“မာဖီးယားကို စိတ်ဝင်စားသူများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ”
ဦးထွန်းထွန်း၏ ဖြစ်စဉ်
ကျွန်တော်သည် လွန်ခဲ့သော ၄နှစ်ခန့်က မန္တလေးခရိုင် အောင်မြေ သာဇံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (၃၂) တွင် နေထိုင်ခဲ့ပါသည်။ တစ်နေ့တွင် ကျွန်တော်သည် အစ်မတော်စပ်သူ ဒေါ်ခင်မမနေအိမ်သို့ ညပိုင်းတွင် ရောက်ရှိသွားရာ ကျွန်တော့်အစ်မ၏ နေအိမ်အပေါ်ထပ်ဝရံတာ တွင် ခြင်ထောင်အဖြူကလေးထောင်၍ အထဲတွင် ဘုရားရှိခိုးနေသော ကလေးအား တွေရှိသဖြင့် ကျွန်တော်မှ အံဩမိပြီး အစ်မအား မည်သူ မည်ဝါလဲ ဟု မေးရာ အစ်မမှ ကလေးငယ်သည် စန်းမောင် (၎င်း၏သမက်) အိမ်မှဖြစ်ကြောင်း၊ စန်းမောင်မှ ရိုက်နှက် မောင်ထုတ်နေသဖြင့် ၎င်း၏သမီးဖြစ်သူ မဖြူပြာအောင် (စန်းမောင်ဇနီး) မှ လာရောက်အပ်နှံ ထားကြောင်း ပြောပြ သဖြင့် ဖြစ်ကြောင်းကုန်စင် သိရပြီး သနားကရု ဏာ ဖြစ်၍ စတင်သိရှိခဲ့ရပါသည်။
ကျွန်တော်၏အစ်မ ဒေါ်ခင်မမနှင့် တူ ဇော်မျိုးအောင်တို့မှာ တစ်အိမ် တည်းတွင် အတူနေကြသူများ ဖြစ်ကြ ပါသည်။ ကျွန်တော်သည် ဇော် မျိုးအောင်နှင့်အတူ (၂၂)လမ်း ၈၃×၈၄လမ်းကြား တွင် အခန်းငှား၍ ကားဝယ်ရောင်း အတူလုပ်ကိုင်ကြပါသည်။ တစ်နေ့တွင် ဇော်မျိုးအောင်မှ ရဲမင်းအား ကားဝယ်ရောင်းလုပ်သည့်အခန်းသို့ ခေါ်ဆောင် လာခဲ့ပါသည်။ ထိုသို့ခေါ်ဆောင်လာစဉ် စန်းမောင်မှ မောင်ရဲမင်းအား ကလေးနဲ့မတန်အောင် ရိုက်နှက်ခေါ်ဆောင် သွားကာ ကျန်ရှိလူများကိုလဲ ရိုင်းစိုင်းစွာဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကလေးငယ်အား ကျွန်တော် တို့၏ မျက်စိအောက်တွင် ရိုက်နှက်နေသော်လည်း မည်သို့မျှ မတားဆီးရဲခဲ့ပါ ထိုသို့ ရဲမင်းအား ခေါ်ဆောင်သွားပြီး ရဲမင်းပြန်လည်ထွက်ပြေးလာသောအခါ ရဲမင်းမှ အဆင့်မြင့်ရဲအရာရှိထံ ၎င်းအားအပ်နှံပေးပါရန်နှင့် အမှတ်(၅) အမှတ် (၈)လောက်ဆိုရင် စန်းမောင်မှ အလွန်ပိုင်ကြောင်းပြောသဖြင့် ကျွန်တော် ဦးထွန်းထွန်း၊ ဇော်မျိုးအောင်၊ ဦးစိုးမင်း တို့နှင့်တကွ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှုးရုံးသို့ ၎င်းအားပို့ပေးခဲ့ရာ ထိုရုံးတွင် ဒုတိုင်းရဲမင်းကြီးနှင့်တွေ့ပြီး အပ်နှံခဲ့ကြရာ ထိုအမှုတွင် အစိုးဘက်မှ သက်သေလိုက်ခဲ့ရပါသည်။
ထိုသို့ သိသည့်အကြောင်း သက်သေလိုက်ခဲ့မိသည့်အတွက် ယနေ့ထိတိုင်အောင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရပါသည်။ ၂၀၀၈၊ ၁၁ လပိုင်းခန့်တွင် စန်းမောင် အာမခံနှင့် လွတ်လာသည့်အချိန်မှစ၍ လူကိုယ် တိုင် အုပ်စုဖွဲ၍၎င်း ဖုန်းများနှင့်၎င်း နည်းမျိုးစုံသုံး၍ ဒုက္ခပေးခြင်းများပြု လုပ်ခဲ့ပါသည်။ ကျောင်းနေအရွယ် သမီးငယ်များ၏ ကျောင်းများသို့လည်း လာရောက်၍ ခြိမ်းခြောက်သည့် အကြည့်မျိုးဖြင့် ကြည့်သည့်အတွက် တစ်နှစ်တည်းမှာပင် ကျောင်း (၃) ကျောင်း ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုကဲ့သို့ လိုက်လံခြိမ်းခြောက်မှုများ တစ်နေ့တစ်ခြား ဆိုးဝါးလာသည့် အတွက် ၂၀၀၉-ခုနှစ်၊ ၄- လပိုင်းလောက်မှစ၍ အိုးအိမ်စည်းစိမ်များကိုစွန့်၍ အမရပူရမြို့နယ်ရှိ ဆင်ဖြူမယ်ကျောင်း ဆရာတော်ထံ သွားရောက် ခိုလှုံခဲ့ပါသည်။
ဆရာတော်၏ စီစဉ်ပေးမှုအရ အမရပူရမြို့၊ ကျန်တန်းရပ်ကွက်မှာ ပင် နေထိုင်ခဲ့ပါသည်။ ထိုသို့နေထိုင်စဉ် စားဝတ်နေရေး ခက်ခဲ့သည့်အတွက် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ တိုက်တာလေး ကို ကာလပေါက်ဈေးထက်လျှော့၍ရောင်းပြီး ရသည့်ငွေဖြင့် အောက် ကားလေးများဝယ်၍ ဝယ်ရောင်း ပြုလုပ်ခဲ့ရာ ကား ပွဲစားတန်းများသို့ လည်း နေဝင်းနှင့် စန်းမောင်မှ အုပ်စုဖွဲ့၍ တပည့်များကားဖြင့်တင်ဆောင်လာ ၍ လိုက်လံရှာဖွေ နေသဖြင့် မိတ်ဆွေ အပေါင်း အသင်းများမှ ရှောင်နေပါ ရန် ပြောသည့်အတွက် မည်သည့်နေရာမှ မသွားရဲခဲ့ပါ။
၁၂-၁၂-၂၀၀၉ ရက်နေ့တွင် နယ်ဝေးမှမိတ်ဆွေတစ်ဦးက ကားလိုချင် သည်ဟု ဖုန်းဆက်လာသဖြင့် ဂျွန်းဝင်း ထဲရှိ မိတ်ဆွေထံမှ ကားကို ပြသခဲ့ရာ အရောင်းအဝယ်တည့်သည့်အတွက် ဂျွန်းဝင်းထဲသို့ ည ၇ နာရီ အချိန်ခန့်တွင် ကားပိုင်ရှင်ထံသို့ ကားဖိုးငွေ သွားရောက်ပေးချေရာ နေဝင်း၊ စန်မောင်နှင့် အပေါင်းပါ တစ်စုတို့မှ ဝိုင်းဝန်းရိုက်နှက် ခဲ့သဖြင့် ဆေးရုံတက်ရောက်ခဲ့ ရပါသည်။
၂၀၁၁- ခုနှစ်၊ ၈- လပိုင်းတွင် ၁၅ လမ်း၊ ၈၁ လမ်းထောင့်တွင် စန်းမောင်နှင့်တွေ့ရာ ဆဲဆိုကြိမ်းမောင်းခြင်း ခံခဲ့ရပါသည်။ ၂၃-၁-၂၀၁၂ -နေ့တွင် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်းထောင့်တွင် ကားပျက်နေ၍ ဝပ်ရှော့မှ ကလေးများနှင့်ကားပြင်နေစဉ် မသန်းသန်းမြင့်နှင့် မဇာခြည်အောင်တို့ သားအမိ နှစ်ယောက် ရောက်ရှိ လာပြီး ရှေ့တစ်ယောက် နောက်တစ်ယောက် ကျွန်တော်၏ အင်္ကျီင်္ီကို ဝိုင်းဆွဲ၍ ရိုက်နှက်နေရာ ကျွန်တော်သည် မည်သို့မျှမတုန့်ပြန်ရဲပါ။ တစ်ချိန်က ဦးစိုးမင်းအားလည်း ထိုနည်းတူစွာပြုလုပ်၍ ဘလက္ကာယ အမှုဖြင့် အမှုဖွင့်ခဲ့ဖူးသည်ကိုသိသဖြင့် လက်ကိုနောက်ပစ်၍သာ ခံနေခဲ့ပါသည်။ ထိုသို့၎င်းတို့ရိုက်နှက်နေစဉ် နေဝင်း၊ စန်းမောင်နှင့် အပေါင်းအပါ အုပ်စုလိုက် ၉ ဦးခန့် ရောက်ရှိလာပြီး ထိုးသူထိုး၊ ကန်သူကန်နှင့် မြေပြင်ပေါ်တွင် အလူးအလိမ့်သာ ခံနေရပါသည်။
ပတ်ဝန်ကျင်မှ လူများမှ မတရားမပြုလုပ်ရန် ဝိုင်းဝန်းအော် ဟစ်နေသော်လည်း ဂရုမစိုက်ကြပါ။ ၎င်းတို့ ရိုက်နှက်လို့ အားရသောအခါ မင်းဘယ်သူ့သွားတိုင်မှာလဲ တိုင်ရဲရင်တိုင်ကြည့် သတ်ပစ်မယ်၊ နောက် ဒီနယ်မြေကို လုံးဝမလာနဲ့ မှတ်ပြီလားဟု စသည်ဖြင့်ကြိမ်းမောင်းပြီး လွှတ်လိုက်ပါသည်။ အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော်၏ ဒဏ်ရာများကိုကြည့်၍ ကျွန်တော်၏ဇနီးမှ မခံမရပ်နိုင်ဖြစ်သည့်အတွက် အမှတ်၅ ရဲစခန်းသို့ သွားရောက်၍ တိုင်ချက်ပေးခဲ့ပါသည်။
၎င်းတို့နှင့် ဆက်လက်၍ ရင်ဆိုင်တွေ့နေရမည်ကိုစိုးသဖြင့် အမှုမဖွင့်ရဲခဲ့ပါ။ ထိုနေ့မှစ၍ ယနေ့ထိတိုင် ကျွန်တော်တို့ မိသားစု မန္တလေးမြို့သို့ ရဲဝံစွာ မသွားလာရဲတော့ပါ။ ငွေအား လူအားများနှင့် မန္တလေးမြို့ကို အပိုင်စီး လွှမ်းမိုးထားသည့်အတွက် ကျွန်တော်တို မိသားစုဘဝ မည်သို့နေထိုင်သွားရမည် မသိတော့ပါ။ ကျွန်တော်တို့၏ မျက်စိရှေ့တွင်လည်း အစိုးရသက်သေလိုက်ခဲ့သူများ ကလေးသူငယ်များအား ကူညီခဲ့သူများ အားလုံး ယနေ့ထိ အမှုဆင်၍ ချောက်ချသည့်အတွက် အားလုံး အမှုရင် ဆိုင်နေရသည်ကို ကြားသိမြင်တွေ့နေရသဖြင့် ကျွန်တော်တို့၏ ဘဝမှာ လုံခြုံမှုမရှိပါ။ မိသားစုမှာ သူများနှင့်တန်းတူ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့် အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ ကလေးများ၏ ပညာသင် ကြားခွင့်တွင်လည်း အားကိုး မရခဲ့ပါ။ တိုင်ကြားစာများလည်း အရာ မရောက်ခဲ့ပါ။ ကျွန်တော်၏ ကျောင်းနေအရွယ် ကလေးများမှာလည်း သမီးမိန်းကလေးများ ဖြစ်သည့်အတွက် စိုးရိမ် ကြောက်ရွံ့နေမိပါသည်။
နေဝင်းမှာ မိန်မ များစွာ ယူဖူးသူဖြစ်သလို စန်းမောင်မှာလည်း မားသားဝေါဟိုတယ်တွင် မဒိန်းမှုဖြင့် ထောင်ကျဖူးသူ တစ်ဦးဖြစ်သည့်အတွက် သမီးများအတွက် ကျွန်တော့်မှာ စိုးရိမ်းပူပန်ပြီး ယနေ့ထိ စိတ်သောက များနှင့် နေထိုင်ရပါသည်။ ကျွန်တော်သည် မည်သည့်နေရာမှ မသွားရဲသည့် အတွက် မန္တလေးမြို့၊ မန္တလေးခရိုင်၊ အမရပူရမြို့ တစ်မြို့တည်းသာလျှင် သွားလာရဲသည့်အတွက် အိမ်ထဲမှာပင် မိသားစုအိမ်ဆိုင်လေးဖွင့်၍ အသက်မွေး ဝမ်းကျောင်း ပြုလုပ်နေရပါသည်။
ကျွန်တော်တို့၏ ဖြစ်ရပ်များသည် မြန်မာ ဗုဒ္ဓဘာသာ ကလေးသူငယ်များအပေါ် မတရားညင်းပန်း နှိပ်စက် ခဲ့သည့်အတွက် ဘာသာတရားကို မငဲ့ကွက်ဘဲ လူသားချင်းစာနာ ထောက်ထားသည့် နေဖြင့် ၎င်း၊ သားသမီးချင်း ကိုယ်ချင်းစာသည့် အနေဖြင့်၎င်း အမှန်ကို အမှန်အတိုင်း ခံရသည့်ဘက်မှ လိုက်ခဲ့မိသည့်အတွက် ဒုက္ခရောက် ခဲ့ကြရာ ၎င်းတို့မှာ ကုလားအချင်းချင်းဖြစ်သည့်သဏ္ဍာန် ဖန်တီး၍ အများအမြင် ထင်ရောင်ထင် မှားဖြစ်စေရန် လုပ်ကြံဖန်တီးခဲ့ကြပါသည်။ အနှိပ်စက်ခံခဲ့ရသော ကလေးများ မှာ မြန်မာဗုဒ္ဓဘာသာ ကလေးများဖြစ်ပြီး ဆိုင်ရှင်မှာ ကုလား၊ အစိုးရဘက်မှ သက်သေလိုက်သူများမှာ ကုလားများဖြစ်နေသည့်အတွက် ၎င်း၏လုပ်ကြံပြော ဆိုနေမှုများမှာ ထင်ယောင်ထင်မှား ဖြစ်စေခဲ့ပါသည်။ ။