Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သမိုင်း၏ တရားခံ (အပိုင်း-၇)” ဝီရသူ(မစိုးရိမ်)

$
0
0
အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12



“လူဘုန်းကြီးနှင့် ဘုန်းကြီးလူ”
ကျွန်ုပ်တို့ မန္တလေးမြို့၌ ဓမ္မကထိကသင်တန်းတစ်ခုရှိလေသည်။ ရှင်ဥတ္တမကျော်လူထွက်၊ လူပျံတော် ဦးဥုတ်ကျော်ပို့ချသော သင်တန်းဖြစ်၏။ ထိုသင်တန်း၌ ဦးဥုတ်ကျော်ပို့ချနေစဉ် တစ်နေ့တွင် ရဟန်းတော် နှစ်ပါး စာရွက်လာဝေလေသည်။ ထိုစာရွက်မှာ ခရစ်ယာန်တို့အား မေးထားသော မေးခွန်း ၂၂ ချက်ဖြစ်လေသည်။ မေးသူက ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ရောက်ရှိပြီး ရဟန်းဝတ်နေသူဖြစ်ပြီး၊ အမေးခံရသူက သူ၏ ဖခင်ဖြစ်လေသည်။ ထိုစာရွက်များကို သင်တန်းသား ရဟန်းတော်များအား ဝေသွားကြခြင်းဖြစ်ပေသည်။ ဦးဥုတ်ကျော်ကိုယ်တိုင်လည်း ဘာမျှမသိလိုက်ရပါ။ နောက်တစ်နေ့၌ မြို့နယ်သံဃနာယကအဖွဲ့က ဦးဥုတ်ကျော်တို့ကို ဆင့်ခေါ်ကာ ပရိသတ်များရှေ့တွင် လက်မှတ်ထိုးခိုင်းလေသည်။ ဦးဥုတ်ကျော်က “မထိုးနိုင်ပါ။ တပည့်တော် ဝေတာမဟုတ်ပါ၊ ဝေသည့်ကိုယ်တော်များကို ခေါ်ပေးပါမည်” ဟု လျှောက်လေ သည်။ မြို့နယ်သံဃနာယကအဖွဲ့က အာဏာဖီဆန်ရကောင်းလားဟု အပြင်းအထန် ခြိမ်းခြောက်ပါသည်။ ဦးဥုတ်ကျော်က “ဖမ်းလျှင်လည်း ဖမ်း၊ ပိတ်လျှင်လည်းပိတ်၊ တပည့်တော် ဖြန့်ဝေတာ မဟုတ်၍ မထိုးနိုင်ပါ” ဟု ထပ်လျှောက်လေသည်။ ထိုအချိန်၌ လူ့အဖွဲ့အစည်း သံဃာ့အဖွဲ့အစည်း စုံညီနေရာ မြို့နယ် သံဃာ့နာယက အဖွဲ့က ဌာနတာဝန်ခံများကို ဦးဥုတ်ကျော်ကို ဖမ်းချုပ်ဖို့ အမိန့်ပေးလေသည်။ လူ့အဖွဲ့အစည်းများကလည်း သာသနာရေးကိစ္စဖြစ်နေ၍ ဆင်ခြင်ရပေရာ အရမ်းကာရော မလုပ်ရဲကြပေ။ ထိုအချိန်မှစ၍ မြို့နယ် သံဃနာယက အဖွဲ့သည် ဦးဥုတ်ကျော်အပေါ် အငြိုးထားလေသည်။ နောက်နှစ် သင်တန်းကာလ ပြန်စဖို့ ခွင့်ပြုချက်လျှောက်သည့်အခါ သံဃနာယကအဖွဲ့က မချပေးတော့ပေ။ မြို့နယ် အာဏာပိုင် လူ့အဖွဲ့အစည်းများ က ခွင့်ပြုမှ သူတို့ကလည်း ခွင့်ပြုမည်ဟု ညစ်ပတ်ထားလေသည်။ ဤသို့ဖြင့် ဤအမှုသည် ကျွန်ုပ်ထံသို့ ရောက်လာရာ မြို့နယ် သံဃနာယကနှင့် သွားတွေ့ပါသည်။ ကျွန်ုပ်က “သာသနာရေးကိစ္စမှာ သံဃာ့ အဖွဲ့ အစည်းက အဓိကဖြစ်ပါလျက်၊ လူ့အဖွဲ့အစည်းကို ပုံချတာဟာ အဓိပ္ပါယ်မရှိကြောင်း၊ ပြောင်းပြန်ကြီး ဖြစ်နေ ကြောင်း” လျှောက်ထားရာ ဝန်ခံလေသည်။ သို့သော် ခွင့်မပြုနိုင်ဟု အကြပ်ကိုင်လေသည်။
ဤသို့ဖြင့် မယကနှင့် ထောက်လှမ်းရေးအား အကူအညီတောင်းရာ ၄င်းတို့က မြို့နယ် သံဃနာယက သည် အစိုးရနှင့် သံဃာထုကို တိုက်ပေးနေသည်ဟုဆိုကာ ဖြုတ်ချမည် လုပ်လေသည်။ ထိုအခါကျမှ မြို့နယ် သံဃနာယကအဖွဲ့က ဓမ္မကထိကသင်တန်းကို ခွင့်ပြုချက်ပေးလေသည်။ ရာထူးပြုတ်မှာတော့ ကြောက်ကြ၏။ ဓမ္မအန္တရာယ်အတွက်ကြောင့် အပါယ်ငရဲလားမှာတော့ မကြောက်ကြပေ။
(နေ့စဉ် တင်ပြသွားပါမည်။)

Viewing all articles
Browse latest Browse all 2129

Trending Articles