Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“INGO တွေရဲ့ မတရားမှုများကို ဖော်ထုတ်ကြ ပြတ်ပြတ်သားသား ကိုင်တွယ်ကြ”

$
0
0


ရခိုင်ပုံရိပ်ဟာ ပြည်ထောင်စုရဲ့ ပုံရိပ်ပါပဲ။
ရခိုင်ပုံရိပ်ဟာ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ပါပဲ။
ရခိုင်ပုံရိပ်ကို အထိအခိုက်မခံနိုင်သလို ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုလည်း အထိအခိုက် မခံနိုင်ပါဘူး။
ဒါကြောင့် ပြည်ထောင်စုတစ်ဝှမ်းလုံးက ဝိုင်းဝန်းထိန်းသိမ်းရမှာပါ။ ဗုဒ္ဓဘာသာဝင်အားလုံးက ဝိုင်းဝန်းထိန်းသိမ်းရမှာပါ။
အစိုးရအနေနှင့် ရခိုင်အရေး ဆောင်ရွက်ရာမှာ ဘယ်ဖိအားကိုမှ မမှုဘဲ ပြတ်ပြတ်သားသားရပ်တည်ဖို့ လိုပါတယ်။
INGO တွေဟာ UN အားကိုးနဲ့ ဥပဒေအထက်မှာနေချင်ခဲ့ကြသူတွေပါ။ ပြည်ထောင်စု အစိုးရကို ပိုင်တယ် ဆိုပြီး ရခိုင်အစိုးရအပေါ် ထည့်ကိုမတွက်ခဲ့ပါဘူး။ ရခိုင်ပြည်သူတွေကို လုံးဝကို ဂရုမစိုက်သလိုနေတာပါ။
INGO တွေက ရခိုင်တွေကို ရန်သူကြီးတွေလို သဘောထားကြတာပါ။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ဆိုတာ ဆိုင်းဘုတ်သာဖြစ်ပြီး လက်တွေ့မှာတော့ ဘာသာတစ်ခုတည်း လူမျိုးတစ်ခုတည်းအတွက် ရပ်တည်နေတာပါ။
OIC ရဲ့ RSO ထံ ထောက်ပံ့မှုတွေဟာ INGO တွေမှတစ်ဆင့် စီးဆင်းနေတာဖြစ်ပါတယ်။
ကုလသမဂ္ဂဟာ ကုလားသမဂ္ဂဖြစ်နေပြီး
INGO တွေဟာ ရခိုင်ပြည်ရရှိရေး RSO တွေရဲ့ သလျှိုတွေသာ ဖြစ်ပါတယ်။
ICRC လောက်ပဲ မျှတတာတွေ့ရပြီး၊ ကျန်တာကတော့ ပြောင်ပြောင်တင်းတင်းပဲ ရိုဟင်ဂျာအရေး လုပ်နေကြတာပါ။
ရခိုင်ဒုက္ခသည်တွေကို မသဒ္ဓါရေစာလောက်ပဲပေးပြီး၊ ဘင်္ဂလီတွေအတွက်တော့ ဒုက္ခသည်စခန်းကို နတ်ဘုံနတ်နန်းအလား ဖန်ဆင်းပေးထားကြတာပါ။
ဘင်္ဂလီတွေထံ ဝင်ထွက်ကောင်းရုံလောက် ရခိုင်တွေကို စတိသဘောမျိုး ထောက်ပံ့ကြတာဖြစ်ပြီး၊ တကယ်လို့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ဆိုင်းဘုတ်မတပ်ကြတော့ဘူးဆိုရင် ရခိုင်ဒုက္ခသည်တွေကို လှည့်တောင် ကြည့်ကြမှာ မဟုတ်ပါဘူး။
သာသနာ့အလံကိစ္စမှာ INGO တွေလည်း ဘင်္ဂလီစိတ်ထား မွေးကြတယ်ဆိုတာ သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် INGO တွေရဲ့ မတရားမှုများကို ရခိုင်ပြည်သူများ ဖော်ထုတ်ပေးဖို့လိုပါပြီ။
အစိုးရအနေနှင့် INGO တွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ လိုပါပြီ။
INGO တွေကို အလိုလိုက် အကြိုက်ဆောင် အလျှော့ပေး ပေါင်းနေရင် ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံထက်ဆိုးသွား နိုင်ပါတယ်။




“ရခိုင်လူထုပုံရိပ် ကျဆင်းမသွားစေရေး သတိကြီးစွာ ရှောင်ကြဉ်ကြရန် ရခိုင်ပါတီ သတိပေး”
“စစ်တွေကိစ္စ အချိန်မီ မထိန်းသိမ်းနိုင်ခြင်းမှာ လုံထိန်းကားများ ဆီပြတ်နေခြင်းကြောင့်ဖြစ်ပြီး ပြည်နယ်အစိုးရတွင် တာဝန်ရှိဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြောကြား”
အောင်ခိုင်၊ ရန်မျိုးနိုင်။
ရန်ကုန်= ရခိုင်ပြည်သူလူထုသည် မိမိတို့၏ မူလရည်မှန်းချက်များဆုံးရှုံးမသွားစေရေး အဖျက်လုပ်ငန်းများ ဖန်တီးလာမှုကို သတိကြီးစွာဖြင့် ရှောင်ရှားနိုင်ကြရန်လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီက သတိပေးလိုက်သည်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ မတ်လ ၂၉ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ယင်းကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
“အခု တစ်နိုင်ငံလုံးသွားနေတဲ့ လမ်းကြောင်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နေတဲ့ ရိုဟင်ဂျာ ကိစ္စကို ဆောင်ရွက်နေတာ။ ဒီအချိန်မှာ အခုလို ကြားဝင်ပြီး နိုင်ငံတကာမှာ ရခိုင်တစ်မျိုးသားလုံးရဲ့ ပုံရိပ် ယုတ်လျော့စေတဲ့ကိစ္စတွေ ဖန်တီးမှုကို အတက်နိုင်ဆုံး သိမြင်ပြမီး ရှောင်ရှားကြဖို့ တိုက်တွန်းတာ” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်မြင့်က ပြောသည်။
ကြေညာချက်တွင် မာတီဆာ INGO မှ နိုင်ငံခြားသူ အမျိုးသမီးဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်ခဲ့သည်ဆိုသော သတင်းအပေါ် အခြေခံကာ ပေါ်ပေါက်လာသည့် ပြဿနာကို အချိန်မီမထိန်းသိမ်း နိုင်ခြင်းကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းရုံးခန်းများဖျက်ဆီးခံလိုက်ရသည့်အပြင် အပြစ်မဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦး ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ရမှုအတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။
“ကားတွေ ကျွန်တော်တို့ ပို့ထားတယ်။ ဒါပေမဲ့ အဲဒီကားတွေနဲ့ တပ်ဖြန့်တဲ့အခါမှာ အချိန်မီ မဆောင်ရွက်နိုင်ဘူး။ ဘာဖြစ်လို့လဲမေးတဲ့အခါမှာ မနေ့ကအထိ ကျွန်တော်တို့သိတဲ့ သတင်းအရပေါ့။  သူတို့မှာ စက်သုံးဆီ မလုံလောက်လို့ လို့ပြောတယ်။ တစ်ဖက်က စွမ်းအင်ဝန်ကြီးဌာနကို မေးလိုက်တော့ အဲဒီမှာ ဂါလန်သိန်းနဲ့ ချီပြီး ပုံထားတယ်။ အဲဒီနှစ်ခုကြားမှာ ပေါင်းစပ်ညှိနှိုင်းမှုမရှိဘူး။ ဒီလိုသဘောမျိုးတွေရှိတာပေါ့။ ဒါမျိုးကတော့ ပြည်နယ်အစိုးရမှာ တာဝန်ရှိတာပေါ့” ဟု နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အချိန်မီ မထိန်းသိမ်းနိုင်ရခြင်းအပေါ် တုံ့ပြန်ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်များသည် ဒီမိုကရေစီကျင့်စဉ်နှင့် လုံးဝဆန့်ကျင်သော လုပ်ရပ်ဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံး၏ ပုံရိပ်ကိုပါ ထိခိုက်စေသော လုပ်ရပ်ဟု ရှုမြင်သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီအစား လူမျိုး လိမ်နာမည်တစ်ခုကို ထည့်သွင်းရေးသားခွင့်မပြုရေး လှုပ်ရှားမှု၏ ရည်မှန်းချက်သာမက ရခိုင်အမျိုးသားများ၏ သွေးစည်းညီညွတ်မှုကိုပါ ဖျက်ဆီးလိုက်သော ဦးတည်ချက်ဖြင့် ရည်ရွယ်ချက်ရှိစွာ စနစ်တကျ ပြုလုပ်ခဲ့ခြင်းဟု ထင်မြင်ယူဆကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့အတွက်ကြောင့် ရခိုင်ပြည်သူလူထုသည် အဖျက်လုပ်ငန်းများကို သတိကြီးစွာဖြင့် ရှောင်ရှားနိုင်ကြရန် လိုအပ်ပြီး လူတစ်စု၏ ရှောင်တခင်ရုတ်တရက်အကဲဆတ်မှုမှ ပေါ်ပေါက်လာသည့် လှုပ်ရှားမှုများကို အသုံးချကာ ဆူပူမငြိမ်သက်မှုဖြစ်စေရန် ဖန်တီးမှုများ ဆောင်ရွက်ခြင်းများကို ပြင်းထန်စွာ ရှုတ်ချခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် ပဋိပက္ခပေါ်ပေါက်စေနိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ မှားယွင်းသော စီမံခန့်ခွဲမှုများကြောင့် ရခိုင်လူမျိုးများ၏ ပုံရိပ်ဆိုးရွားမသွားစေရန် တာဝန်ရှိသူအစိုးရက အမြော်အမြင်ရှိစွာ ဆောင်ရွက်ကြရန်လည်း ရခိုင်အမျိုးသားပါတီက တိုက်တွန်းထားသည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...