထံ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ ပဋိပက္ခဖြစ်နိုင်သော ပြဿနာအချို့ကို အကြမ်းမဖက် ဖြေရှင်းနိုင်ခဲ့သော မှတ်တမ်းများကိုလည်း မီဒီယာများမှတစ်ဆင့် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖြစ်စဉ်တိုင်းတွင် သံဃာတော်များနှင့် နှစ်ဖက်ဘာသာရေးခေါင်းဆောင်များ ပူးပေါင်းမှုသည် အလွန်အရေးပါ ကြောင်းကို တွေ့ရှိရပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်သည် နိုင်ငံတဝှမ်း သံဃာတော်များကွန်ယက်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ (CSO) တွေ့ဆုံပွဲ စာအုပ်စာမျက်နှာ ၃၇တွင် သမ္မတကြီးအား တင်ပြခဲ့ပြီးဖြစ်ပါသည်။ အနာဂါတ် ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ရာတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာသင့်မြတ်ရန် အထူးအရေးကြီးသည်ဟု ရဟန်းရှင် မိဘပြည်သူများမှ ပြောဆိုနေကြပါသဖြင့် လက်ရှိအခြေအနေကို သုံးသပ်၍ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ သံဃာတော်အချို့နှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တို့ အကြား သံသယကင်းရှင်းရေးအတွက် လုပ်ဆောင်ပေးပါရန် သမ္မတကြီးအား လေးစားစွာ မေတ္တာရပ်ခံတင်ပြအပ်ပါသည်။ အမိနိုင်ငံတော်အကျိုးကို ရှေ့ရှု၍ အနာဂါတ်မျိုးဆက်သစ်များ အမုန်းပင် အောက်မှရုန်းထွက်၍ ငြိမ်းချမ်းရေး အရိပ်ခိုလှုံစေရန်အတွက် သမ္မတကြီးမှ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်အားကိုးပါသည်။ ၈.၇.၂၀၁၄ နေ့ထုတ် သတင်းစာများတွင် သမ္မတကြီး၏ မိန့်ခွန်းပါရှိသောကြောင့် နိုင်ငံတဝှမ်း တည်ငြိမ်အေးချမ်းလျှက် ပုံမှန်အတိုင်းပြန်လည် သက်ဝင်လှုပ်ရှားလာပါသည်။ ရှေ့အနာဂါတ် တွင်လည်း ရဟန်းရှင် မိဘပြည်သူများ အကျိုးအတွက် အချိန်မှီ အရေးယူဆောင်ရွက်ပြီး သတင်းထုတ်ပြန် ပေးပါရန် ရဟန်းရှင် မိဘပြည်သူများကိုယ်စား တင်ပြအပ်ပါသည်။ ကြီးလေးသော နိုင်ငံ့တာဝန် ထမ်းဆောင်နေသော သမ္မတကြီး စိတ်ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေဟု ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ဒိုင်းမွန်းရွှေကြည် (တာဝန်ခံ)
09-73238176
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်
Peace and Lovely Diplomatist Network (P.L.D.N)
မိတ္တူကို နိုင်ငံတော် အဆင့်တာဝန်ရှိသူများထံ ပေးပို့အပ်ပါသည်။ MPC အသိအမှတ်ပြု ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွက်ယက်


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...