18.6.2014 ရက်နေ့က တင်ခဲ့တဲ့ “ကင်းကင်းရှင်းရှင်း နေကြပါဗျာ” ပို့စ်ထဲက ဗမာဦးဝင်းမြင့် နွားလိမ်ခံရမှု အဆင်ပြေသွားပါပြီ။
ဒိုင်းမွန်းရွှေကြည် ဖုန်းဖြင့်ဆက်သွယ် ညှိနှိုင်းပေးခြင်း သံဃာတော်များက ဖုန်းဆက်မေတ္တာရပ်ခံခြင်းတို့ကြောင့် ရွာသူကြီး ဦးဘိုဘုက အဆင်ပြေအောင် လုပ်ပေးလိုက်တာလို့ သိရပါတယ်။
ကုလားသန်းလွင်ဆီမှ လယ်ထွန်စက်(သိန်း၂၀ခန့်မှန်း)
လယ်လေးဧက(၃၅ သိန်းခန့်မှန်း) နှင့် လမ်းစရိတ် နှစ်သိန်းခွဲရခဲ့တယ်လို့ ဦးဝင်းမြင့်က ဖုန်းဆက်ပြောပါတယ်။
အဆင်ပြေသွားတော့လည်း ရုံးရောက် ဂတ်ရောက် မဖြစ်တော့ဘူးပေါ့ဗျာ။
ကင်းကင်းရှင်းရှင်းနေကြမယ်ဆိုရင် အခုလို ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတောင် ဖြစ်စရာမလိုတော့ဘူးပေါ့။
ဦးဝင်းမြင့် (အလိမ်ခံရသူ) 09.401580132
ဦးသန်းလွင် (လိမ်သူကုလား) 09.256267257
ဦးဘိုဘု (ရွာသူကြီး-မွတ်စလင်မ်) 09.402563203
(18.6.2014 ရက်နေ့က တင်ခဲ့သော ပို့စ်အဟောင်းလေးကိုပါ ပူးတွဲတင်ပြလိုက်ပါသည်)။
“ကင်းကင်းရှင်းရှင်း နေကြပါဗျာ (၃)”
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရွာဟောင်းသာကျေးရွာအုပ်စု၊ လွင်မြတ်မြန်ကျေးရွာမှာ ကိုဝင်းမြိုင်+ အကြင်ကြင်ဝင်းတို့ မိသားစုနေထိုင်ကြတယ်။ ကိုဝင်းမြိုင်က အသက် ၄၀ ကျော်၊ သူနဲ့အတူနေတဲ့ မိသားစုဝင်က (၈)ဦး စားအိုးကကြီးကြီး လုပ်အားကငယ်ငယ် ခက်ခက်ခဲခဲနဲ့ ဘဝကို ရုန်းကန်ရင်ဆိုင်ဖြတ်သန်း နေကြသူတွေ။ ယာကလေး ကိုင်းကလေးလုပ်လိုက်၊ ကြုံရာကျပန်းအလုပ်တွေလုပ်လိုက်နဲ့ စားဝတ်နေရေးကို အလျှဉ်းသင့်သလို ဖြေရှင်းနေကြရတဲ့ ရိုးရိုးသားသား တောသူတောင်သားတွေပါ။
တစ်နေ့မှာတော့ ကိုဝင်းမြိုင်မိသားစုဟာ မဖိတ်ခေါ်တဲ့ကြမ္မာ ငင်လာတော့မှာကို ကြိုတိုင်သိရှိ မထားကြပါဘူး။ မပေါင်းသင့် မပေါင်းအပ်တဲ့လူကို ပေါင်းမိသင်းမိတဲ့အခါမှာ ဒီလိုကြမ္မာဆိုးတွေ ရောက်လာမယ်ဆိုတာ ကြိုတင် သိရှိ ရှောင်ရှားနိုင်ရင်ဖြင့် အခုလို အဖြစ်မျိုး ဖြစ်မှာမဟုတ်ပါဘူး။
တစ်နေ့။ ထိုတစ်နေ့ဆိုတာက(26.4.2014) ရက်နေ့ မိုးကခေါင် ရေးကရှား လယ်သမား ကိုင်းသမား ကိုဝင်းမြိုင် ဝမ်းရေးပူဆာ မနေသာလို့ လယ်ကလုပ်မရ၊ ကိုင်းက ကိုင်မရဖြစ်ရတဲ့အထဲ မြွေပူရောက်ကင်းမှောက် အမျိုးသမီးဖြစ်သူက ကျန်းမာရေးမကောင်း အကြောင်းကြောင်းတွေကြောင့် သူ့မှာရှိတဲ့ နွားကလေးတွေကို ရောင်းရဖို့ အကြောင်းဖန်လာပါတယ်။
ဒါနဲ့ ကိုဝင်းမြိုင်တို့ လွန်မြတ်ပြန်ရွာမှာနေကြတဲ့ လူခုနှစ်ယောက်နဲ့အတူ နတ်မောက်မြို့နယ် လင်းအိမ်ရွာဈေးကို နွားကလေးတွေဆွဲလို့ သွားကြပါတယ်။ နွားဈေးက (၅)ရက်တစ်ကြိမ်ဖွင့်တဲ့ နွားဈေးပါ။ နွားရောင်းသွားတဲ့ ကိုဝင်းမြိုင်တို့ လူ(၈)ယောက်အုပ်စုမှာ နွားအုပ်က အကောင်(၂၀)ပါတယ်။ နွားဈေးကိုရောက်တော့ နွားရောင်းရ မရောင်းရ မသေချာသေးပေမယ့် ကိုဝင်းမြိုင်တို့ကတော့ နွားဈေးစနေတိုင်ကို နွားတစ်ကောင် ၃၅၀၀ိ/- နွားဈေး အပိုင်ရဲစခန်းကို နွားတစ်ကောင် ၁၀၀၀ိ/ အခွန်ဆောင်ပြီး နွားတွေချည်၊ ရေ၊ မြတ် ကျွေးပြီး ဝယ်သူအလာ မျှော်ရင်း စောင့်ဆိုင်းနေခဲ့ပါတယ်။
အဖွဲ့မှာပါတဲ့ နွားအကောင် ၂၀ မှာ ကိုဝင်းမြိုင်ပိုင်တာက နွား ၉ ကောင်၊ ဝယ်ယူသူတွေကြားမှာ ကိုဝင်းမြိုင်က ပြဿနာဖြစ်မဲ့သူကိုမှ မှားယွင်းစွာရွေးချယ်ပြီး ရောင်းလိုက်မိပါတယ်။ သူ့နွား ၉ ကောင်ကို ၆၆ သိန်း ၆ သောင်းနဲ့ မွတ်စလင်ကုလားကို ရောင်းဖို့ ဈေးဆိုင်မိခဲ့တာပါပဲ။ အဲ့ဒီကုလားအမည်က သန်းလွင်၊ နေတာက မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာမမှာ နေတာ။ အဲ့ဒီကုလားကိုင်တဲ့ တယ်လီဖုန်းက 09.256267257 ကုလားက အပြောကောင်းတယ် ကိုဝင်းမြိုင်လို ရိုးရိုးအအ တောသူတောင်သားကို တစ်ပတ်မက လည်အောင် လှည့်နိုင်တဲ့ ကုလားက သူ့မှာ လယ်တွေအများကြီးရှိတာ။ နွားလိုလို့ လာဝယ်တာလို့ ပြောပါတယ်။ ကိုဝင်းမြိုင်လည်း သူ့သံယောဇဉ်ရှိတဲ့နွားကလေးတွေကို သတ်မယ့်သူမဟုတ်ပဲ လယ်လုပ်မယ့်သူ လက်ထဲ ရောင်းလိုက်ရမှာလို့ပြောတော့ ကိုဝင်းမြိုင်က ဈေးတောင်လျှော့ပေးခဲ့သေးတယ်။ ဒါဟာ ကြမ္မာငင်တဲ့ ကိုဝင်းမြိုင်ရဲ့ ဇာတ်လမ်းအစပါပဲ။
ကိုဝင်းမြိုင်မသိတာက ကုလားဟာ လိမ်ညာလှည့်ဖြားပြီး ကိုဝင်းမြိုင်ကို သနားအောင်ပြော နွားဈေးကို မတန်တဆ စစ်ပြီး ပညာသားပါပါ လိမ်တော့မယ်ဆိုတာကိုပါပဲ။ အဲဒီနေ့ နွားဈေးကပြန်တော့ နွား၉ကောင်ကို မောင်းသွားတဲ့ ကုလားသန်းလွင်က ကိုဝင်းမြိုင်ကို စရံအဖြစ် ငွေ ၆၀၀၀၀ သောင်းပဲ ပေးခဲ့တယ်။
ရိုးသားတဲ့ တောသားကိုဝင်းမြိုင်ကို တစ်ရက်နှစ်ရက်နေရင် ကျန်ငွေများ အကုန်ပေးမယ်ဆိုပြီး ချွေးသိပ်ကာ နွားတွေ ဆွဲပြန်သွားတဲ့ကုလား။ ကိုဝင်းမြိုင်ဟာ 28.4.2014 ရက်နေ့မှာ ကုလားနေတဲ့ ယင်းတော်ရွာမကို လိုက်သွားပါတယ်။ သွားတုန်းက တက်တက်ကြွကြွ လမ်းစရိတ် စားစရိတ်ကို ခေါ်သွားတဲ့အဖော်အတွက်ကိုပါ ကိုဝင်းမြိုင်က ဒကာခံခဲ့ရတာပါ။ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ကိုဝင်းမြိုင်၊ အိမ်က မိန်းမက ငွေလိုကြောင်း အထပ်ထပ်အခါခါပြော၊ သေသေချာချာ မှာလွှတ်လိုက်တာကို နားထဲမှာ အခါခါကြားနေတဲ့ ကိုဝင်းမြိုင် ကုလားနေတဲ့ရွာရောက်တော့ အမောဆို့သွားပါတယ်။ ကိုဝင်းမြိုင်ရဲ့ နွားတွေကို လယ်လုပ်ဖို့လို့ပြော ပြီး ဝယ်သွားတဲ့ကုလားက သူ့နွားတွေကိုသတ်ပြီး မိတ္ထီလာမြို့နယ်က နွားသတ်ရုံပိုင်ရှင် ဦးကာစိန်ဆီကို အသားသွင်းလိုက်ပြီလို့ ပြောလို့ပဲ ဖြစ်ပါတယ်။
အင်း မထူးပါဘူးလေဆိုပြီး နွားတွေရဲ့ ကြမ္မာကို စိတ်မကောင်းဖြစ်နေတဲ့ ကိုဝင်းမြိုင်ဟာ ကုလားသန်လွင်နဲ့ အတူတူ မိတ္ထီလာက နွားသတ်ရုံပိုင်ရှင် ကုလားကာစိန်ဆီကို သွားကြတယ်။ ကုလားကာစိန်က ကိုဝင်းမြိုင်ကို “ဟုတ်တယ် သန်းလွင်က သူ့ဆီမှာ အသားသွင်းထားတဲ့ငွေ သိန်း(၅၀)လောက် ရစရာရှိတယ်။ အခုတော့ ငွေ အဆင်မပြေသေးလို့ တစ်ရက်နှစ်ရက်လောက် စောင့်ရန်ပြောပါတယ်။ သူ့အနေနဲ့ မကြာခင် နတ်မောက်က နွားဈေးကိုလာဦးမှာ” လို့ ပြောပြီး ချွေးသိပ်လွှတ်လိုက်လို့ ကိုဝင်းမြိုင်တို့ ပြန်ခဲ့ရပါတယ်။
ဧပြီ ၃၀ ရက်နေ့ ကိုဝင်းမြိုင် နွားဈေးကိုသွားတယ်။ ကုလားကာစိန်နဲ့တွေ့တယ်။ ကုလားသန်းလွင် ဒီတစ်ခါ တော့ နွားဈေးကိုလာတာ မတွေ့ရပါဘူး။ ကာစိန်က နွားဈေးမှာတွေ့တော့ သန်းလွင်ဆီက ငွေရစရာရှိတဲ့ကိစ္စ သူနဲ့ဘာမှမဆိုင်ဘူးလို့ငြင်းတယ်။ ကိုဝင်းမြိုင်ကလည်း သန်းလွင်ဆီဖုန်းဆက် သန်းလွင်က ၁၅ ရက်လောက်နေ မှ ပြန်လာပါဆိုလို့ ရွာကို ၁၅ ရက်လောက်နေမှ သွားတော့လည်း ကုလားသန်းလွင်က ရှောင်နေတယ်။ ဖုန်းပြန်ဆက်တော့ ၁၀ ရက်လောက် စောင့်ပါဦးတဲ့။ ၁၀ ရက်လောက်ကြာတော့ ကုလားသန်းလွင်တို့ရွာကို ကိုဝင်းမြိုင် တတိယအခေါက် ထပ်ရောက်ခဲ့ပါတယ်။ သန်းလွင်မရှိဘူးဆိုလို့ ရွာထိပ်ကားလမ်းဘေးမှ လက်ဘက် ရည်ဆိုင်မှာထိုင်နေတုန်း သန်းလွင်ဆီက ပိုက်ဆံရစရာရှိတာ သူနဲ့မဆိုင်ဘူးဆိုတဲ့ မိတ္ထီလာက ကုလားကာစိန် တစ်ယောက် ကားနဲ့ရောက်လာပါတယ်။ ပြီးတော့ လေပြေလေးနဲ့ချော့မော့ပြီး ကိုဝင်းမြိုင်ကို အိမ်ပြန်ဖို့ ပြောဆို ခဲ့ပါတယ်။
ဒီကြားထဲ ကုလားကာစိန်နဲ့ နွားဈေးထဲမှာတွေ့တော့ ကိုဝင်းမြိုင်ရဲ့သားကို ကာစိန်က ငွေ ၆၀၀၀၀၀ိ/ သိန်း ပေးလိုက်ပါတယ်။ အဲဒါက 24.5.2014 ရက်။
နောက်ထပ် ရက် ၂၀ လောက်ကြာတော့ ကုလားသန်းလွင်နဲ့ ကိုဝင်းမြိုင် အဆက်အသွယ် ထပ်ရပါတယ်။ 6.6.2014 ရက်နေ့မှာပါ။ နွားဈေးကိုသွားပြီး ကုလားကာစိန်ဆီက ငွေတောင်းယူခိုင်းတယ်။ ကာစိန်က ငြင်းပါတယ်။ ဒါကြောင့် 8.6.2014 ရက်နေ့မှာ ကိုဝင်းမြိုင်တို့ ယင်းတော်ရွာမသို့ စတုတ္ထအကြိမ် ခရီးထွက်ခဲ့ ကြပါတယ်။ ကုလားသန်းလွင်အိမ်ရှေ့ရောက်တော့ ကိုဝင်းမြိုင်က ဖုန်းဆက်တယ်။ ဖုန်းမကိုင်ဘူး။ လူထွက်လာပြီး မရှိဘူးလို့ပြောတယ်။ ဒါနဲ့ ကိုဝင်းမြိုင်လည်း ၁၀ အိမ်မှူးဆိုတဲ့ ကိုသိန်းရှိရာကို သွားတော့ ရပ်ကွက်ရုံးကို ခေါ်သွားပါတယ်။ မွတ်စလင်တွေ ကြီးစိုးတဲ့ရွာဆိုတော့ အားလုံးကလည်း ကုလားတွေချည်းပဲ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ရပါတယ်။ ရပ်ကွက်လူကြီးက ဦးဘိုဘုလို့ ပြောပါတယ်။ ရပ်ကွက်လူကြီးဖုန်း ဆက်တော့ သန်းလွင်နဲ့ ဖုန်းရပါတယ်။ ကိုဝင်းမြိုင်တို့ရဲ့ အခက်အခဲတွေ ပြောထားလို့ သိနေတဲ့ ရပ်ကွက်လူကြီး က ငွေ ၃၀၀၀၀၀ိ သိန်းကို ရုံးလာပို့ဖို့ သန်းလွင်ကိုပြောပါတယ်။ သန်းလွင်အိမ်က နီလွင်ဆိုတဲ့ကုလားက ငွေ ၂၀၀၀၀၀ိ သိန်းပဲ ရုံးကို လာပို့ပါတယ်။ ဒါနဲ့ ကိုဝင်းမြိုင်တို့အဖွဲ့လည်း ငွေ ၂၀၀၀၀၀ိ သိန်းကို လက်ခံယူ ရပ်ကွက်ရုံးက မှတ်တမ်းစာအုပ်မှာ မှတ်တမ်းရေးပြီး ရွာကိုပြန်ခဲ့ကြပါတယ်။
ဒီနေ့အထိ စာရင်းချုပ်လိုက်ရင် ကိုဝင်းမြိုင်တို့ ယင်းတော်သို့ လိုက်သွားတဲ့ စရိတ်စက ဟာ (၁၀) သိန်းလောက် ရှိသွားပြီဖြစ်ပါတယ်။ နွား၉ကောင် ကုလားကိုရောင်းလိုက်လို့ ရထားတဲ့ငွေက အားလုံးပေါင်းပါမှ ၈ သိန်း ၆ သောင်းပဲ ရှိပါသေးတယ်။ နွားရောင်းရငွေနဲ့ ဆေးကုရမဲ့ အမျိုးသမီးက အိမ်မှ တငိုငို တရီရီနဲ့ သည်းခြေ ပျက်တယ်လို့တောင် ရပ်ရွာက ပြောနေကြပါပြီ။ သို့သော်လည်း ကုလားနဲ့ အရောင်းအဝယ်လုပ်မိတဲ့ မကွေးက ကိုဝင်းမြိုင်ကတော့ ငွေရရေးကို နည်းလမ်းရှာကြံ ဆောင်ရွက်နေရဆဲပဲ ဖြစ်ပါတယ်။
နွားဖိုးငွေကို လိမ်လည်ပြီး ရှောင်တိမ်းနေတဲ့ ကုလားကတော့ ယင်းတော်ရွာမ မှာ နှစ်ထပ်တိုက်နဲ့ ခြံထဲမှာလည်း နွားက ၆/၇ ကောင် လယ်ထွန်းစက် နှစ်စီးနဲ့ ယင်းတော်နားမှာ လယ်ဧက ၈၀ လောက် ပိုင်ဆိုင်ထားတဲ့သူလို့ စုံစမ်းသိရှိရပါတယ်။
စုံစမ်းရန်-ကိုဝင်းမြိုင်-09.33238185/09.401580132