Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဗုဒ္ဓမြတ်စွာ အေးရိပ်မှာ ချမ်းမြသာယာရှိပါစေ”

$
0
0
ကျောက်မဲ၊ ဇွန် ၂၆
ကျောက်မဲမြို့၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (၆)လပတ်အစည်းအဝေးနှင့် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနားတစ်ရပ်ကို (၂၆.၆.၂၀၁၄)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီ တိလင်ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မဟနအဖွဲ့ဝင် သဒ္ဓမ္မပါလစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လမှူးပြုသော မြို့နယ်သံဃနာယက ဆရာတော်များနှင့် မ.ဘ.သ သြဝါဒါစရိယဆရာတော်များ တက်ရောက်ကြပြီး သီးသီးသြဝါဒများမိန့်ကြားကာ ဗုဒ္ဓဘာသာသို့ကူးပြောင်းလိုကြောင်း လျှောက်ထားလာသူများ၏ လျှောက်ထားလွှာများကို တရားလွှတ်တော်ရှေ့နေ ဦးရဲမြင့်က ဖတ်ကြားပြီး ဗုဒ္ဓဘာသာသို့ကူးပြောင်းလာကြသည့် မောင်ဘစီ(ခ)မျိုးမင်းဦး (အမှတ် ၉ ရပ်ကွက်၊ နယ်မြေ ၁၁)၊ မစန်းစန်းထွေး (အမှတ် ၂ ရပ်ကွက်၊ ရန်ကင်း၊ နယ်မြေ ၁၃)နှင့် မအေးအေးငြိမ်း (အမှတ် ၁ ရပ်ကွက်၊ ပြန်းနင်း၊ နယ်မြေ ၁၁)တို့မှ ဗုဒ္ဓဘာသာကို အမြဲတမ်းယုံကြည်ကာ ဗုဒ္ဓအဆုံးအမများဖြင့် နေထိုင်သွားကြမည်ဖြစ်ကြောင်း ကတိပြုလက်မှတ်ရေးထိုးနိုင်ရန် တရားလွှတ်တော်ရှေ့နေ ဦးရဲမြင့်ကပင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးမှာ ဘာသာကူးပြောင်းလာသည့် မောင်ဘစီအား ရှင်ပြု ရဟန်းခံမင်္ဂလာအခမ်းအနားကို မ.ဘ.သ ဆရာတော်များမှ ဦးစီး၍ စည်ကားသိုမြိုက်စွာ ကျင်းပပေးခဲ့ကြောင်း၊ ဘာသာကူးပြောင်းလာကြသူများသည် အစ္စလာမ် ဘာသာဝင်များဖြစ်ကြပြီး မ.ဘ.သ အတွင်းရေးမှူးအကျိုးတော်ဆောင်ဖြစ်သည့် တိလင်စာသင်တိုက် အရှင်ဝါသဝ မှတစ်ဆင့် ကျောက်မဲ မ.ဘ.သ သို့ ဘာသာကူးပြောင်းလိုကြောင်း လျှောက်ထားလာရာ ဘာသာမကူးပြောင်းမီ စောင့်ကြည့်ရေးနှင့် ပညာပေးကာလကို (၅)လခန့်သတ်မှတ်ကာ စောင့်ကြည့်လေ့လာပြီးမှ ယုံကြည်စိတ်ချရသော အနေအထားရောက်မှ ကူးပြောင်းပေးခြင်းဖြစ်ကြောင်း တိလင်ကျောင်း အရှင်ဝါသဝမှ မိန့်ကြားခဲ့ပါသည်။ ၎င်းတို့ ဗုဒ္ဓဘာသာကူးပြောင်းခြင်းသည် တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်မှု တိုက်တွန်းမှုမပါဘဲ မိမိကိုယ်တိုင်ယုံကြည်ချက် ဆုံးဖြတ်ချက်များဖြင့် ကူးပြောင်းခြင်းပင်ဖြစ်ကြောင်း အရှင်ဝါသဝမှ ဆက်လက်မိန့်ကြားခဲ့ပါသည်။









                              

Viewing all articles
Browse latest Browse all 2129

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။