ဆရာတော်ဦးဝီရသူ ဦးစီးတည်ထောင်သော နဂါးနီစုဘူးအသင်း အသိပညာပေးဟောပြောပွဲကို မဟာအောင်မြေမြို့နယ်၊ မာကလာခြံရက်ကွက်မှာ ယနေ့ (၂၇.၆.၂၀၁၄)၊ မွန်လွဲ (၃း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
နဂါးနီအသင်းဝင် (၄၅)ယောက်အနက်မှ (၂၀)ဦးကို တစ်သိန်းကျပ်စီ နှင့် ကျန်အသင်းဝင် (၂၅)ယောက်ကို ငါးသောင်းကျပ်စီထုတ်ပေးခဲ့ကြောင်းသိရသည်။
၎င်းအခမ်းအနားသို့ နဂါးနီစုဘူးဦးဆောင်ပုဂ္ဂိုလ်များဖြစ်ကြသည့် ဆရာတော်ဦးဇဝန(ဝီရ ဇ-ကြီး)၊ ဒေါ်ကြင်ကြင် မြိုင်၊ ဒေါ်နှင်းပပနှင့် ဒေါ်ကြည်ကြည်မာတို့ တက်ရောက်ကြပြီး ရွှေဝါရောင်မျိုးဆက်သစ် ဆရာတော်များ ဖြစ်ကြသည့် အရှင်ဝိစိတ္တနှင့် အရှင်ဉာဏိဿရတို့မှ စီပွားရေး၊ လူမှုရေးနှင့် စာရိတ္တမြှင့်တင်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။