(ဖုန်းနံပါတ် ၀၀၆၀ ၁၄၃၂၃၃၄၄၂ ဖြင့် 26.6.2014 နေ့ 5:09 တွင်) ဒိုင်းမွန်းရွှေကြည်နှင့် ၉၆၉ မ.ဘ.သ ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်) တို့မှ တွေ့ဆုံဆွေးနွေးပြီး ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာ ၂ ဖက်အကြား ပြဿနာများ ငြိမ်းချမ်း တည်ငြိမ်လာသည့်အတွက် ၄င်းတို့ပြည်ပရောက် အလှူခံစားနေရသော အဖွဲ့များအနေဖြင့် ပြဿနာဗန်းပြပြီး အလှူခံရန် အခြေအနေမပေးတော့သည့်အတွက် မိမိအား ဖုန်းဖြင့် အကြိမ်ကြိမ်ဆဲဆို ခြိမ်းခြောက်ကြိမ်းမောင်းခြင်းကို ပြုလုပ်ကြပါသည်။ ၄င်းဖုန်းနံပါတ်နှင့် သက်ဆိုင်သော သူအချို့က မိမိအား မော်လမြိုင်တွင်လုပ်ကြံရန် စီစဉ်ထားသည်ဟု ပြောဆိုပြီး ပြည်တွင်းမှ ဖုန်းနံပါတ်အချို့ ကလည်း မိမိအား ၄င်းတို့နည်းတူ ခြိမ်းခြောက်ကြပါသည်။ ဖုန်းနံပါတ်များ ရှိထားပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် နှင့် အစ္စလာမ်ဘာသာ ၂ ဖက် ငြိမ်းချမ်းရန်အတွက် သံဃာတော်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
6.5.2013 နေ့မှ 27.6.2014 နေ့အထိ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်တာဝန်ခံ ဒိုင်းမွန်းရွှေကြည်နှင့် ၉၆၉ မ.ဘ.သ ဦးဆောင်ဆရာတော် ဦးဝီရသူ(မစိုးရိမ်) နှင့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခတို့၏ ဆောင်ရွက်ခဲ့သော အမှုများကို လေ့လာကြည့်ရှုနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ယခုကဲ့သို့ အကြမ်းမဖက် အနိဋ္ဌာရုံမဖြစ်ဘဲ ပြဿနာကို ဖြေရှင်းရန် အရည်အချင်းမရှိ။ ပူးပေါင်းဆောင်ရွက်မှုလည်းမရှိဘဲ တစ်ဖက်နှင့် တစ်ဖက် ကလဲ့စားချေရန် တန်ပြန်အရေးယူရန်သာ ကြိုးပမ်းနေသော အစ္စလာမ်ဘာသာဝင် အစွန်းရောက်များနှင့် မြန်မာမွတ်စလင်အချို့၏ လုပ်ရပ်ကြောင့် မခြားမသက်ဆိုင်သော မြန်မာမွတ်စလင်များ ထိခိုက်နစ်နာလျက်ရှိကြပါသည်။
အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အတွင်းရှိ အခြေခံလူတန်းစားများ လက်လုပ်လက်စားများ သာမန်စီးပွားရေးသမားများဆင်းရဲ ဒုက္ခရောက်ပြီး အများပြည်သူ စားဝတ်နေရေး ခက်ခဲမှုများနှင့်သာ ရင်ဆိုင်နေ ကြရပါသည်။
အနာဂတ် မျိုးဆက်သစ်များကို အမုန်းပင်ရိပ် မခိုလှုံမိစေ၇န်အတွက် ဒိုင်းမွန်းရွှေကြည် ၉၆၉ မ.ဘ.သ ဦးဆောင်ဆရာတော် ဦးဝီရသူ ထံတွင် ရရှိထားသော အစ္စလာမ်ဘာသာဝင်တစ်ချို့၏ လုပ်ရပ်ဆိုးသက်သေ အထောက်အထားများကြောင့် အောက်ကျို့ခံ၍ ငြိမ်းချမ်းရေးကြိုးပမ်းနေရခြင်းသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်ကြား ပြဿနာ ပေါ်ပေါက်ခဲ့ရသည့် ရခိုင်အရေးခင်း မိတ္ထီလာ၊ လားရှိုး အရေးခင်းပြီး သွားချိန် မည်သူမျှ ဦးဝီရသူနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု မပြုကြသောကြောင့် မိမိအနေဖြင့် ဆင်းရဲသား အစ္စလာမ်ဘာသာဝင်များတည်ရှိရာ ကျေးရွာများတွင် ၂ ဖက် ဘာသာဝင်ကြား ပြဿနာဖြစ်လျှင် အကြမ်းမဖက် ဘဲ တရားဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းကြရန် ဆရာတော်ဦးဝီရသူ(မစိုးရိမ်) မှ ဗုဒ္ဓဘာသာဝင်တို့အား ဆိုဆုံးမခဲ့ပေးရန် မတ္တောရပ်ခံခဲ့ပါသည်။
ယခုအခါ တည်ငြိမ်အေးချမ်းသာယာလာသော အချိန်တွင် မိမိမှ စာအမှတ် ၂၃/၂၀၁၄ ထုတ်ပြန်၍ မြန်မာ မွတ်စလင်များနိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေရန် ရေးသားမှုကို အွန်လိုင်း မီဒီယာများမှ ပြင်းပြင်းထန်ထန် ဆဲဆိုခြင်း ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း လုပ်သူများကို မေးမြန်းလိုသည်မှာ အကြမ်းဖက်မှုများကို ရပ်တန့်အောင် လုပ်နိုင်စွမ်းမရှိသော နိုင်ငံရေးခေါင်းဆောင်ကို မရွေးချယ်မိရန် ရေးသားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက်ခံရမှု အန္တရာယ်များမှ ကာကွယ်ပေးနိုင်သော အဖွဲ့အစည်းသည် တပ်မတော်ကြီးသာ ရှိခဲ့သည်ကို မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသလို သံဃာတော်တစ်ချို့က ပါဝင်ကူညီခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရပြီး မည်သည့် နိုင်ငံရေး ပါတီခေါင်းဆောင်မှ မြန်မာနိုင်ငံသား မြန်မာ မွတ်စလင်များဖက်မှ မားမားမတ်မတ်ရပ်တည် ပေးခဲ့သည်ကို မတွေ့ရှိခဲ့ပါ။ လူ့အခွင့်အရေး ဒီမိုကရေစီရေး အမျိုးသားရေးစသည်ဖြင့် ဝေ့လည်ကြောင်ပတ်ပြောကြရုံသက်သက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ် နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်စေရန်သာ ပြုလုပ်ခဲ့ကြပါသည်။
၎င်းအချိန်တွင် ၉၆၉ မ.ဘ.သ ဦးဆောင်ဆရာတော်သည် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများကို အစ္စလာမ် ဘာသာထဲ အတင်းအဓမ္မသွတ်သွင်း မှု မပြုလုပ်လျှင် ကုလားတရားရပ်မည်ဟု အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန် တောင်းဆိုခဲ့ပါသည်။ ၄င်းစာတွင် အတင်းအဓမ္မသွတ်သွင်း ဟု ပါရှိပြီး မိမိချစ်ကြိုက်သဘောတူလျှင် မတက်နိုင်ပါဟု ပြောခဲ့ပါသည်။
သို့ကြောင့် အတင်းအဓမ္မသွတ်သွင်းခြင်းကိုသာ မိမိထောက်ပြပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့ပါ၍ အကြံဥာဏ်ပေး ရန် တိုင်းသိပြည်သိ ဖိတ်ခေါ်သော်လည်း မိမိတစ်ယောက်သာ အစ္စလာမ်ဘာသာဝင်၏ ခံစားချက်များကို မ.ဘ.သ သို့တင်ပြခဲ့ပါသည်။
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနာဂတ်မြန်မာနိုင်ငံတော် အုပ်ချုပ်ရေးတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ခေါင်းဆောင်ကောင်းရှိသော ပါတီကို မဲပေးရန် တိုက်တွန်းရေးသားခဲ့ခြင်းဖြစ်ပါသည်။ ပစ္စုပ္ပန် မြန်မာနိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာ လုံခြုံရန်အတွက် စည်းလုံးညီညွတ် ကျစ်လစ်စွာနှင့် အကာအကွယ်ပေးနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်းသည် မြန်မာ့ တပ်မတော်ကြီးသာ ဖြစ်ပါသည်။ သို့ပါ၍ တပ်မတော်ကြီးနှင့် ပူးပေါင်းဆောင်ရွက်မှသာ အစ္စလာမ်ဘာသဝင် အပါအဝင် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ ဘဝ၊ အိုးအိမ် စည်းစိမ်များ လုံခြုံမည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် ၂၄/၂၀၁၄ ကို ရေးသားထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ၄င်းစာကြောင့် မိမိအားဆဲဆို ကြိမ်းမောင်း နေကြမည့်အစား အကြံဥာဏ်ကောင်းများပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ယခုထုတ်ပြန်သော ၂၅/၂၀၁၄ သည် နွား(၉)ကောင် ကိစ္စထုတ်ပြန်သော ၂၃/၂၀၁၄ နှင့် စာအမှတ် မပါသော ဒိုင်းမွန်းရွှေကြည်ကို ဆဲကြပြီ နောက်ဆက်တွဲအပါအဝင် မြန်မာမွတ်စလင်များ အထူးသတိပြုရန် စာကို ရည်ညွှန်း ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။ ဝီရသူ မစိုးရိမ် FB တွင် ဖတ်ရှုနိုင်ပါသည်။ ကျွန်တော် ဒိုင်းမွန်းရွှေကြည်ကို ဒီမိုကရေစီ တရားဟော သော ပုဂ္ဂိုလ်အချို့အား ပြောကြားလိုသည်မှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သင့်မြတ်ခဲ့သော အချိန်တွင် ပင်လုံစာချုပ်ပေါ်ပေါက်ခဲ့ပြီး လွတ်လပ်ရေးရရှိခဲ့သည်ဟု ယုံကြည်သောသူဖြစ်ပါသည်။ ယခုလည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သင့်မြတ်မှသာလျှင် ဒီမိုကရေစီ စိတ်ကူးယဉ်ကျပါရန် မေတ္တာရပ်ခံပါသည်။ မိမိအား ဒီမိုကရေစီတရားလာဟောခြင်းထက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ နှစ်ဖက်ကြား အထင်လွဲမှား နေသော အကြောင်းအရာများကို စုံစမ်းရှာဖွေ ဖော်ထုတ်၍ ငြိမ်းချမ်းရေးကို ဆွေးနွေးပါလို့ တိုက်တွန်းပါရစေ။ မိမိသည် ဒီမိုကရေစီရေးထက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ နှစ်ဖက် သင့်မြတ်မှသာလျှင် ဒီမိုကရေစီနိုင်ငံ စစ်ဖြစ်မည်ဟု ယုံကြည်သောသူ ဖြစ်ပါသည်။
ဒိုင်းမွန်းရွှေကြည်
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ယက်
(မိတ္တူကို နိုင်ငံတော်အဆင့် တာဝန်ရှိသူထံ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်)။